KNU ညီလာခံ နှင့် အိမ်ကွင်း၊ အဝေးကွင်း

Sunday, November 4, 2012

 
~







ပြည်တော်မြင့် ~

ဗဟိုကော်မတီအစည်းအဝေး (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
နယ်စပ်ဒေသမှ သက်တမ်းရင့် KNU အဖွဲ့ကြီးက ယခုလ ၂၆ ရက်နေ့တွင်  ညီလာခံကျင်းပတော့မည်ဖြစ်သည်။

၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပမည့်နေရာနှင့်ပတ်သက်၍ ခေါင်းဆောင်များအကြား ၀ိဝါဒကွဲပြားနေမှုကို မဲခွဲဆုံးဖြတ်ခဲ့ကြသည်။   

ညီလာခံလုပ်မည့်နေရာ ရွေးချယ်ခြင်းသည် အရေးပါသည့်ကိစ္စမဟုတ်ဟု ပြင်ပပုဂ္ဂိုလ်တို့က ယူဆဖွယ် ရှိကြောင်း၊ သို့သော်လည်း နေရာရွေးမှုသည်  ဘော်လုံးစကားဖြင့်ပြောမည်ဆိုပါက အိမ်ကွင်း၊ အဝေးကွင်း သဘောမျိုး ရှိကြောင်း သိရသည်။

မဲခွဲရာတွင် ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ကျင်းပမည့်ဘက်က ၁၅ မဲ၊  ဖာပွန်ခရိုင်ရှိ သေကော်ထာ့ တပ်စခန်းတွင် ပြုလုပ်လိုသည့်ဘက်က ၁၂ မဲ ရခဲ့သည်ဟု ခရိုင်ဥက္ကဋ္ဌတဦးက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဘားအံဒေသတွင် ညီလာခံလုပ်လိုသူဖြစ်ကြောင်း သိရသည်။

မဲခွဲမှုကိုဗုဒ္ဓဟူးနေ့က စတင်ခဲ့သည့်  အစည်းအဝေး ပထမနေ့တွင် သဘာပတိ KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောနှင့်   ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဤအစည်းအဝေးသည် လက်ရှိ ဗဟိုကော်မတီ၏ နောက်ဆုံးအစည်းအဝေး ဖြစ်သည်။

ဗဟိုကော်မတီ ၃၆ ဦး ရှိသည့်အနက် အစည်းအဝေးသို့  ၂၇ ဦး တက်ရောက်နေကြသည်။ KNU လက်အောက်ခံ ဌာန ၁၄ ခု၏ အစီရင်ခံစာများကို တင်ပြ ဆွေးနွေးလျက်ရှိပြီး၊ အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာများနှင့် အခြေခံမူ လမ်းစဉ်များကို ဆွေးနွေး ညှိ နှိုင်းကြမည်ဖြစ်သည်။
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved