သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂ဝ၁၂ခုနှစ်၊ အောက်တိုဘာလ(၃ဝ)ရက်နေ့ နံနက်တွင် ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း(အထက်)ရှိ “ဓမ္မရံသီဓမ္မရုံ”၌ ၃၅လမ်းလမ်းသား/သူများ၊ မိဘ ပြည်သူ အလှူရှင်များတို့မှ စုပေါင်းကာ လူမှုရေးအသင်း အဖွဲ့များဖြစ်သော နာရေး ကူညီမှု အသင်း (ရန်ကုန်)နှင့် (၈၈) မျိုးဆက် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက်အလှူငွေ (၆) သိန်းကျပ်နှင့် ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် (၁ဝ) သိန်းကျပ် စုစုပေါင်း (၁၆) သိန်းကျပ်တိတိအား လှူဒါန်း
ပေးအပ်ခဲ့ရာ နာရေးကူညီမှု အသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီးကချင်ပြည်နယ် ဒုက္ခသည်များထံသို့ ကိုမင်းကိုနိုင် (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့မှ တဆင့် အလှူငွေ (၁ဝ)သိန်းကျပ် တိတိတို့အား အသီးသီး လှူဒါန်းခဲ့ကြပါသည်။
အဘိဓမ္မာအခါတော်နေ့ရက်တွင် ယခုကဲ့သို့ ကောင်းမှုမြတ်ဒါနများကို ပြုလုပ်ကြသော ၃၅ လမ်းမိဘ
ပြည်သူ အလှူရှင် အပေါင်းတို့အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ ရခိုင် ပြည်နယ်ရှိ တိုင်းရင်းသားများ ကိုယ်စား သာဓုခေါ်ဆို လိုက်ရပါသည်။
0 comments :
Post a Comment