မြန်မာပြည်ကို ရောက်နေခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် ကလစ်ဖ်ရစ်ချတ်

Thursday, November 1, 2012

ပန်းရဲ့လမ်း လူမှုကူရက်အဖွဲ့ရဲ့ အမှတ်အသားနဲ့အတူ ကလစ်ဖ်ရစ်ချက်ကို သန်လျင်မြို့မှာ တွေ့ရစဉ် (ဓာတ်ပုံ – ပီတာအောင်/ ပန်းရဲ့လမ်း)

ကမ္ဘာကျော် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် တယောက် မြန်မာပြည်ကို တိတ်တဆိတ် ရောက်ရှိနေတာ ၁၀ ရက်ရှိနေပြီဖြစ်ပြီး ဒီကနေ့မှာတော့ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ်။ 

အသက် ၇၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ကလစ်ဖ်ရစ်ချက်ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ရန်ကုန်ကို အလည်အပတ် စတင် ရောက်ရှိလာတာ ဖြစ်ပြီး ပုဂံ၊ အင်းလေး စတဲ့ ဒေသတွေကို လည်ပတ်ခဲ့ပါတယ်။

ယမန်နေ့ကတော့ ရန်ကုန်မှာ တနေ့တာ လည်ပတ်ဖို့ အစီအစဉ်ရှိတယ်လို့ သူ့ခရီးစဉ်ကို စီစဉ်ပေးတဲ့ Tour Mandalay ကတဆင့် သိရပါတယ်။ 

ရှိရင်းအသက်ထက် အတော်လေး နုနယ်ပုံရတဲ့ ကလစ်ဖ်ရစ်ချက်နဲ့ သူ တည်းခိုရာ Governor ဟိုတယ်မှာ ဧရာဝတီ သတင်းထောက် တချို့နဲ့ ခဏတာ တွေ့ဆုံခဲ့ရပေ မယ့် ကျောက် ကပ်ဝေဒနာ ခံစားနေရလို့ သီးသန့် အင်တာဗျူးတော့ မပေးနိုင်ဘူးဆိုတဲ့ အကြောင်း၊ ဝေဒနာကြောင့် အခန်းထဲမှာပဲ နားနေရတယ် ဆိုတဲ့အကြောင်း သူက ရှင်းပြ ပြောဆိုခဲ့ပါတယ်။ 

မြန်မာပြည်လာတဲ့ ကလစ်ဖ်ရစ်ချက်တို့ အဖွဲ့ထဲမှာ ၄ ဦးပါဝင်ပြီး အားလုံး အသက် ၇၀ ကျော်အရွယ်တွေလို့ သိရတယ်။ အဲဒီထဲက တယောက်က မြန်မာသွေး အနည်းငယ် ပါတဲ့ အမျိုးသမီးကြီး တဦးဖြစ်တယ်လို့ လည်း ဆိုပါတယ်။ 

တိတ်တိတ်လေး မြန်မာပြည်ကို ရောက်နေတဲ့ ကလစ်ဖ်ရစ်ချတ်နဲ့ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း စာ မျက်နှာမှာ အေးချမ်းမြေ့ရဲ့ "ကမ္ဘာကျော် အင်္ဂလိပ် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် မြန်မာပြည် ရောက်" ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်ရှု့နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved