သမ္မတ ဦးသိန်းစိန်လည်း ငြိမ်းချမ်းရေး ဆု တခု ရရှိ

Tuesday, November 27, 2012

 သမ္မတဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြေရှင်းရေးအဇွဲ့တခုဖြစ်သည့် International Crisis Group - ICG က  In Pursuit of Peace အမည်ရ ဆု ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါ တယ်။ 

ICG က လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာတော့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တွင် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြီး ဆုရရှိသူတွေကို ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ 

ဆုရရှိသူတွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း မစ္စတာ  Luiz Inácio Lula da Silva တို့ အား ထိုနေ့မှာ ညစာစားပွဲနဲ့အတူ ဂုဏ်ပြုဆုချီးမြှင့်မှာဖြစ်ပါတယ်။ 

ဒီဆုဟာ  လူသန်းပေါင်းများစွာကို အမြင်ကျယ်တဲ့ ခေါင်းဆောင်မှုနဲ့ပဋိပက္ခတွေအဆုံးသတ်ရေး ကမ္ဘာကတိ က၀တ်ကို အကောင်အထည်ဖော်တဲ့ အစိုးရ၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံသားဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်တွေကို ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။ 

နိုင်ငံပိုင် သတင်းစာကလည်း  သမ္မတ ဆုရရှိခြင်း သတင်းကို အောက်မှာ ဖော်ပြသည့်အတိုင်း ဘာသာပြန်ဆို ဖော်ပြထားပါတယ်။


2 comments :

  1. tayzaraung said... :

    အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်သမ္မတကြီးခင်ဗျား။

  1. Unknown said... :

    ဆုသွားမယူခင် ကချင်ကိစ္စလေးဖြတ်

    သွားပေးပါအုံး။အားကိုးပါ တယ်။သမ္မတ ကြီး ခင်ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved