ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယကို စိတ်ပျက်ခဲ့ကြောင်းပြော

Thursday, November 15, 2012




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ယမန်နေ့က ပထမဆုံးသမ္မတ ဖြစ်သည့် မစ္စတာ ဂျဝါလာဟာ နေရူးမွေးနေ့ ၁၂၃ နှစ်မြောက်မွေးနေ့မှာ မိန့်ခွန်း တရပ်ပြောခဲ့ပါတယ်။ 



အဆိုပါ မိန့်ခွန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ပါတယ်။ 

“I was saddened that India had mmoved away from us” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြော လိုက်တာပါ။ 



တကယ်လည်း အိန္ဒိယဟာ အစောပိုင်း မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ မှာ ရှေ့တန်းကနေ အားပေးထောက်ခံခဲ့ရာမှ နောက်ပိုင်း အရှေ့မျှော် မူဝါဒနဲ့ အညီ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို ထောက်ခံမှု အားနည်းသွားခဲ့ပြီး မြန်မာစစ်အစိုးရနဲ့ အနီးကပ်ဆက်ဆံမှုတွေ လုပ်လိုက်လို့ အဲသည်လို ပြောဆိုလိုက်တာပါ။ 





 ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံရဲ့ ကွန်ဂရက်အိုင်ပါတီ ဥက္ကဌ မစ္စ ဆိုနီယာ ဂန္ဓီရဲ့ဖိတ်ကြားမှုနဲ့ ၅ ရက်တာ ခရီးစဉ်အတွင်း မဟတ္တမ ဂန္ဓီနှင့် နေရူးတို့ရဲ့ ဂူဗိမ္မာန်တို့ကိုလည်းသွားရောက် ဂါရ၀ ပြုခဲ့ပါတယ်။


  

ဆက်စပ်သတင်း

အိန္ဒိယကို စိတ်ပျက်ခဲ့မိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော 

1 comments :

  1. Anonymous said... :

    daw su said the truth. she disppointed india about lack of suport for mmr democracy. she never hide about that.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved