အိုဘားမားကို ကြိုဆိုခြင်းနှင့်ကန့်ကွက်ခြင်း

Monday, November 12, 2012

~



(ဓာတ်ပုံ -  ဂျေပိုင်/ဧရာဝတီ)

ရန်ကုန် ကန်တောင်ကြီးစောင်းက  ချက်ထရီယံ ဟိုတယ်နားမှာ ဆွဲထားတဲ့ အိုဘားမား ဂရပ်ဖတီပုံဟာ ၂၄ နာရီ မပြည့်ခင်မှာပဲ မှုတ်ဆေးနဲ့ ဖျက်တာ ခံလိုက်ရပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာ ခုထိ မသိရသေးပါဘူး။

ဆွဲတဲ့သူကတော့ ကိုအာကာကျော် ဖြစ်ပါတယ်။

ဆွဲချိန်  - တနင်္ဂနွေ မနက် ၃း၀၀ မှ ၅း၀၀ အတွင်း
ဖျက်ခံရချိန် - ည ၉း၀၀
“ကျနော်ကိုယ်တိုင် ဆွဲထားတာပါ။ အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားတာပါ။ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဆွဲထားတာကို အဖျက်ခံလိုက်ရတော့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျနော်ဆွဲထားတဲ့ ပုံတပုံတည်း ဖြစ်တာ ကျန်တဲ့ ပုံတွေရှိတယ်ဗျ။ အခွင့်အရေးရှိသေးရင် ထပ်ဆွဲဦးမယ်” လို့ ကိုအာကာကျော်က ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

အဖျက်မခံရခင်က တွေ့ရတဲ့ အိုဘားမားဂရပ်ဖ်တီ  (ဓာတ်ပုံ - Reuters)

အိုဘားမားပုံ
Welcome Obama စာသား
မြန်မာပြည်အလံက ကြယ်ပုံ
အမေရိကန်အလံ ကြယ်ပုံ 
တို့ကို ဆေးမည်းနဲ့ မှုတ်သွားတာပါ။

ပန်းချီဆွဲတဲ့ရက်စွဲ၊ ပန်းချီဆွဲတဲ့အဖွဲ့နာမည်တို့ကိုတော့ ဖျက်မသွားပါ။
အိုဘားမားခရီးစဉ်ကို လက်မခံသူတဦးရဲ့လက်ချက်လည်း ဖြစ်နိုင်ပါတယ်။
အိုဘားမား လာတာ မကြိုက်တဲ့ ငါ့အတွက်တော့ ဒီပုံဟာ “မင်္ဂလာ” ပါ လို့ တယောက်က မှတ်ချက်ပြုပါတယ်။

(Night အဖွဲ့က သမ္မတဦးသိန်းစိန်ရဲ့ပုံကိုလည်း ရန်ကုန်မြို့ တနေရာမှာ ဂုဏ်ပြု ရေးဆွဲခဲ့ပါသေးတယ်။ ဦးသိန်းစိန်ပုံတော့ ဒီကနေ့ ဘယ်လိုအခြေအနေ ရှိမယ် မသိရပါ။)

အိုဘားမားတည်းမယ့်ဟိုတယ်ကို ဂူဂဲလ်မြေပုံမှာ အခုလို တွေ့ရပါတယ်
အိုဘားမားကိုကြိုဆိုတဲ့ဂရပ်ဖ်တီ အဖျက်ခံရကြောင်း မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံ ဒီမနက်  ဧရာဝတီဖေ့စ်ဘုတ်မှာ ဖော်ပြလိုက်တော့ စာဖတ်သူ အများအပြားက မှတ်ချက် ရေးကြပါတယ်။

အဲဒီထဲက တချို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

- နဂိုဆွဲထားတာလေးကို ဓါတ်ပုံ ရှာပြီးသိမ်းထားလိုက်ပါဦးမယ်ဗျာ။ စိတ်ထားလေးတွေပြင်ကြဖို.မျော်လင်.မိပါတယ်။ ဖျက်လိုဖျက်စီးလုပ်တတ်တဲ.သူတွေ စိတ်ထားမပြောင်းသရွှေ.တော. ဒီလိုမျိုးတွေဆက်ဖြစ်နေဦးမှာပဲ ။ နောက်တစ်ခုက ကျီးမနိုးပွဲကိစ္စပါ ။ ပေါက်ကရတွေလျောက်လုပ်ရင်း အပျော်ကနေအပျက်ဖြစ်ဖြစ်သွားတာတွေအများကြီးပါ။ နောက်တစ်ခုကစိတ်ဓါတ် ရေအိုးစင်မှာရေခွက်တွေ ဖျောက်ပစ်တယ်၊ အများသုံးအိမ်သာတွေမှာညစ်ပါတ်တယ်(နံရံမှာလျောက်ရေးခဲ.တယ်)။။ နောက်ကွမ်းစားသူတွေရောဗျာ ရေသန်.ဘူးသေးသေးလေးတစ်ခုဆောင်ပြီးတွေ.ရာနေရာမထွေးပဲ အဲ.ထဲထွေးကြရင်ကောင်းမှာပါ။ မနက်ခင်းအစောကြီးနိုးရင်တွေ.မိတာကလမ်းထိပ်မှာအမှိုက်တွေပုံတဲ.ကိစ္စပါ ။ စည်ပင်ကရှင်းတာရှင်းပေမဲ. အမှိုက်ပုံနီးရင်ကိုယ်တိုင်အမှိုက် ပုံဆီသွားစွန်.ပစ်သင်.တယ်ထင်ပါတယ် ။ အမှိုက်ပုံးတွေကိုများများမထားပေးဘူး ။လူတွေကလဲအမှိုက်ကိုတွေ.တဲ.နေရာပစ်တယ် ။အမှိုက်ပုံးများများထားလဲအဲ.ဒီပုံးကို လက်ယားပြီးဖျက်ဆီးချင်တဲ.သူတွေကလဲရှိချင်ရှိလာမှာပါ ။။။ ဒီမိုကရေစီလဲရနေပါပြီ စိတ်ဓါတ်လေးတွေပြင်ကြရအောင်

- ဖျက်တဲ့သူကတော့လူမိုက်ဘဲ


- ကလေးတွေလက်ဆော့တာတော့လုံးဝမဖြစ်နိုင်တာသေချာပါတယ်။
အဓိပ္ပါယ်ပြည့်ဝတဲ့ဖန်တီးမှုကိုဖျက်ဆီးလိုက်တာဗမာလူမျိုးတွေသိက္ခာကျစေပါတယ်

- အဲဒီခြံဟာ ဘယ်သူပိုင်လဲ ဆိုတာတော့ မသိပါဘူး.... ပိုင်ဆိုင်သူရှိတယ်ဆိုရင်တော့ သူတစ်ပါးခြံဝင်းမှာ အခုလို Graffiti သွားဆွဲခြင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို ကျူးကျော်ခြင်းပါဘဲ...


- ဖျက်တဲ့သူကလည်း စံနစ်တစ်ကျ ဆေးကုန်အောင် မဖျက်ဘဲ အခုလို ဆေးအမဲတွေနဲ့ ဖျက်သွားတာက ထိုသူများ၏ စိတ်ဓါတ်အခြေအနေကို ဖော်ပြနေပါတယ်.....


- လမ်းဘေးမှာဆွဲရင်တော့ ခွေးသေးပန်းလဲ ခံရမှာပဲ.. အိုဘားမားပုံမပြောနဲ့ ဘုရားပဲုံဆွဲလဲ အဖျက်တွေပေါ်လာမှာပဲ ..
လမ်းဘေးက အိုဘားမားပုံ အဖျက်ခံရလို့ဝမ်းနည်းနေတဲ့မြန်မာတွေကြည့်ပြီး ကျွန်တော် တော်တော်လေးဝမ်းနည်းပါတယ်..


- နေပြည်တော်မလာဘူးဆိုလို့ စိတ်ကော်ပီးဖျက်ခိုင်းတာ


- စစ်ကြံ့ဖွံ့ အစိုးရနဲ့  အချိန်မတိုင်ခင် ပလူးပလဲ သိပ်လုပ်ချင်တဲ့အိုဘားမား လာတာ မကြိုက်တဲ့ ငါ့အတွက်တော့ ဒီပုံဟာ “မင်္ဂလာ” ပါဘဲ။


- အမည်းရောင်နဲ့ ဖျက်တယ်ဆိုတာ အုတ်နံရံ သန့်ရှင်းသွားတာမဟုတ်ဘူး။ အနုပညာနှင့် အကြောင်းအရာကိုဖျက်တာ။ နမြောတာက Obama ပုံကြောင့်မဟုတ်ဘူး။ ရေးဆွဲသူရဲ့ လက်ရာ ကိုနမြောတာ။

ဆက်စပ် -
 အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီ တရက်အတွင်း အဖျက်ခံရ
Burmese Shrug at Obama Visit, as Beijing Shudders























-


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved