ရွှေတွံတေးဆရာတော်နဲ့ ထိုင်းရောက် မြန်မာ ကလေးငယ်များ၊
မိသားစုများ ကျန်းမာရေး အရေးပေါ် ရံပုံငွေလည်း မတည်လှူဒါန်းခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ ကလေးသူငယ်များ အရေးကို အာဏာပိုင်များ လူမှုအဖွဲ့ အစည်းများနဲ့ NGO များ အတိုက်အခံ ဆွေးနွေးနေကြဆဲပါ။
ရွှေ့ ပြောင်း မိခင်များ ကလေး မမွေးရေး - အရွယ်မရောက်သေးသော ကလေးများ နိုင်ငံပြန်ပို့ ရေး - မိခင်
နှင့် သားသမီး လူ့ အခွင့်အရေး စသဖြင့် ထောင့်စုံဘက်စုံ ဆွေးနွေးနေကြဆဲလည်းဖြစ်ပါတယ်။
ထိုင်းအစိုးရက ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမား မိခင်တွေနဲ့ အရွယ်မရောက်သေးသူ ကလေးငယ်တွေကို မူလ နိုင်ငံပြန်ပို့ရေး မူဝါဒကို ထိုင်းပါလီမန်မှာ ဆွေးနွေးနေကြသလို ထိုင်း-မြန်မာတာဝန်ရှိ သူတွေကလည်း ဆွေးနွေးနေတာကြောင့် အဆိုကိစ္စ အပါ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများလည်း စိုးရိမ်ပူပန်နေချိန်ဖြစ်ပါတယ်။
"ကလေးတွေ ကိစ္စကို ထိုင်းဘက် - မြန်မာဘက် ဆွေးနွေးနေကြပေမယ့် အဖြေမထွက်သေးဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ရသရွေ့ တော့ ကလေးတွေကို စာသင်ပေးနေရမှာပဲ - ဥာဏ်ရည်တက်အောင် စာရိတ္တကောင်းအောင် လိမ္မာအောင် ၀ိုင်းပြီးကြိုးစားပေးကြရမှာပဲ"လို့ ရွှေတွံတေးဆရာတော်က မိန့် ကြားခဲ့ပါတယ်။
0 comments :
Post a Comment