၈၈ ရဲ့ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ ဘာထူးလဲ

Monday, November 26, 2012

၈၈ မျိုးဆက်ကျောင်းသားများက အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ တခုကို ယနေ့နိုဝင်ဘာလ(၂၆) ရက် ညနေ ၃ နာရီခွဲက လုပ်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ 
 
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကိုဂျင်မီနှင့် ကိုအောင်သူတို့က မိုးထိ မိုးမိဒေသ ရွှေတွင်း လုပ်သားတွေ ဆန္ဒပြမှုမှာ  တာဝန်ရှိသူတို့ရဲ့ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတဲ့ ကိစ္စရပ်တွေကို စိုးရိမ်မိကြောင်း၊ လက်ရှိဖြေရှင်းမှု ပုံသဏ္ဍန်ဟာ ပြဿနာကို ပိုမိုရှုပ်ထွေးစေပြီး နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်ပြီးနှောင့်နှေးမှု ဖြစ် လာ မှာကို စိုးရိမ်တယ်လို့ ပြောသွားကြပါတယ်။ 

ဒါကြောင့် အခင်းဖြစ်ပွားနေမှုတွေအပေါ် တိုင်းဒေသကြီးအစိုးရရဲ့ တာဝန်ယူ ရှင်းလင်းနေမှုမျှဖြင့် လုံလောက်မှာ မဟုတ်ဟု ယူဆကြောင်း ပြည်ထောင်စုအစိုးရ (သတ္ထုတွင်းဝန်ကြီးဌာန)အနေဖြင့် အမြန်ဆုံး
ပြေလည်စေရန် ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြပါတယ်။

၎င်းအပြင် လက်ရှိ ဖမ်းဆီးခံထားရသူများကို အပြီးအပြတ်လွှတ်ပေးခြင်းဖြင့် တင်းမာနေမှုများ ကို ဖြေလျော့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ 

တဆက်တည်းမှာပင် ကိုထွန်းမြင့်အောင်ကလည်း လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် ယင်းကိစ္စမှာ မြေယာအရေး ကိစ္စမျှသာမကဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားသောပြဿနာများနှင့် သာသနာရေးကိစ္စရပ်များပါ ပါဝင်လာနေပြီဖြစ်သဖြင့် လွှတ်တော်တွင် တင်ပြထားသည့်အတိုင်း လွတ်လပ်သောစုံစမ်းရေးကော်မရှင်ကို အမြန်ဆုံးဖွဲ့စည်းပြီး ပြည်ထောင်စု အဆင့်မှ ကိုင်တွယ်ဖြေရှင်းပေးရန် အရေးတကြီးလိုအပ်နေကြောင်းနှင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စုံစမ်းစဉ်ကာလတစ်လျှောက် စီမံကိန်းကို ရပ်ဆိုင်းထားသင့်ကြောင်း ပြောဆိုသွားပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved