ပဋ္ဌာန်းရွတ်ဆိုတယ်၊ ပြင်ပနဲ့ အဆက်အသွယ် မရှိ၊ အစိုးရထုတ် သတင်းစာကိုပဲ ဖတ်ခဲ့ရတယ်၊
တကယ့်ကို အကျဉ်းသားတဦးလိုပဲ နေထိုင်ခဲ့ရတယ်လို့ ဧရာဝတီကို မကြာသေးခင်က ပြောပါတယ်။
ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ပတ်သက်လို့ -
“ကျနော် လူသတ်သမား မဟုတ်ပါဘူး”
“ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး”
“ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရတာပါ” လို့လည်း ပြောပါတယ်။
ဒီအကြောင်း ဧရာဝတီ ပင်မစာမျက်နှာက "ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း" ဆောင်းပါးမှာ တွေ့ရမှာပါ။
ဆောင်းပါးရှင်နဲ့တွေ့ရမယ်လို့ သူမျှော်လင့်မထားမိပေမယ့် လိုလိုလားလား စကား ပြောဆိုဖြစ်ခဲ့ပါတယ် တဲ့။
သူ့ရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဟာ အစိုးရကိုအတိုက်အခံပြုသူများ ငြိမ်ဝပ်ပိပြားရေးကို နှစ်ပေါင်းများစွာ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တာပါ။
သူ အကြီးအကျယ် မျှော်လင့်နေပုံရတဲ့ သူ့လူတွေပြန်လွတ်လာရေး ဆိုတာဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဟောင်းများအပေါ်မှာပဲ မူတည်နေတာပါ။
“ကျနော် လူသတ်သမား မဟုတ်ပါဘူး”
“ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရတာပါ” ဆိုတာတွေကို ဦးခင်ညွန့် ပြောနေစဉ်မှာ အင်မတန် စိတ်လှုပ်ရှားနေဟန်ရှိပြီး နောက်ပိုင်းမှာတော့ ရှေးဟောင်းနှောင်းဖြစ်တွေထဲက တချို့ကို တည်တည်ငြိမ်ငြိမ်၊ ပေါ့ပေါ့ပါးပါး ပြောသွားခဲ့တယ်လို့ သိရပါတယ်။
ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
ခိုင်းလို့လုပ်တယ်ဆိုတော့...xxxxxx စားခိုင်း၇င်စားမလား