အမျိုးသမီးရပ်ကွက် အုပ်ချုပ်ရေးမှူး ပေါ်ထွက်

Thursday, December 27, 2012


အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး မ၀င်းဝင်းမော်၊ ဓာတ်ပုံ- ကြေးမုံသတင်းစာ

မြန်မာနိုင်ငံ ဒေသအနှံမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ လုပ်နေရာမှာ အလွန်သေး ငယ်တဲ့ အောက်ခြေအဆင့် အာဏာပိုင်ရွေးချယ်ပွဲဖြစ်လင့်ကစား ပြဿနာများစွာ ရှိနေဆဲပါ။ 

ဒါပေမယ့် ဒီကနေ့ ကြေးမုံသတင်းစာမှာတော့ ထူးခြားတဲ့ သတင်းတပုဒ်ကို တွေ့လိုက်ရပါတယ်။ 

ဒါကတော့ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို ရွေးချယ်လိုက်တယ်ဆိုတာပါဘဲ။ 

ပခုက္ကူမြို့နယ်က အမှတ် ၆ ရက်ကွက်မှာ မ၀င်းဝင်းမော် အမည်ရှိတဲ့ အမျိုးသမီးတဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ရပ်ကွက်သူ ရပ်ကွက်သားတွေက မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အခုလို အောက်ခြေအဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံတော် အဆင့်တွေ အထိ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှုမှာ ပါဝင်ခွင့်တွေ တိုးတက်များပြားလာမယ်ဆိုရင် အုပ်ချုပ်ရေး ယန္တရားမှာ ပိုပြီး မျှတတဲ့ အမြင်တွေ၊ ချည်းကပ်ပုံတွေနဲ့ အောင်မြင်တဲ့ အုပ်ချုပ်ရေး စနစ်တခုကို ဖန်တီးနိုင် ပါလိမ့်မယ်။ 

သူဟာ အခမဲ ပညာသင်ကျောင်းရဲ့ စည်းကမ်းထိမ်းသိမ်းရေးမှူးလည်းဖြစ်တယ်လို့ ဆိုပြီး သူကတော့ ရပ်ကွက်မှာ တွေ့ကြုံလာရသမျှ ပြဿနာတွေကို ချင့်ချင့်ချိန်ချိန် နဲ့ဖြေရှင်းပေးသွားမှာဖြစ်ပြီး လမ်းတွေ မကောင်းတာတွေကိုလည်း ပြုပြင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။


ကြေးမုံသတင်းစာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved