လက်ပံတောင်း ဒဏ်ရာရ လူနာများ ဆေးကုသစရိတ် နိုင်ငံတော်က တာဝန်ယူနေ

Thursday, December 27, 2012

 ဘန်ကောက်တွင် ဆေးကုသခံနေရသူ ဦးတိက္ခဥာဏအား ဦးကိုကိုကြီးနှင့် ဦးအောင်ဒင် လာရောက်မေးမြန်းစဉ်၊ ဓာတ်ပုံ- ကိုကိုကြီး 

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်း ဖက် ဖြိုခွဲမှုကြောင့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များ မီးလောင် ဒဏ်ရာ ရခဲ့ကြတာမှာ ဆေးကုသ စာရိတ် ကို နိုင်ငံတော်က တာဝန်ယူနေတယ်လို့ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသခံနေရတဲ့  ဦးတိက္ခဥာဏအပြင် ရှင် သဇ္ဇနကိုလည်း ဒီဇင်ဘာလ ၂၅ ရက်နေ့က ထပ်မံ ပို့၍ ဆေးကုသမှု လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ 

 ဦးတိက္ခဥာဏရဲ့ ဘန်ကောက်မြို့ ဆေးရုံမှာ ဆေးကုသဖို့ အစပိုင်း နိုင်ငံတော်က ဘတ်ငွေ ၁ သန်း ကြိုတင်ငွေပေးသွင်းထားခဲ့ပြီး ၃ ရက်အတွင် ဘတ် ၁ သန်းကျော် ဆေးကုသစာရိတ်ကုန်ကျသွားခဲ့ရတာပါ။ အသား အစားထိုး ကုသအပြီး ခန့်မှန်း ကုန်ကျငွေ ဘတ် သန်းပေါင်း ၂၀ လောက် ဖြစ်နိုင်ချေရှိတယ်လို့ လည်း သိရပါတယ်။ 

အခု နောက်ထပ် တပါးဖြစ်တဲ့ ရှင် သဇ္ဇနကိုလည်း ဘယ်လောက်ကုန်ကျမယ်ဆိုတာ ယခုထိတော့ မသိရသေးပါ။ 

လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ကတော့ နောက်ထပ် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင် သူတွေနဲ့ ဆက်လက် စုံစမ်စစ်ဆေးမှု လုပ်ဆောင်မယ့်အကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ 


မြန်မာ့အလင်းသတင်းစာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved