ရ.လ.လ.ဖ ရဲ့ ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ ပွဲတော်

Friday, December 14, 2012

 ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)/ဧရာဝတီ

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရှမ်းပြည်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသ အတွင်း ရှိ (ရလလဖ) ဗဟိုဌာနချုပ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည်။ 



နံနက် ၉ နာရီခန့်တွင်တက်ရောက်လာသော အရပ်ဖက် လူ့အဖွဲ့အစည်းများ ၊ကျောင်းသားသမဂ္ဂများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအထက်မြန်မာပြည်တို့က (ရလလဖ)၏ အာဇာနည် ကျောက်တိုင်အားအလေးပြုပြီး ၊ လွမ်းသူ့ပန်းခွေ ချကာ၊နံနက် ၉ နာရီခွဲတွင် လူထု အစည်းအဝေး စတင်သည်။ 




ယင်းလူထုအစည်းအဝေးတွင် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၊ ရွှေဝါရောင် အရေးခင်း ဆရာတော် တစ်ပါး၊ ၁၉၇၄၊ ၇၅၊ ၇၆ အရေးခင်းဖြတ်သန်းလာသူ ဦးမောင်မောင်အေး ၊မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ မှ ကျော်ကိုကို ၊နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ၊ အလုပ်သမားအခွင့်ရေး လုပ်ရှားသူများမှ ကိုယ်စားလှယ်တစ်ဦး၊ တက္ကသိုလ် ကျောင်းသားများ အဖွဲ့ (တကသ)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ၊မန္တလေး ရေတော်တိုက် ဆရာတော် ဦးဝိသုတ ၊နိုင်ကျဉ်း ကွန်ရက် အထက်မြန်မာပြည် ဦးရွှေထူး၊ လက်ပံတောင်းကယ်တင်ရေး ကော်မတီအတွင်းရေးမှုး ဦးအောင်မြင့်ဦး ၊ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ၊ ၈၈ ဗကသ ဥက္ကဌ ဟောင်း ကိုသန့်ဇင် ၊ မိထ္ထိလာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး ၊ သာစည် ပြည်သူ့အကျိုးဆောင် ကွန်ရက် မှ ဒေါ်နွဲ့နွဲ့ယဉ် နှင့် မိုးထိမိုးမိ ရွှေလုပ်သား ကိုနေမင်း အစရှိသည်တို့က ယင်းတို့၏ လုပ်ဆောင်နေကြ သည့် နိုင်ငံရေးလုပ်ရှားမှု ၊ တိုင်းရင်းသားအရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အရေး၊ လက်ပံတောင်း တောင်အရေး တို့ကိုဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ 




ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ ပွဲတော်အား အစိုးရနှင့်ငြိမ်းချမ်းရေး သဘောတူညီမှုရရှိထားသည့် RCSS/SSA ၊ KNU/KNLA ဆက်ဆံရေးရုံးတာဝန်ခံ၊ ကယန်းပြည်သစ်ပါတီ ၊ အစရှိသည့် အဖွဲ့အစည်းများပါ တက်ရောက် ခဲ့သည်။ 



ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) သည် ၁၉၂၉/၁၉၄၆ ခုနှစ်ကတည်း က မြစ်ဖျားခံ ခဲ့သော ရှမ်းပြည် လဲချားစော်ဘွား နယ်တွင် ဦးကျောင်းတိယုံက ခေါင်းဆောင်ခဲ့ပြီး၊ ၁၉၈၈ ၊၁၉၈၃ တွင် တပြည်လုံး လက္ခဏာဆောင်သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု ၀င်ဖြစ်ခဲ့ပြီး ဘုံရန်သူ ကို ဆန်ကျင်ခဲ့သည်။ 

၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေးအဖွဲ့အဖြစ် အစိုးရနှင့် လက်တွဲပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရအမျိုးသားညီလာခံအတွင်း တိုင်းရင်းသားများ၊ ပါတီများ နှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုအရေးရပ်တည်သော သဘောထားများ တင်ပြခဲ့ကြောင်း ၊၂၀၀၇ တွင် ဗိုလ်သူရိန် အဖွဲ့မှ လက်နက်ကိုင်တော်လှန်ခဲ့ကြောင်း၊ ဦးခွန်ချစ်မောင် အစိုးရထံ တရားဝင် လက်နက်ချခဲ့ကြောင်း၊ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ငြင်းဆန်ပြီး လက်နက်ကိုက်တပ် များ လက်နက်မအပ်နှင်းသဖြင့် ပြသနာများ ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၀၈မှ ၂၀၁၂ကာလတွင် ဦးခွန်စိန်ရွှေ အဖွဲ့ လက်နက်ကိုင်တပ်များ အဖျက် သိမ်းခံခဲ့ရကြောင်း၊ ရလလဖ အဖွဲ့အစည်းသည် မှတ်ပုံတင်ခြင်း မရှိပဲ အချိန်ကာလတစ်ခု ထိမြေအောက်အဖွဲ့အစည်းတခုအဖြစ်ရပ်တည်ခဲ့ကြောင်း ၊၂၀၁၁ခုနှစ် အကုန်လောက် တွင်မှ နိုင်ငံတော် အစိုးရသစ်က တရားဝင်ပြန်လည် ဆက်ဆံလာသောကြောင့် ယခု တရားဝင်တည်ရှိ လှုပ်ရှားနေကြောင်း ရရလဖ အဖွဲ့၏ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးဘုန်းနိုင် ကပြောသည်။ 

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရန်ကုနမန္တလေ်းအခြေစိုက် ပုံနှိပ် မီဒီယာသမားများ၊ DVB ၊RFA အစရှိသည့် ရုပ်သံ မီဒီယာများ နှင့်ပြနကြားရေး ဌာန မီဒီယာ သမားများပါ လာရောက်သတင်းရယူသည် ကို တွေ့ရသည်။ 









~

3 comments :

  1. ရ.လ.လ.ဖ လို့ ခေါ်ပါတယ်။ ရ.ရ.လ.ဖ မဟုတ်ပါဘူး။ သူတို့ banner မှာလည်း အတိုကောက် ဘယ်လိုရေးထားလဲဆိုတာ ကြည့်ပါ။

  1. Anonymous said... :

    ခေါင်းစဉ်က လွနြေပါတယ် အမှန်က ရလလ ဖ ဖြစ်ပါမယ်။

  1. Admin said... :

    ရလလဖ လို့ ပြင်ဆင်လိုက်ပါပြီ။
    ကျေးဇူးတင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved