အလှအပ၊ နှစ်သစ်ကူးကာလနဲ့ ရောင်စဉ် ခုနှစ်သွယ် တောင်ကြီး

Friday, December 14, 2012


~




    ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

တောင်ကြီးမြို့  ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် နှစ်သစ်ကူး ပွဲတော်ကို  ဒီဇင်ဘာ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင်  ရိုးရာ အကများ၊  တေးသီချင်းများဖြင့် သီဆို ကခုန်ပြီး ကြိုဆိုခဲ့ကြသည်။

တောင်ကြီးမြို့ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီကကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုခေတ်သည် အင်တာနက် ခေတ်ဖြစ်ကြောင်း၊  အင်တာနက်မှ နေပြီး နိုင်ငံတကာ ၀တ်စားဆင်ယဉ်မှုမျိုးစုံ၊  ယဉ်ကျေးမှုမျိုးစုံ ၀င်ရောက်လာကြောင်း၊ ထို့အတွက် မိမိတို့ တိုင်းရင်းသားရိုးရာ ၀တ်စားဆင်ယဉ်မှုများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ
မပျောက်ပျက် မကွယ်ပျောက်စေရန် နှင့်   အားလုံး ချစ်ကြည် ရင်းနှီးစေရန် ရည်ရွယ်ပြီး နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်း အသင်း ဥက္ကဌ ဦးစိုင်းအောင်စာက ပြောသည်။

                    ယခုနှစ်တွင် ထူးခြားမှုအနေဖြင့် အခြား တိုင်းရင်းသားများဖြစ်သော ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊  အင်း တို့၏ ရိုးရာ ယဉ်ကျေးမှု အကများပါ ပါဝင်ကြောင်း  သူက ဆက်လက် ရှင်းပြသည်။

                      ညပိုင်းတွင် ရှမ်းတိုင်းရင်းသား အဆိုတော် ဟန်ထွန်း၊ စိုင်းဆိုင်မောဝ် တို့က တေးသီချင်းများ သီဆိုဖျော်ဖြေပေးပြီး ရှမ်းလူငယ်မောင်မယ်များက နိုင်ငံအသီးသီး၊ ဒေသပေါင်းစုံအသီးသီးရှိ ရှမ်းတိုင်းရင်းသားတို့ ၏ ၀တ်စားဆင်ယဉ်ပုံများကို ၀တ်ဆင်ပုံဖော်ကြသည်။ ၁၃ရက်နေ့ ညး ၁၂း၀၀တွင် မီးရှုးမီးပန်းများ ပစ်ဖောက်ကာ အိုးစည် ဗုံမောင်းများဖြင့် လမ်းမုန်းတေးသီချင်းများ သီဆိုပြီး နှစ်သစ်ကူးကြိုဆိုခဲ့သည် ကို တွေ့ရသည်။

 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved