U.S အရာရှိတွေ လက်ပံတောင်းအရေး မန္တလေးမှာ လာဆွေးနွေး

Wednesday, December 5, 2012





ဓါတ်ပုံ - မန်းသားလေး/ ဧရာဝတီ 

မန္တလေး မစိုးရိမ်ကျောင်းတိုက်တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့အာရှ ညွှန်မှူး Mr. Ike Reed ဦးဆောင်သော အဖွဲ့သည် လက်ပံတောင်းတောင် ကိစ္စအတွက် ဒီဇင်ဘာလ ၅ ရက်နေ့ လာရောက် 
လေ့လာခဲ့သည်။ 


လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်ပြီး ဆရာတော် ဦးဝီရသူ၊ ဦးကာဝိရ (ဂဠုန်နီဆရာတော်)၊ ဦးဝိသုတ (ဘ၀အလင်း)၊ ဦးသောဘိတ (ဘ၀အလင်း)၊ မြ၀တီ ဆရာတော်တို့နှင့်တွေ့ဆုံကာ ယနေ့ နေ့ လယ် ၁ နာရီအချိန်တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ 



သပိတ်မှောက်သည့် အထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော မုံရွာမြို့ ၀က်မှေးကျေးရွာမှ မအေးနက်နှင့် မသွဲ့သွဲ့ဝင်းတို့လည်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ကြောင်း သိရသည်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved