ကချင်ပြည်နယ် ငြိမ်းချမ်းရေး ၈၈ ကြားဝင်စေ့စပ်မယ်

Monday, December 31, 2012

ပြင်းထန်လာနေသော စစ်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ ပိုမိုထိတ်လန့်နေကြသည် (ဓာတ်ပုံ- ဧရာဝတီ)

စစ်ပွဲများဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အ ခတ် ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၀င်ရောက်စေ့စပ်ညှိုနှိုင်းပေးမှာဖြစ်ပါတယ်။ 

ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမယ့် ၈၈ မျိုးဆက်ကျောင်းသားများ တွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံညှိုနှိုင်းရန် အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ 

ကေအိုင်အေနှင့် အစိုးရအကြား ၁၈ လကျော်ကြာသည်အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်း ကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်တွေမှာ ဆိုးရွားသော ရာသီဥတုဒဏ်၊ အငတ်ဘေး ဒုက္ခများကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် အစိုးရတပ်များက အပြင်းအထန် ထိုးစစ် ဆင်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် အမြောက်ကြီးများကို အသုံးပြုလာတာကြောင့် စစ်ဘေးသင့် 
ပြည်သူတွေဟာ များစွာကြောက်ရွံ့ထိတ်လန့်နေကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားသော အပြန် အလှန် ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရွာသား ၁ ဦး သေဆုံးပြီး ၄ ဦးပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ၈၈ မျိုးဆက် ကျောင်း သားများ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပါအ၀င် လူမှုအခြေပြုအဖွဲ့အစည်းတွေက ရန်ကုန် မြို့ တော်ဝင် နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်တောင်းဆိုပါတယ်။ 

အဆိုပါသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သာလွန်ဇောင်းထက် ရေးသားတင်ပြ ထားတဲ့  ကချင် ငြိမ်းချမ်းရေး ၈၈ ကျောင်းသားများ ကြားဝင်စေ့စပ်မည် ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။

2 comments :

  1. ၂၀၁၃နှစ်သစ်မှာပြည်သူလူထုတရပ်လုံးက(၂၀၀၈)ဖွဲ့စည်းပုံ
    အခြေခံဥပဒေကိုပြင်နိုင်သောနှစ်သစ်ဖြစ်ပါစေလို့ဆုမွန်ကောင်း
    တောင်လိုက်ပါသည်HAPPY NEW YEAR GOOD LUCK

  1. Anonymous said... :

    ကချင်သောင်းကျန်းသူတွေနှင့်တိုက်ရတဲ့ စစ်မရှိလေကောင်းလေပါပဲ ။ ဘယ်နည်းနှင့်ငြိမ်းငြိမ်း ကိုဝိုင်းတို့ကထောက်ခံပြီးသားပဲ ။ ဒေသခံ ရှမ်းတွေက အနစ်နာဆုံးမို့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved