ကိုယ့်ကိုယ်ကို သေကြောင်းကြံစီမှုတခု မန္တလေးတွင်ဖြစ်ပွား

Tuesday, December 11, 2012


သေကြောင်းကြံသူကို ရဲများက ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ) 

သက်ရှိ သတ္တ၀ါတိုင်းအတွက် တန်ဘိုးအကြီးဆုံးနဲ့ အရေးအကြီးဆုံးဟာ အသက် ရှင်သန်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လူ့ဘုံလောကမှာ တချို့သော လူတွေဟာ ကိုယ့်အသက်ကို နှမြောခြင်း အလျဉ်းမရှိဘဲ လုပ်ဆောင်ချက်တချို့ ရှိတတ်ပါတယ်။ 

လူတချို့က ကိုယ့်အသက်ကို ကိုယ့်အတွက် အသုံးချတတ်သလို၊ တပါးသူတဦး သို့မဟုတ် အများသူငါတို့ အတွက် အသုံးချတာမျိုးလည်း ရှိပါတယ်။ လူသားအနေနဲ့ ကိုယ့်အသက်ကို အကြောင်းကြောင်းကြောင့် အဆုံး စီရင်တာမျိုး ရှိတတ်ကြပါတယ်။ 

အခုလည်း မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့မှာ မိမိကိုယ်ကို သေကြောင်း ကြံစဉ်မှု တခုဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့ ၃၃ လမ်းပေါ် ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားခဲ့ရာမှာ သက်ဆိုင်ရာ ရဲတွေက အချိန်မီ ထိန်းသိမ်းလိုက်ပါတယ်။ 

မိမိကိုယ်ကို သေကြောင်းကြံစည် ခုန်ချရန်ကြိုးစားသူ တစ်ဦးကို လာရောက်ကြည့်ရှု့သည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်

သူဟာ ဘယ်အကြောင်းကြောင့် ကိုယ့်ကိုယ်ကို အသက်သေဆုံးရန် ကြံစဉ်တယ်ဆိုတာ သေချာ မသိပေ မယ့် ဒီလိုလူသိရှင်ကြား ဖြစ်စဉ်မျိုးကတော့ ရှားပါတယ်။ 

မြန်မာနိုင်ငံ ဥပဒေများမှာလည်း မိမိကိုယ်ကိုယ် သေကြောင်းကြံမှုဟာ ပြစ်မှု ကျူးလွန်တာလို့ သတ်မှတ် ပြီး  ထောင်ဒဏ်တွေလည်း ချမှတ်ခံရနိုင်ဖွယ်ရှိပါတယ်။  

အဆိုပါသေကြောင်းကြံစီမှုနဲ့ပတ်သက်ပြီး အသေးစိပ်ကိုတော့ သတင်းအချက်အလက် မရရှိသေးပါဘူး။

3 comments :

  1. Anonymous said... :

    ပုံစံကြည့်၇တာကတော့...ဂေါက်သီးနဲ့တူတူတယ်...

  1. Saw K Shan said... :

    မျက်နှာပေးနှင်.ဟန်ပန်အမူအရာကြည်.ရတာသေချင်နေတဲ.ရုပ်လဲမပေါ်ပါ။

  1. သေချင်မှတော့ခုန်ချပြီးပြီပေါ့။ နာမည်ကြီးအောင် လုပ်တာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved