အညတရ သူရဲကောင်းဆု ဒီနှစ် ဘယ်သူတွေရလဲ

Friday, December 7, 2012


 တတိယ အကြိမ်မြောက် အညတရ သူရကောင်းဆုပေးပွဲမြင်ကွင်း၊ ဓာတ်ပုံ- ကိုထွန်းဝေ/ဂျပန်

ဂျပန်နိုင်ငံရောက် မြန်မာများက ကော်မတီတရပ်ဖွဲ့ပြီး  မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲဝင်ရင်း အထူးသဖြင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို " အညတရ သူရဲကောင်း" တွေအဖြစ် သတ်မှတ်ပြီး နှစ်စဉ် ရွေးချယ် ဆုပေးနေရာမှာ ယခုနှစ် အတွက် ဆုရှင် ၄ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ ကြေငြာလိုက်ပါတယ်။ 

 အညတရ သူရဲကောင်းဆု၊


ထုတ်ပြန်ကြေညာချက် 
စတုတ္ထ အကြိမ်မြောက် အညတရသူရဲကောင်းဆု အတွက် တိုင်းပြည်နှင့် လူမျိုးအကျိုး စွန့်လွှတ် စွန့် စား ဆောင်ရွက်ခဲ့ကြသူ အောက်ပါ ပုဂ္ဂိုလ် (၅) ဦးအား အညတရ သူရဲကောင်း ဆုရှင်များ အဖြစ် အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။ 

မဖြူ (ခ) မချောစုလှိုင် 

ကိုနိုင်စိုး (ခ) မဲလုံး (AASYC - ရခိုင်လူငယ်ကျောင်းသားအဖွဲ့) ပခုက္ကူထောင် ။ 

ကိုအောင်သီဟ (ခ) ကိုအောင်လှိုင်ဝင်း (ABSDF ) 

ဦးစိုးမြင့် (ခ) ဆရာစိုး (UG) ကိုသန်းထိုက်အောင် (ခ) ကြက်ဖကြီး (NLD) (ကွယ်လွန်) 

ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်) ၌ ကျင်းပပြုလုပ်ရန်ရှိသော အမျိုးသားအောင်ပွဲနေ့ (၈.၁၂.၂၀၁၂) အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။ 

ဆုရှင် တဦးအတွက် ဆုငွေ ကျပ် (၁၀) သိန်း နှင့်အတူ အညတရသူရဲကောင်း ဆုကော်မတီ အမှတ်တံဆိပ် ပါ ဆုတံဆိပ် တခုကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ 

ဆုရှင်များအား အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီး နှင့် သူရသတ္တိရှင် ဟံသာဝတီ ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေးကော်မတီ နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များကော်မတီ တို့က ပူးပေါင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ 

အညတရသူရဲကောင်းဆုကော်မတီ 

တိုကျို၊ဂျပန်။ 

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved