ဒီနှစ် အကယ်ဒမီပွဲတက် ၀တ်စုံဆန်းများ

Wednesday, February 8, 2012 2 comments


http://www.planet.com.mm မှ ဓာတ်ပုံများ
ရှေ့ပိုင်းအလှ
ဟောသမှာ နောက်ပိုင်းအလှ






နေမင်းက ပင်နီတိုက်ပုံအင်္ကျီနဲ့။
ဒီလိုဝတ်ဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပေါ်ပြူလာသတင်းဂျာနယ်ကို ပြောခဲ့ဖူးပါတယ်။
သူ့အပြောကို ပေါ်ပြူလာမှာ အခုလို တွေ့ခဲ့ရတာပါ -
နေမင်းက ဒီနှစ် အကယ်ဒမီ ပေးပွဲကို ငယ်ငယ်ကတည်းက တအားမြတ် နိုးတဲ့ ပင်နီအင်္ကျီနဲ့ ပွဲတက်မှာဖြစ်ပါတယ်။ အဖေ ရုံးတက်တုန်းက ဝတ်ခဲ့တဲ့ ပင်နီ အင်္ကျီကို ၅တန်းလောက် တုန်းက ကျောင်းကို ဝတ်သွားလို့ ဆရာမ အရိုက်ခံရတဲ့ အတွက် အဲဒီနေ့ကတည်းက ချွတ်လိုက်ရတဲ့ အင်္ကျီကို အခုပြန်ဝတ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်း နေမင်းက ပြောပါတယ်။





အထက်ဆင်ကို ဖြန့်ဝတ်တဲ့ အေးမြတ်သူရဲ့ ခေတ်ဟောင်းဖက်ရှင်



Messenger သတင်းဂျာနယ် ဓာတ်ပုံများ








မင်းသမီးတွေ အရမ်း ပြင်ကြသလို မင်းသားများကလည်း တိုက်ပုံဒီဇိုင်းစုံနဲ့ သူ့နည်းသူ့ဟန် လန်းနေကြပါတယ်


Eleven Media Group ဓာတ်ပုံများ













၂၀၁၀ အတွက် မြန်မာပြည် က အကယ်ဒမီပေးတဲ့ ည (ရုပ်သံ)

6 comments

-----

မြန်မာနှင့်ထိုင်း စုံတွဲ နေအိမ်တွင် အသတ်ခံရ

0 comments



ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း

အသတ်ခံရတယ်လို့ ယူဆရတဲ့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ထိုင်း နိုင်ငံသား ၁ ဦးတို့ရဲ့ အလောင်းတွေကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ဒေသခံတွေက ကနေ့ တွေ့ရှိခဲ့တဲ့အကြောင်း မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ထိုင်းဘာသာနဲ့ ဖော်ပြထားပါတယ်။

ဒေသခံတွေက ရဲကို သတင်းပေးခဲ့တဲ့အတွက် သေဆုံးသူတွေရဲ့ နေအိမ်ကို လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဓားဒဏ် ရာတွေနဲ့ သေဆုံးနေပြီး အသက် ၃၅ နဲ့ ၆၅ နှစ် အရွယ်တို့ ဖြစ်ပါတယ်။

ထိုင်းသတင်းမှာ ရေးသားထားချက်အရတော့ မြန်မာ အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘန်ကောက်နဲ့ တခြား မြို့နယ်တွေကို နှင်းဆီပန်းတွေ ဖောက်သည်ယူပြီးတော့ ပြန်ရောင်းနေသူ တယောက်လို့ သိရပါတယ်။ နှင်းဆီပန်း ရောင်းရတဲ့ လုပ်ငန်းလည်ပတ်မှုမဟာ ၁ သိန်း လောက် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသမီးကတော့ သူ့ခင်ပွန်းကို နှင်းဆီပန်း ၀ယ်တဲ့အလုပ်ကို ကူလုပ်ပေးတဲ့ အပြင် မြန်မာနိုင်ငံသားတွေကို ငွေလွှဲတဲ့ အလုပ်ကိုလည်း လုပ်ပေးနေတယ်လို့ သိပါတယ်။

လတ်တလော လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ တရားခံ မမိသေးပေမယ့် အလောင်းတွေကိုတော့ မဲဆောက် ဆေးရုံကြီးကို ယူသွားပြီး စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

သန်းထိုက်ဦး
Source: Manager Online


ရုပ်သံ - မြန်မာဂျာနယ်လစ်တယောက်ရဲ့ ပြန်တော်ပြန်

1 comments




-----

လစာတွေ တိုးပေးဖို့ လွှတ်တော်ထဲ ပြောပြီ

5 comments

လစာတိုးပေးပါ တဲ့။ ဦးရွှေမန်းက ပြောနေတာပါ။
ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာ သတင်းတို တပုဒ်မှာ အခုလို ဖော်ပြထားပါတယ်။

"၂၀၁၃ တွင် အစိုးရဝန်ထမ်းများ လစာတိုးရန် ဦးရွှေမန်း အကြုံပြု

အစိုးရဝန်ထမ်းများ၏ လုပ်ခလစာသည် ခေတ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ အခြေခံ စားဝတ်နေရေးအတွက် မလုံလောက်ကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်တွင် လစာများတိုးပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ယမန်နေ့က လွှတ်တော်တွင် ပြောကြားသွားသည်။ လုပ်ခလစာ မလုံလောက်၍ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေကြောင်းလည်း ဝန်ခံပြောဆိုသွားသည်။
"


ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း ဟောဒီလို ရေးပါတယ်။



“အကယ်၍များ”

0 comments

အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေထဲက တချို့ကို လျှော့ချလိုက်ပါပြီ။
ဒီသတင်းနဲ့ ပတ်သက်ပြီး ကာတွန်း ဘီရုမာက အခုလို ပုံဖော်ထားပါတယ်။

The Lady နဲ့ သူတို့အမြင်

1 comments

The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်၊ မဟာချိုင်နဲ့ ချင်းမိုင်မြို့တွေမှာ ဆက်တိုက် ပြသနေပြီး မြန်မာ ပရိတ်သတ်တွေအကြား ဒီရုပ်ရှင်ကားအပေါ် စိတ်ဝင်စားသူတွေနဲ့ ဝေဖန်သူတွေရဲ့အမြင်ကို ဗွီဒီယိုမှတ်တမ်းနဲ့ တင်ဆက်ထားပါတယ်။


အမေရိကန်က ပိတ်ဆို့မှု လျှော့ပေးမယ်

0 comments



(ဓာတ်ပုံများ-ဧရာဝတီ)

တနင်္လာနေ့တုန်းက ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီရုံးခန်းထဲက မြင်ကွင်းတွေဟာ မထူးဆန်းပါဘူး။

ဒီအခြေအနေတွေကြောင့် အမေရိကန်က ပိတ်ဆို့မှု တချို့ကို ပြန်ဖွင့် လိုက်ပါပြီ။

ဒီအကြောင်း ဧရာဝတီ သတင်းထောက် လင်းသန့်က အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ် ရေးသားထားပါတယ်။
http://burma.irrawaddy.org/archives/5799 မှာ ဖတ်နိုင်ပါပြီ။

စစ်ဗိုလ်ချုပ်ကြီးတွေကို ဒဏ်ခတ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဒီပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုပြောထားသလဲ။

“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။
ပိတ်ဆို့ အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ် ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။
ဒီ (သမ္မတ ဦးသိန်းစိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်”

ဝါရှင်တန်ပို့စ် သတင်းစာနဲ့ မကြာသေးမီက တွေ့ဆုံမေးမြန်းခန်း တခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။











 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved