အန္တရာယ်နှင့် ရင်ဆိုင် ရှင်သန်နေရသူများ

Wednesday, February 22, 2012 7 comments


ဘန်ကောက်မြို့အနီး မြန်မာပြည်သားတွေ လူမိုက်တို့နဲ့ ရင်ဆိုင်ရတတ်ပုံအကြောင်း


--- ကျနော်တို့ သူငယ်ချင်းတွေကို ဖုန်းထိုးခေါ်တယ်၊ သူငယ်ချင်းတွေက ရောက်လာတယ်။ ကျနော်တို့ ဆေးရုံကို ဖုန်းခေါ်တယ် ဆေးရုံကားကလည်း ရောက်မလာဘူး ၊ မိနစ် ၄၀ လောက် ကြာတယ်။
လမ်းမှာလည်း သွေးတွေချည်းပဲ။ ကျနော် သူ့ကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်တယ် ---


လွှတ်တော်မှာ ပြောပေးကြပါ

3 comments


မြန်မာပြည် မသန်စွမ်းသူများအတွက် လွှတ်တော်မှာအရေးဆိုပေးပါ တဲ့။





နောက်ပြန်မလှည့်ဘူး

2 comments


မန္တလေးက ကာတွန်းဆရာ အောင်မော်ရဲ့ လက်ရာ တခုပါ







ကချင်အမျိုးသား အောင်လ နဲ့ ရောသမမွှေတိုက်ပွဲ

7 comments


မြန်မာ့စပါးကြီးလို့ အမည်တွင်နေတဲ့ ကချင်အမျိုးသား လက်ဝှေ့ကျော် အောင်လဆန်းရဲ့ MMA ပွဲစဉ် ကြော်ငြာ ဖြစ်ပါတယ်။
ရှေ့လ ၁၆ ရက်နေ့ ဖီလာဒဲဖီးယားမှာ ထိုးသတ်မယ်လို့ ဆိုတယ်။ ပြိုင်ဘက်က Sam Oropeza ဖြစ်ပါတယ်။

ရုပ်သံတွေထဲမှာ တွေ့နေရတဲ့ MMA ပြိုင်ပွဲဟာ Mixed Martial Arts ဆိုတဲ့ ရောသမမွှေထိုးသတ်နည်းပါ။
အင်္ဂလိပ်လက်ဝှေ့၊ ထိုင်းလက်ဝှေ့၊ နှပန်း၊ ဂျူဂျစ်ဆု၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဂျူဒို နည်းပညာတွေကို ရောသမထား ဆိုပဲ။

ဒီ သတ်ပုတ်နည်း ပေါ်လာတာတော့ ကြာပြီ၊ ဘရာဇီး၊ ဂျပန်၊ အမေရိကန်တို့မှာ ဒီပွဲတွေ ရှိတယ်၊ MMA ဆိုပြီး နာမည်ပေးလိုက်တာကတော့ နှစ် ၂၀ မပြည့်သေးပါဘူး။ ၁၉၉၅ မှ ပေးလိုက်တာပါ တဲ့ http://www.thundermma.com/MMA.html မှာ ရေးထားပါတယ်။



ဒီရုပ်သံမှာတော့ အောင်လဆန်းက သူ့ပွဲစဉ်တွေအကြောင်း အင်္ဂလိပ်လို ပြောပြထားပါတယ်။


ဒါကတော့ သူ့ရဲ့ ပွဲစဉ်များထဲက နိုင်ပွဲတခုပါ။

သူ့အကြောင်း အမေရိကန် အားကစား လောကထဲ ဝင်ရောက်လာတဲ့ ရွှေမြန်မာများ ~ ၂ ဆိုပြီး ဒူကဘာက ရွှေဒေါင်းတောင် အင်တာနက်စာမျက်နှာ www.shwedaungtaung.com မှာ အခုလို ရေးသားခဲ့ဖူးပါတယ် -

အမေရိကန် နိုင်ငံမှာ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစားပွဲစဉ်တွေမှာ မြန်မာ့ စပါးကြီးမြွေ ( Burmese Python ) လို့ နာမည်နဲ့ ယှဉ်ပြိုင်နေတဲ့ အသက် ၂၆နှစ်အရွယ် အောင်လ အင်ဆန် (Aung La Nsang) ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်က ကချင် တိုင်းရင်းသားတဦး ဖြစ်ပါတယ်။ ကျောပြင် ပုခုံးနေရာမှာ “Jinghpaw” လို့ ထင်ရှားစွာ တက်တူး (Tattoo) ရေးထိုးထားတဲ့ MMA မက်ဒယ်လ်ဝိတ်တန်းရှင် အောင်လ ဟာ ရတနာ လုပ်ငန်းရှင် အဖ ဦးအင်ဆန် တူးအောင် နဲ့ အမိ ဒေါ်ရှဒန် နန်ဘူ တို့ရဲ့ မွေးချင်း ၅ ယောက်ထဲက စတုထ္တမြောက် သားရတနာပါ။ အတန်းပညာကို ရန်ကုန် International School မှာ တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ် အကုန် ၂၀၀၂ ခုနှစ်မှာ အမေရိကားမှာ စတင် အခြေချနေထိုင်၍ အမေရိကန်နိုင်ငံ မစ်ချီဂန် ပြည်နယ်၊ အင်ဒရူးတက္ကသိုလ် ကနေ စိုက်ပျိုးရေး ဘာသာရပ် နဲ့ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်၊ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း ကလပ်ပွဲတွေမှာ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး ၊ ကြေးစားလက်ဝှေ့ လောကထဲ ဝင်ရောက် လာသူပါ။

အရပ် ၆ ပေ ၁ လက်မ နဲ့ ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လ ဟာ အမေရိကားမှာ လူသိများတဲ့ MMA ( Mixed Martial Art ) လို့ ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး နယ်ပယ်မှာ ဝင်ရောက် ကစားနေခဲ့တာ အခုဆို သက်တမ်း ခြောက်နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အောင်လ ရဲ့ အားကစား ရာဇဝင်ဟာ ဂျူဒိုလို ချုပ်ကစားတဲ့ No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသား ဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာ ကနေ Martial Art ကို ကူးပြောင်း လာသူပါ။ သူဟာ အမေရိကန်တွေက ဘီဂျေဂျေ (B.J.J)လို့ ခေါ်တဲ့ ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာတဲ့ ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) ကို လေ့ကျင့်ခဲ့တာ လေးနှစ်ကျော် ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့တာလည်း သုံးနှစ်ကျော် ရှိပြီလို့ သိရပါတယ်။ ယခု အချိန်မှာ အောင်လ ဟာ MMA Professional အဖြစ် ပြိုင်ပွဲဝင် ထိုးသတ်နေသူ ဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် ကြေးစား လောကမှတ်တမ်း ကတော့ သူထိုးသတ်ခဲ့တဲ့ ပွဲစဉ် အလိုက် ၈-၅-၀ (Win-Loss-Draw) လို့ မှတ်တမ်းပြုထားခြင်း ခံရသူပါ။

၂၀၀၈ ခုနှစ်မှာ မေရီလန်င်းပြည်နယ် (Maryland) ဘော်လ်တီမိုးလ်မြို့ ကို ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 လို့ အမည်ရတဲ့ MMA ကလပ်အသင်းတခုမှာ ဝင်ရောက် လေ့ကျင့်နေခဲ့ပါတယ်။ သူအားသန်တဲ့ ဂျူဂျစ်ဆု ၊ မွေထိုင်း တိုက်ကွက်တွေနဲ့ ပရိုလောက ကို ဝင်ရောက်လာခဲ့တဲ့ အောင်လ ဟာ ၂၀၀၅ ခုနှစ် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာ ၃ပွဲ ဆက်တိုက် အနိုင်ရလာပါတယ်။ အခုချိန်မှာတော့ ၁၃ပွဲ ကစားရာ ၈ပွဲနိုင်နဲ့ အလားအလာ ကောင်းနေသူပါ၊ သူ နာမည်ရ ထိုးသတ်ခဲ့တဲ့ ပြိုင်ပွဲဟာ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနား ပြည်နယ် (Indiana) မှာ သူ့ထက် ပွဲအတွေ့အကြုံ များပြီး UFC ( Ultimate Fighting Champion ) မှာလည်း ထိုးသတ်ဖူးတဲ့ စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာဘဲ သူ့ရဲ့ နာမည်ကျော် Guillotine Choke နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။ အဲဒီနာမည်ရ တိုက်ကွက် ကတော့ ရှေးပြင်သစ်ပြည်မှာ ရှိခဲ့တဲ့ ခေါင်းဖြတ်စက်ကြီးများလို ပမာနှိုင်းကာ သူများခေါင်းကို ကိုယ့်ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားပြီး အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်တဲ့ ဂလတင်းချုပ်ဂ် ( guillotine choke ) လို့ခေါ်တဲ့ တိုက်ကွက် တခု ဖြစ်ပါတယ်။ ကြောက်မက်ဖွယ် ကောင်းတဲ့ သူ့ရဲ့ Armbar လက်ချိုးတဲ့ တိုက်ကွက်ကလည်း လျော့ မတွက်သင့်ဖူးလို့ သူ့ ထရိန်နာ ဂျေးဆင် က ဆိုပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့ (Altantic City, New Jersey) မှာ ကျင်းပတဲ့ Ring of Combat XXXIII ပြိုင်ပွဲမှာ အောင်လ ဟာ Constantinos Philippou ကို ရှုံးနှိမ့်ခဲ့တာဟာ UFC ( Ultimate Fighting Champion ) အတန်းဆီ သူတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ အတားအဆီး တခုပါ။ “ ဒီပွဲရှုံးတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားတယ် ” လို့ အောင်လ က ပြောပြပါတယ်၊ နောက် … အိမ်တွင်းပုန်း နေမိပြီး သူငယ်ချင်းတွေ အတင်းလာခေါ် အပြင်ခေါ်ထုတ် ထွက်လည်စေတယ်။ သူ့ အမှားတွေ ကို ထရိန်နာတွေ သူငယ်ချင်းတွေနဲ့ အခုလို အဖြေရှာမိပါတယ်။ ကွန်စတန်တီနို ဖိလစ်ပေါင်း ဟာ ပွဲပေါင်း ၁၀၀ လောက် ကစားဖူးသူဖြစ်ပြီး အတွေ့အကြုံ ကြွယ်ဝသူပါ၊ ကျနော်က သူ့ ကိုနိုင်ယင် “တန်း” အပြောင်းအလဲ ရှိတယ်ဆိုတော့ စိတ်လောကြီးပြီး သူ့လက်ရည်ကို Respect မပေးဘဲ ပြေးဝင်၊ ပြေးထိုး၊ ပြေးကန် ပါတယ်၊ အခု ကစားနည်းတွေဟာ အား အလွန်ပါပြီး ဘယ်လောက် ကစားခဲ့ ကစားခဲ့ ထိချက်မှန်ရင် တချက်ထဲ လဲပါတယ်၊ ဒီတော့ ဘယ်အရာမဆို သားကောင် ချောင်းသလို စိတ်ရှည်ပြီး တဆင့်ခြင်းသွား အခြေအနေကြည့်ဖို့ လိုတယ်လို့ အောင်လ က သူ့ အတွေ့အကြုံကို တခုတ်တရ ပြောပြပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီ ၄ ရက် က Ring of Combat XXXIV ပွဲမှာ အောင်လ က Mitch Whitesel အား အနိုင်ယူခဲ့ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဧပြီလ ၈ရက်နေ့မှာ Uriah Hall ကို ၃ချီအကြာမှာ ရှုံးနိမ့်ခဲ့ပါသေးတယ်။ နောက်ဆုံး ပွဲစဉ်ကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ ယခင်အပါတ် သောကြာနေ့ ည နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့မှာ မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) မှာ Casey Manrique ဆိုသူနဲ့ ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီမှာ အနိုင်ရပါတယ်၊ သူ့ကို ရှုံးနိမ့်သွားသူ ချေဆီမရစ် ကတော့ စာရေးသူတို့ အော်ရီဂန် ဇာတိဖြစ်ပြီး နယူးယောက် ကလပ်တခုမှာ ထရိန်နာနဲ့ လေ့ကျင့်နေသူပါ။ အခုချိန်မှာ အောင်လ ဟာ ဘရာဇီးလီယမ်း Crazy 88 ကလပ်မှာ နည်းပြ (Instructor) ပြန်လုပ်ရင်း UFC တန်း ဝင်ထိုးဖို့ လေ့ကျင့်နေကြောင်း သိရှိရပါတယ်။ သူ့ရဲ့ မာစတာ ကတော့ ကြေးစားလောက ချန်ပီယံတဦး ဖြစ်ခဲ့ဖူးတဲ့ လွိုက် အာဗင်န် (Lloyd Irvin) ဖြစ်ပြီး၊ ထရိန်နာတွေ ကတော့ ဂျေးဆင် နဲ့ ဂျူးလီယက် တို့ ဖြစ်ပါတယ်။ Crazy 88 ကလပ် မှတ်ချက် ကတော့ အောင်လ ကို ထရိန်နင် အပြည့်ပေးယင် MMA Level ရဲ့ ထိပ်တန်းအဆင့်ကို ရောက်လာမဲ့ သူလို့ သုံးသပ်ခြင်း ခံထားရသူပါ။ အခုလည်း သောကြာနေ့ က ပွဲထိုးသတ် အပြီး တနင်္ဂနွေနေ့ မှာဘဲ လာမဲ့ နိုဝင်ဘာလ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး၊ သူ့ အားနည်းချက် ဖြစ်တဲ့ နဘမ်း သတ်နည်းကို အဓိကထား လေ့ကျင့် နေတယ်လို့ အောင်လ က ပြောပါတယ်။

ကြေးစား အားကစား လောကထဲ ဝင်ရောက်လာမဲ့ နောင်လာ နောက်သားတွေကို အောင်လ က သူ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်၊ “ ကြိုးစား၊ တဆင့်ခြင်းသွား၊ မလောနဲ့၊ မြန်မြန် အောင်မြင်ယင် ကျရှုံးဖို့လည်း မြန်ပြီး လောကမှာ မထင်တာတွေ ဖြစ်လာတတ်ကြောင်း” “နောင် … ဝိတ်တန်းတွေ တဆင့်ပြီးတဆင့် ကျော်တက် ထိုးသတ်သွားပြီး UFC လောကမှာ မှတ်ကျောက်တင်ရန် ကြိုးစားနေပါတယ်” လို့ အမှတ်တရ စကားဆိုပါတယ်။ သူ့ အောင်မြင်မှုတွေကို အကို ဖြစ်သူ ကိုဂွန်ဆန် အနေနဲ့ ဘယ်လို မြင်လဲလို့ မေးတော့ “ အံ့သြစရာဘဲ မိသားစု အတွင်းမှာ အသိမ်မွေ့ဆုံး သူက အခုလို ခက်ခဲကြမ်းတမ်းတဲ့ အားကစား လောကမှာ တဆင့်ခြင်း တက်လာ အောင်မြင်လာတော့ ဂုဏ်ယူစရာပါဘဲ” လို့ ဖြေကြားသွားပါတယ်။

သူ့လိုဘဲ ကနေဒါနိုင်ငံ ဗင်ကူးဗား ဘီစီ မြို့က ကရင် - မြန်မာ အမျိုးသား မိုင်အောင် ( Mai Aung ) ဆိုသူလဲ MMA လို Battle Field Fight League ခေါ်တဲ့ ကနေဒါနိုင်ငံက ပွဲစဉ်တွေမှာ 1-0-0 (Win-Loss-Draw) ရလဒ်နဲ့ စတင် ဝင်ရောက် ထိုးသတ်နေကြောင်း နဲ့ အားကစား လောကထဲက ပြည်ပရောက် ရွှေမြန်မာများ အကြောင်း တင်ပြလိုက် ရပါတယ်။


ယူနန် မနောပွဲ

0 comments

တရုတ်ပြည်၊ ယူနန်နယ် အတွင်း နေထိုင်ကြတဲ့  ကချင်လူမျိုး (ဂျိမ်းဖော) ၊Jinghpo တို့ ရဲ့ ရိုးရာမနောပွဲတော်ကြီးကို ဖေဖော်ဝါရီလ (၅)ရက်နေ့ မှစ၍(၇)ရက်နေ့  အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။


ထို မနောပွဲတော်ကို

ကမ္ဘာလူထုအများဆုံးပါဝင်တဲ့ အကအဖြစ်မှတ်တမ်းတင်ဖို့ ဖန်တီးခဲ့ တယ်လို့ သိရပါတယ်။

တရုတ်ဘာသာ စကားအရ ကချင်ရိုးရာမနောပွဲအကကို Munao Zongge ဟုအမည်တွင်ပြီး

လူအများဆုံး ရှုပ်ထွေးရောစပ်ကာ ကရတဲ့ အကဖြစ်တယ်လို့  ဆိုပါတယ်။

အကြီးကျယ်ဆုံးနဲ့  အထင်ရှားဆုံးကချင်လူမျိုးတို့ ရဲ့ မနောအက အဖြစ် တရုတ်ပြည်မှာ ထင်ရှားလျက်ရှိပါတယ်။

ဖော်ပြပါ ပုံများကတော့..(၅) ရက်နေ့ မှ (၇) ရက်နေ့ အတွင်း မှ ပွဲတော် မှတ်တမ်းပုံများပဲဖြစ်ပါတယ်။

source:ecns dot cn


ညွှန်း - http://www.myitkyinaonline.com

မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော

5 comments

(ဓာတ်ပုံ - fu-min)

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များအားလုံး ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က အင်တာနက်ဆိုင်များကို လိုက်လံ အကြောင်းကြားလျက်ရှိသည် ဟု အင်တာနက်ဆိုင်ရှင်များနှင့် အင်တာနက်သုံးစွဲသူများက ဆိုသည်။

“ကျွန်တော်တို့ အင်တာနက်ဆိုင်ပိုင်ရှင်တွေကို ည ၁၀ နာရီမှာ ဆိုင်ပိတ်ကြဖို့နဲ့၊ နောက်အကျဆုံး ဆိုင်ပိတ်ချိန် ၁၁ နာရီထက် မကျော်ဖို့ ရပ်ကွက်ရုံးက တာဝန်ရှိသူတွေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လာပြောသွားပါတယ်” ဟု အလုံမြို့နယ် ငုဝါလမ်းရှိ အင်တာနက်ဆိုင်ရှင်က ပြောသည်။

ရပ်ကွက်ရုံးက သတိပေးချက်ကို သိရှိပြီး ဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းတဲ့ အတွက် လက်မှတ်ထိုးပေးလိုက်ရသည်ဟု လည်း သူက ဆိုသည်။

“အင်တာနက် ကော်နက်ရှင်တွေက သိကြတဲ့ အတိုင်းပဲ နေ့ခင်းပိုင်းတွေမှာ သိပ်မကောင်းတဲ့ အတွက် တစ်ချို့က ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီကျမှ ဆိုင်ကို လာကြတာတွေ ရှိပါတယ်၊ ကျွန်တော်တို့လည်း အားနာနာနဲ့ပဲ ဆိုင်ပိတ်ပြီ ဆိုတဲ့ အကြောင်း ပြောလွှတ်လိုက်ရပါတယ်” ဟု သူက ပြောသည်။

မင်္ဂလာ တောင်ညွှန့် မြို့နယ် ဗညားဒလလမ်းပေါ်ရှိ အင်တာနက်ဆိုင်ရှင်ကလည်း “ကျွန်တော်တို့ လည်း သတိပေးခံရပါတယ်၊ ဆိုင်ကို ၁၁ နာရီထက် နောက်မကျဘဲ ပိတ်ပေးဖို့ကို မပိတ်ရင် ဘယ်လို ဥပဒေနဲ့ အရေးယူမည် ဆိုတာကိုတော့ မပြောသွားပါဘူး” ဟု ဆိုသည်။

ည ၁၂ နာရီနောက်ပိုင်း မိမိ မိသားစု သန်းခေါင်စာရင်းရှိရာ နေအိမ်တွင် နေထိုင်ခြင်း မရှိပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ငွေဒဏ်ဖြစ်စေ၊ ၁၄ ရက်အထိ ပြစ်ဒဏ်ဖြစ်စေ ဖမ်းဆီးထောင်ချခွင့် ရှိသည်ဟု သိရှိရပြီး၊ မြို့နယ်တာဝန်ရှိသူများအပေါ် မူတည်ကာ ပြစ်ဒဏ်များကို အတိုးအလျော့ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အင်တာနက်ဆိုင်တွေကိုတော့ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ခိုင်းတယ်၊ ကျွန်တော်တို့ မြို့နယ် အတွင်းမှာပဲ ရှိတဲ့ မင်္ဂလာဈေးဝင်းထဲက စားသောက်ဆိုင်တွေ၊ ညကလပ်တွေကိုတော့ သန်းခေါင်ကျော် ၃ နာရီလောက်အထိ ဖွင့်ခွင့် ပေးထားပါတယ်၊ ဒါက မတရားဘူးထင်တယ်” ဟု အထက်ပါ အင်တာနက်ဆိုင်ရှင်က ဆိုသည်။

တာမွေမြို့နယ်အတွင်းနေထိုင်သော ဘာသာ စကားသင်တန်းကျောင်းမှ ဆရာတစ်ဦးကလည်း “ကျွန်တော် ဂျပန်မှာ ၁၀ နှစ်လောက် အလုပ်လုပ်ပြီး ပြန်လာတာပါ၊ သူတို့ နိုင်ငံတွေမှာ သန်ခေါင်းစာရင်း တိုင်ရတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး၊ ဂျပန်မှာဆိုရင် စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ အလုပ်ရုံတွေက နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး လည်ပတ်နေတာပါ၊ တိုးတက်တဲ့ နိုင်ငံမှာတောင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေကြတာ၊ ကျွန်တော်တို့ လိုနိုင်ငံမှာ ဒီလို ချုပ်ချယ်မှုတွေ ရှိရင် နိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းဖို့ ဆိုတာ အိပ်မက် တစ်ခုလိုပဲ ဖြစ်နေမှာပါ” ဟု ဆိုသည်။

အလွတ်တန်း သတင်းထောက် အောင်နိုင် ရေးသားပေးပို့သည်။


ဒုက္ခသည်များ ဂျပန်သွားမလား

5 comments

မြန်မာပြည်သားတွေ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပဂေးဆံအိုက်တိုး၊ သရီးဒီ စသဖြင့် လုပ်ငန်းအဖုံဖုံအတွက် ဂျပန်သွားရောက်ရေးဟာ အင်မတန့် အင်မတန် ခက်ခဲပါတယ်။ သိန်းပေါင်းများစွာ ပုံပေးပြီး ကျိုးစားရတာပါ။

သို့သော် - ထိုင်းနယ်စပ် ဒုက္ခသည်များအတွက်တော့ ပိုက်ဆံမကုန်ဘဲ သွားတဲ့နည်းတခု ရှိနေပါတယ်။ အင်တာဗျူးတခုတော့ အောင်ရမယ်လို့ ဆိုတယ်။

နို့ဖိုးဒုက္ခသည် စခန်းထဲက လာတဲ့ သတင်းက ဒီလိုပါ -

ဂျပန်နိုင်ငံ၏ ဒုက္ခသည်ခေါ်ယူရေး ရှေ့ပြေး ၃ နှစ် စီမံကိန်း နောက်ဆုံးအစီအစဉ် ( Japan Resettlement Program – 3 year Pilot Project )

ဂျပန်နိုင်ငံမှ ဒုက္ခသည်ခေါ်ယူရေး ဆိုင်ရာ တာဝန်ရှိသူများ၊ UNHCR ၀န်ထမ်းများ သ
ည် နို့ဖိုးဒုက္ခသည် စခန်း ကော်မတီနှင့် ယမန်နေ့က တွေ့ဆုံနွေးကြပါသည်။

ထိုနောက် ဂျပန်နိုင်ငံ၏ ဒုက္ခသည် အစီအစဉ်ကို စိတ်ပါဝင်စားသောသူများအား နို့ဖိုး ဒုက္ခသည် စခန်း ခန်းမဆောင်တွင် တွေ့ဆုံပါသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီးသော ဒုက္ခသည်များအကြောင်း ရိုက်ကူးထားသော Video ပြသပါသည်။ ထို့နောက် ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။

ဂျပန်သွားဖို့ အင်တာဗျူး
ဂျပန်၏ ဒုက္ခသည် ခေါ်ယူရေးအစီအစဉ်အရ ၂၀၁၂ မတ်လ အကုန် နို့ဖိုးဒုက္ခသည် စခန်းမှ လျှောက်ထား လိုသူများသည် UNHCR မှ တဆင့် လျှောက်ထားနိုင်ပြီး ဂျွန်လတွင် လူတွေ့စစ်ဆေးမှု ပြုလုပ်မည် ဖြစ်သည်။

ယခု အစီအစဉ် အရ နို့ဖိုးဒုက္ခသည် စခန်းမှ လူဦးရေ ၃၀ ကို ခေါ်ယူလက်ခံသွားမည်ဖြစ်ပါသည်။

ဂျပန် နိုင်ငံသည် ဒုက္ခသည်များကို ပထမဆုံး လက်ခံသော အာရှတိုက်မှ နိုင်ငံတနိုင်ငံဖြစ်ပြီး မဲလ နှင့် အုန်းပြန့် ဒုက္ခသည် စခန်းများ မှ လည်း ဒုက္ခသည်များကို လက်ခံ ခေါ်ယူခဲ့ပါသည်။

အင်တာဗျူးအောင်ရင် ဘာလုပ်မလဲ
ဖြေဆို အောင်မြင်သူများ သြဂုတ်လတွင် မဲဆောက်၌ ဂျပန်စာ၊ ဂျပန်စကားနှင့် ယဉ်ကျေးမှု သင်တန်း ၃ ပတ် တက်ရောက်ရပါမည်။

၂၀၁၂ စက်တင်ဘာလအကုန်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာရမည်၊
၂၀၁၃ မတ်လအထိ ၆ လကြာ ဂျပန်စာ၊ စကား သင်ကြားပေးမည်၊
နောက်ထပ် ၆ လ တွင် အလုပ်အကိုင်ရှာဖွေရေး သင်တန်း ထပ်မံသင်ကြား ပေးမည်ဟု သိရသည်။

ဂျပန်ရောက်ပြီး အစီအစဉ်များ
ဂျပန်အစိုးရက နေရေးထိုင်ရေး၊ အစားအသောက်၊ ကျန်းမာရေးအစီအစဉ်များကို ၁ နှစ် ထောက်ပံ့ပေးထားမည်၊ နောက်ပိုင်းတွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် စီစဉ်
ဆောင်ရွက်ပေးမည်၊ ကလေးများကို အထက်တန်းပညာအထိ အခမဲ့ ကျောင်းတက် ခွင့်ပြုလုပ်ပေးသွားမည်၊
ဂျပန် နိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ပြီးနောက် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြပါသည် ဟု ဆိုသည်။

(တတိယအသုတ် သွားမယ့် ဒုက္ခသည်များအကြောင်း သတင်းကတော့ အဲဒါပါပဲ။
ဒုတိယအသုတ် သွားခဲ့တုန်းက ဧရာဝတီမှာ ဒုက္ခသည်ဒုတိယအဖွဲ့ ဂျပန်ခရီး စပြီ ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။)

ရွြှေ့ပည်သာမှာ မြေကွက်ဖော်နေပြီ တဲ့

0 comments


သို့
THE IRRAWADDY

အကြောင်းအရာ။ ။ စီမံကိန်းနယ်မြေအဖြစ် ချန်ထားသော မြေနေရာများ၊ လူနေအိမ်အဖြစ်မြေကွက် မဖော်သင့်သော မြေနေရာများကို မြေကွက်ရိုက် ရောင်းစားနေခြင်း။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့သစ် ၀န်ထမ်းကြီးများ ရပ်ကွက်၊ ရွှေပြည်သာကွေ့အနီး၊ အမှတ်(၄)လမ်းမကြီး နှင့်မြို့ပတ်လမ်းအကြားတွင် ရှိသော မြေကွက်များအား ပေ၄၀x၆၀ မြေကွက်များဖော်၍ မြေကွက်များရ ယူခြင်း၊ ပြန်လည်ရောင်းစားနေခြင်းများ ပြုလုပ်နေကြပါသည်။

ယင်းနေရာမှာ အမှတ်(၄)လမ်းမကြီး လမ်းတိုးချဲရန် သတ်မှတ်ထားသောမြေကွက်များ ဖြစ်ပါသည်။ အမှတ်(၄) အဝေးပြေးလမ်းသည် ယခုအခါ(၂)လမ်းသွားအဆင့်သာ တည်ရှိနေပါသည်။ နေ့စဉ် ကုန်တင်ကားကြီးများ အမြဲမပြတ်သွားလာနေသော လမ်းလည်း ဖြစ်ပါသည်။ ယခုအချိန်တွင် မော်တော်ကားများတိုးပွားလာခြင်း၊ ကုန်သွယ်ယူမူ့ များလာခြင်း၊ ကားကြီးများ အသုံးပြုခြင်းတို့ကြောင့် လမ်းများ မကြာခဏပိတ်ဆို့နေခြင်း များ ဖြစ်ပေါ်နေပါသည်။

ရွှေပြည်သာမှ ရန်ကုန်မြို့တွင်းသို့ အလုပ် သွားလုပ်သူများသည် အဓိက အားထားရာ တခုတည်းသောလမ်းလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နောင်တချိန်တွင် လမ်းတိုးချဲ့ရန် မလွဲမသွေ လိုအပ်သောလမ်းမကြီးလည်း ဖြစ်ပါသည်။

ယင်းမြေကွက်လပ်သည်ပေ(၈၀) ခန့်သာ ရှိပါသည်။ ဖော်ထုတ်ထားသော မြေကွက်သည် ပေ၄၀x၆၀အကွက် အတန်းတစ်တန်းထဲသာ ဖြစ်ပါသည်။ ကျောချင်းကပ်၍ ဖော်ထုတ့်မရနိုင်ပါ။ သို့ဖြစ်ပါ၍ ယခုဖော်ထုတ်ထားသောမြေကွက်များသည် အရှေ့အရပ်တွင် ရှိသော အမှတ် (၄) လမ်းမဘက်သို့မျက်နှာမူ၍ အိမ်ဆောက်လုပ်ပါက မြို့ပတ်လမ်းတွင် ရှိသော အရှေ့အရပ်သို့ မျက်နာမူ ဆောက်လုပ်ထားသော အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ နေအိမ်များ၏ မျက်နှာစာသည် ယခုဖော်ထုတ်နေသောမြေကွက်များ၏ နောက်ဖေး၊ အနောက်ဖက်ခြမ်းကို မျက်နှာမူနေမည်ဖြစ်ပါသည်။
မည်သည့်လူမျိုးဖြစ်ပါစေ ကိုယ်အိမ်ရှေ့သည် တခြားအိမ်၏ မိလ္လာကန် ထားရှိရာ နောက်ဖေး အဖြစ်နဲ့ မည်သူမှ မနစ်သက်ကြပါ။ တကိုယ်ကောင်းဆန်သော မိမိအကျိုးသာ သိသောသူ များ၏ လုပ်ရပ်များပင်ဖြစ်ပါသည်။ ပြင်းထန်စွာ ကန့်ကွက် ပါသည်။

ထို့အပြင် ယင်းမြေကွက်တွင် ဂက်စ် ပိုက်လိုင်း ၂ လိုင်း သွယ်တန်းထားပါသည်။ အမှတ်(၄)လမ်းမ၏ ဘေးတွင်လည်း ဂက်စ် ပိုက်လိုင်း ၁ လိုင်း သွယ်တန်းထားပါသည်။

ထို့ကြောင့် ဂက်စ်ပိုက်လိုင်းများကြားတွင် တည်ရှိနေသော ယင်းမြေနေရာများတွင် မြေကွက်များဖော်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများ မပြုလုပ်သင့်ပေ။ ယင်းမြေကွက်လပ်အနီး အမှတ် (၄) လမ်းမ၏အရှ့ဘက်တွင် ရှိသော ဂက်စ် ပိုက်လိုင်းသည် ( ၈့၁၁့၂၀၁၀ ) နံနက် (၃း၁၅)ခန့်တွင် ပေါက်ကွဲမူ့ဖြစ်ပေါ်ခဲ့ပြီး (၂) ဦးသေဆုံးခဲ့ပါသည်။

အမှတ်(၄) အဝေးပြေးလမ်းသည် ကုန်တင်ကားကြီးများ နေ့စဉ် သွားလာမူ့ကြောင့်လမ်းတုန်ခါမူများ ဖြစ်ပေါ်စေပါသည်။ လမ်းမနှင့်နီးနေသောဂက်စ် ပိုက်လိုင်းများသည် မြေသားတုန်ခါမူ့ကြောင့် ပိုက်ဆက်များ ပေါက်ခြင်း၊ မီးလောင်ခြင်းများ ဖြစ်ပေါ်စေပါသည်။ ယင်းမြေကွက်ရှိ ပိုက်လိုင်း၂လိုင်း မြေပေါ် ပေါ်နေပါသည်။ သို့ဖြစ်ပါ၍ ယင်းမြေနေရာတွင်လူနေအိမ်များဆောက်လုပ်ခြင်း၊ ဆိုင်ခန်းများ ဆောက်လုပ်ခြင်း လုံးဝ မသင့်တော်ပါကြောင်း ၊ ယင်းမြေကွက် ရွှေပြည်သာကွေ့ လမ်းဆုံနေရာတွင် လောင်စာဆီရောင်းမည့်ဆိုင်တဆိုင် ဆောက်လုပ်မည်ကိုလည်း ကြားသိရပါသည်။

ထို့ကြောင့် ၀န်ထမ်းကြီးများနေထိုင်သော ရပ်ကွက်သည် နိုင်ငံတာဝန်များ ထမ်းဆောင်၍ အငြိမ်းစားများ သက်ကြီးရွယ်အိုများ မိသားစုများ အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ယခုအခါတွင် သောကရောက်နေကြပါသည်။

လူကြီးမင်းများ၏ သတင်းဂျာနယ်များတွင် ဖော်ပြနိုင်ရန်၊ မသင့်တော်သော လုပ်ဆောင်ချက်များကို တားဆီးနိုင်ရန်၊ မီဒီယာများက အကြံပြုကူညီ ဖြေရှင်းပေးနိုင်ပါရန် အကြောင်းကြား သတင်းပေးပို့အပ်ပါသည်။

လေးစားစွာဖြင့်
ရွှေပြည်သာမြို့သစ်ဝန်ထမ်းကြီးများရပ်ကွက်မိသားစုများ

ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ

1 comments

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတချို့ရဲ့ ရုပ်တုတွေ ထုလုပ်ခဲ့တဲ့ အမေရိကန် ပန်းပုဆရာ Jim McNalis လတ်တလော လက်စွမ်းပြထားတာကတော့ ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာပဲ ကာယကံရှင်ဆီကို ရုပ်တု ပေးအပ်တဲ့ အစီအစဉ် မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။

နယ်စပ်ဒေသမှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာဆုတွေ ရရှိထားသူပါ။

ပန်းပုဆရာက သူလေးစားတဲ့ ဆရာဝန်ရဲ့ ရုပ်တု ပေး
အပ်တဲ့ အစီအစဉ်မှာ နယ်စပ်ဒေသက မိတ်ဆွေတွေ၊ အဖွဲ့အစည်းကိုယ်စားလှယ်တွေ တက်ရောက် ဂုဏ်ပြုကြတာကို သဘောကျနေပါတယ်။

မယ်တော်ဆေးခန်းမှာ သူတို့ စုဝေးပြီး ကရင်ဘာသာစ
ကားနဲ့ ရယ်ရယ်မောမော ပြောဆိုနေကြတယ်လို့ ပန်းပုဆရာက ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဂုဏ်ပြု ထုလုပ်ခဲ့တဲ့ ရုပ်တုတချို့







ကြံ့ခိုင်ရေးရဲ့ ကြားဖြတ်ရွေးကောက်ပွဲဗျူဟာ

6 comments

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ အောင်ပန်းလှိုင် ၃ လမ်း လမ်းထိပ်က မြင်ကွင်း။
ကြံ့ခိုင်ရေးတံဆိပ်နဲ့ လမ်းဖောက်လုပ်မှု မှတ်တမ်း ကျောက်တိုင်တွေကို ရန်ကုန်မြို့က လမ်းတကာမှာ တွေ့နိုင်ပါတယ်။

အာဏာရကြံ့ခိုင်ရေးပါတီရဲ့ အစည်းအဝေးမှတ်တမ်းတခု အင်တာနက်ကို ပေါက်ချလာပါပြီ။
စာမျက်နှာ ၂ မှာ ဖော်ပြထားချက်အရ ဇန်န၀ါရီ ၂၀၊ ၂၁ လောက်မှာ လုပ်တဲ့ အစည်းအဝေး
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီကိုယ်စားလှယ်တွေ တက်ရောက်တယ်လို့ ဆိုတယ်။
စုစုပေါင်း ၁၃ မျက်နှာ ရှိပါတယ်။


၁၊ ၂

၄၈ နေရာလုံး ပြန်နိုင်မှဖြစ်မယ်၊
NLD ကို အထင်သေးလို့မရ၊ အထင်ကြီးဖို့လည်း မလို၊




၃၊ ၎
ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် စည်းရုံးနိုင်ရန် တမြို့နယ် သိန်း ၅၀ စီ ထုတ်ပေးထား၊ ပြည်သူ အကြည်ညိုကင်းမဲ့အောင် မပြုလုပ်မိရန် အရေးကြီး
----
NLD ဟာ အထိုက်အလျောက် အင်အားရှိ၊ မိမိတို့နဲ့ ယှဉ်နိုင်စွမ်းရှိ၊ မိမိတို့ကို အံတုလာ





၅၊ ၆


၇၊ ၈
ဆရာ ဒကာ အစီအစဉ် ဆောင်ရွက်ချက်များကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်

မဲရုံမှူး နဲ့ မဲရုံဝန်ထမ်းတွေကို ရင်းနှီးအောင်လုပ်၊ လူမှုရေးအကူအညီပေး။
မိမိတို့ကို ကူညီလိုစိတ်ရှိလာအောင် စည်းရုံး




၉၊ ၁၀
မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ၊ မီးသတ်တို့နှင့် ပေါင်းပြီး အနိုင်ရရေး ဆောင်ရွက်


၁၁၊ ၁၂
NLD က ရှုံးလျှင် မတရားဘူး ပြောလိမ့်မည်၊ ပြဿနာရှာမည်၊
နိုင်ရင် တရားတယ် ပြောမည်




၁၃


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved