ကျောင်းနေပျော်၍ စာတော်စေလိုသူများ

Wednesday, July 18, 2012 0 comments

~



ရန်ကုန်မြို့ အမေရိကန်စင်တာက ဦးစီး ကျင်းပတဲ့ "လူမှုအသိုင်းအ၀ိုင်း တည်ဆောက်ခြင်း အစီအစဉ်" ရဲ့ ကလေးလူငယ်တွေအတွက် ပညာရေးအသိပေး ဆွေးနွေးပွဲ ဖြစ်ပါတယ်။






ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

လေ့လာရေး

0 comments



~



ကာတွန်း - ငယ်လေး (မန်း)
www.facebook.com/cartoon.ngelay


~

ဆန္ဒပြ နည်းဥပဒေနဲ့ ပထမဆုံး ဆန္ဒပြပွဲ

0 comments

~


မိုင်အဲမလီ

(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဆန္ဒပြခြင်းဆိုင်ရာ နည်းဥပဒေကို အကြိမ်ကြိမ် တည်းဖြတ်နေတာကြောင့် ထုတ်ပြန်ဖို့ ကြန့်ကြာခဲ့ရပါတယ် လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်မှာ ပြောပြကြောင်း ဒီကနေ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။

နည်းဥပဒေတွေကို "မကြာခဏပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ရခြင်းများ မဖြစ်စေရန် ဥပဒေပညာရှင်များဖြင့် အကြိမ်ကြိမ် တည်းဖြတ်ရေးဆွဲပြီး ဆောင်ရွက်ခဲ့ပါကြောင်း" လို့ ဒုဝန်ကြီးက ရှင်းပြသွားပါတယ်။

ကြန့်ကြာတယ်လို့ ဒုဝန်ကြီးက ပြောပေမယ့် လပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက် အင်မတန် မြန်ဆန်တယ်လို့ ပြောနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ဆွဲတာတောင် ၁၅ နှစ် ကြာခဲ့တယ် မဟုတ်လား။


ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ရဲတပ်ဖွဲ့က မင်္ဂလာဒုံမြို့နယ်မှာ ဆန္ဒပြခွင့် ပြုခဲ့ပါတယ် လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။ တခြားနေရာတွေမှာ ဆန္ဒပြခွင့်ပြုဖို့ လျှောက်ထားတာတွေကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ခွင့်ပြုပေးနေပါတယ် တဲ့။

ဒုဝန်ကြီးပြောသလိုပါပဲ -

တနင်္ဂနွေနေ့မနက်က မင်္ဂလာဒုံမှာ လယ်သမားတွေ ချီတက် ဆန္ဒပြကြပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ဥပဒေနဲ့အညီ လုပ်မှာလား၊ ညှိနှိုင်းဖြေရှင်းပေးမှာလားဆိုတဲ့ ဆိုင်းပုဒ်တွေ ကိုင်ထားကြပါတယ်။


မြန်မာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အာဏာပိုင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲ ဖြစ်ပါတယ်။

ဆန္ဒပြမယ့် လယ်သမား ၁,၀၀၀ ရှိပေမယ့် အယောက်၂၀၀ ပဲ ဆန္ဒပြဖို့ ရဲက ကန့်သတ်ခဲ့တာပါ။ ဆန္ဒပြချိန် ၂ နာရီ ခွင့်ပြုခဲ့ပါတယ်။ လုံခြုံရေးကိုတော့ ပုံမှာ တွေ့ရတဲ့အတိုင်း ဖောဖောသီသီပေးထားပါတယ်။ ဆန္ဒပြမှုဟာ မင်္ဂလာဒုံမြို့နယ် လမ်းသစ်လမ်းကနေ ထောက်ကြန့်မှာရှိတဲ့ မြနန္ဒာပန်းခြံမှာ အဆုံးသတ်ရခဲ့ပါတယ်။

ခွင့်ပြုချက် ပေးထားတဲ့ ပိုစတာ စာသားတွေ ကိုပဲ ကိုင်ဆောင်ရပါတယ်။

“ တို့ပိုင်တဲ့ မြေ “
“ မွန်ပြည်နယ်မှာနေတုန်းက ရွှေ ၊ ငွေ ၊ ကြက် ၊ ၀က် တွေပဲ ဓားပြတိုက်တယ်၊
ရန်ကုန်ကိုပြောင်းလာပြီး အနှစ် ၂၀ ကြာမှ မြေတွေကို ဓါးမြတိုက်ခံရတယ်၊ ကုန်ရော “

စတဲ့ ပိုစတာတွေကို ရဲက ဆင်ဆာဖြတ်တယ်လို့ ဆိုပါတယ်။

ဒီစာသားတွေ ကဗျာဆန်လို့ ပယ်ချတာလား၊ စကားပြေဆန်နေလို့ ပယ်ချတာလား၊ ဘာကြောင့် ပယ်ချသလဲ ဆိုတာကိုတော့ မသိရသေးပါ။

လယ်သမားဆန္ဒပွဲကို MRTV-4 က ထူးထူးခြားခြား လာရောက် သတင်းယူ ရိုက်ကူးခဲ့ပါတယ်။



ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြခွင့်ရခဲ့ပုံအကြောင်း ဧရာဝတီ မူရင်းစာမျက်နှာမှာလည်း သတင်းတပုဒ် ဖော်ပြခဲ့ပြီးပါပြီ။

သွားရောက် ဖတ်ရှုနိုင်တဲ့ လိပ်စာက burma.irrawaddy.org/archives/15014 ဖြစ်ပါတယ်။

~

မသေခင်က ပျောက်နှင့်သည်

0 comments

ကာတွန်း - လိုင်လုဏ်

“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား

0 comments


ကျော်ခ

http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9884.jpgယမန်နေ့က ၀ပ် ဆိုင်းမွန်း ကျောင်းတိုက်တွင် ကျင်းပသော သီတဂူ ဆရာတော်ကြီး အရှင် ဉာဏိဿရ တရားပွဲ (ဓာတ်ပုံများ – Steve Tickner/ဧရာဝတီ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် ကမ္ဘာ့သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ က “ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး”အမည်ရ တရားကို ယမန်နေ့ ညပိုင်းက ဟောကြားသွားသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9838.jpgတရားပွဲတွင် ဆရာတော်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အချင်းချင်း စည်းလုံးကြရန်နှင့် မြန်မာ့အမွေ အနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန်၊ ထိုသို့လုပ်ဆောင်ရွာတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ညီညီညွှတ်ညွှတ် ဆောင်ရွက်ကြ ရန် မိန့်ကြားခဲ့သည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9809.jpg“ဆရာတော် ဟောသွားတာ စိတ်ဝင်စားပြီး နာကြားရတာ ကောင်းတယ်။ သူက ဘုရားလက်ထက်က အဖြစ်အပျက်တွေကို ဥပမာ ပေးပြီး ဟောသွားတယ်။ ပြီးတော့ မြန်မာနိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်ကြဖို့ အဓိက ပြောဆို ဆုံးမသွားတယ်။ ကျနော် လည်း ဒါ ပထမဆုံး ဒီဆရာတော်ရဲ့ တရားကို ကိုယ်တိုင်တွေ့ဆုံ နာကြားရတာလည်းဖြစ်လို့ ဟောပြောသွားတာတွေ စိတ်ဝင်စား တယ်”ဟု တရားနာ ပရိသတ် တဦးက ဧရာဝတီသို့ ပြောသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9751.jpgတရားပွဲဖြစ်မြောက်ရေး စီစဉ်သူ မမီးမီးကလည်း“ဆရာတော်က ဘန်ကောက်ကို ကိစ္စတခုနဲ့ ကြွလာတာကို သိလို့ ကျမတို့ကလည်း ချင်းမိုင်မှာရှိတဲ့ မြန်မာ ပြည်သူပြည်သားတွေကို အားပေး ဆုံးမသြဝါဒ တရားပေးဖို့ ပင့်လိုက်တာပါ”ဟု ပြောသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9830.jpgဝပ် ဆိုင်းမွန်းကျောင်းတွင် သတင်းသုံးပြီး ယမန်နှစ်က ပျံလွန်တော်မူသွားပြီဖြစ်သော ဆရာတော် ဦးအာသဘ နေရာ၌ ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာများက ထိုင်း ကျောင်းထိုင် သံဃာ ထားရှိရန် စီစဉ်ရာတွင် ဂေါပက အဖွဲ့ဝင်များ အပါအ၀င် မြန်မာနိုင်ငံသား ၁၅၀ ကျော်က ပြီးခဲ့သည် ဇူလိုင် ၉ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သည်။

ယင်းသို့ ဖြစ်ပွားခဲ့သော ဝပ် ဆိုင်းမွန်း ကျောင်းသို့ ဆရာတော် အရှင်ဉာဏိဿရ က ကြွလာခဲ့ပြီး မြန်မာ ပရိသတ် ၃၀၀ ကျော်ကို တရား ဟောကြားခြင်း ဖြစ်သည်။

“အိမ်နီးနားချင်း ငြိမ်းငြိမ်းချမ်းချမ်းလည်း နေရမယ်၊ ညီညီညွတ်ညွတ်လည်း နေရမယ်၊ ပြီးတော့ ကိုယ့်လူမျိုးအချင်းချင်းလည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ညီညီညွတ်ညွတ်နေကြရမယ်”ဟု တရားပွဲတွင် ထည့်သွင်း မိန့်ကြားသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9827.jpg၀ပ် ဆိုင်းမွန်း ကျောင်းအရေး နှင့် ပတ်သက်၍လည်း ဆရာတော် အရှင်ဉာဏိဿရက ပိုင်ဆိုင်ခြင်းထက် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်၍ ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု မိန့်သည်။

“ဝပ်ဆိုင်းမွန်း ကိစ္စမှာလည်း ဘုန်းကြီးတို့က ကျောင်းပိုင်ဖို့ ပြောတာ မဟုတ်ဘူး အမွေအနှစ် ထိန်းဖို့ပြောတာ၊ ပိုင်ဆိုင်ခြင်း ကိုတော့ အလိုမရှိပါဘူး၊ ယဉ်ကျေးမှု အမွေအနှစ်ကိုတော့ ထိန်းရမယ်၊ မြန်မာ့အမွေအနှစ်မလို့ မြန်မာတွေမှာ တာဝန်ရှိတယ်၊ ဒါကိုတော့ ထိန်းသိမ်း စောင့်ရှောက်ကြရလိမ့်မယ်၊ အဲဒါလေးကို ဘုန်းကြီးကလာအားပေးတာ၊ တယောက်တပေါက်တော့ မလုပ်နဲ့”ဟု မိန့်သည်။

ဆရာတော်က မနာလို ၀န်တိုမှုနှင့် ခိုက်ရန်ပဋိပက္ခ ဖြစ်ပွားခြင်း၊ မာနထောင်လွှားခြင်း၏ အကျိုးမရှိပုံ၊ ကြားလူ ကောင်းစားသွားပုံ၊ ဉာဏ်ပညာ ဗဟုသုတနည်း၍ အတွေး အခေါ်လွဲချော်ပုံ စသည်တို့ကို ပုံဝတ္ထုများဖြင့် ဟောရာ၌ ခြင်္သေ့၊ ၀က်ဝံ၊ ကဒေါင်း၊ ခွပ်ဒေါင်း တို့ဖြင့် ဥပမာပေး ဟောကြားသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9791.jpg“ရန်ဖြစ်တယ်ဆိုလို့ရှိရင် ဒေါင်းကသလိုပဲတဲ့၊ ဒေါင်းများကရင် ရှေ့ကကြည့် သိပ်လှတာ၊ အမြီးလေးတွေများ စ၊ ထ၊ ဗ၊ ဝ တွေများ ပေါ်နေသလား ထင်ရတယ်၊ ကဒေါင်းကို နောက်ကမကြည့်ပါနဲ့၊ ငါသာလျင် မှန်တယ်ဟေ့၊ ငါအကောင်းဆုံးလို့ ပြောရင်းပြောရင်းနဲ့ နောက်က ဟိုဟာကြီး ပေါ်လာမယ်၊ အဲဒါကြောင့် ကဒေါင်းတော့ ဟန်မကျဘူး၊ ကိုယ့်မဟုတ်တာကြီး ဖော်ပြသလိုပဲ ခွပ်ဒေါင်း လေး ပဲ အဆင်ပြေပါတယ်”ဟု ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းမြို့ လင်းဇင်းရပ်ကွက်တွင် ထိုင်းပန်းပုလက်ရာများနှင့် စေတီပုထိုးများကို မွမ်းမံတည်ဆောက် ထားသည့် ယွန်းကျောင်း ဟုခေါ်သော ထိုင်းဘုန်းကြီးကျောင်းတွင် ထိုင်းသံဃာတော်များ လွတ်လပ်စွာသတင်းသုံးခွင့်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ တချို့နေရာများတွင်လည်း ထိုင်းအမွေအနှစ်များ ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

ယခင်က ဘန်ကောက်မြို့တွင် မွန်လူမျိုးတို့ ကိုးကွယ်တည်ဆောက် ထားခဲ့သော မွန် ပန်းပု၊ ပန်းချီ လက်ရာများဖြင့် တည်ဆောက် ထားသော ဝပ်ဒွန်း ကျောင်းတိုက်၊ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်း မြို့ရှိ ဝပ်ဆီချုံး ကျောင်းများသည်လည်း ထင်ရှားခဲ့သည်။ သို့သော်လည်း မီးလောင်မှုဖြစ်ပြီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ယခု ဝပ် ဆိုင်းမွန်း ကျောင်းကိုလည်း ယင်းသို့ မဖြစ်စေရန် ဂရုစိုက်ရန်လိုကြောင်း သတိပေးသွားသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9774.jpgဝပ်ဆိုင်းမွန်း ကျောင်းနှင့်ပတ်သက်၍လည်း“နှစ် ၄၀၀ ကျော်က မြန်မာ့ အမွေအနှစ်ဆိုတဲ့ ဆင်ဖြူရှင်မင်းတရားကြီး ဘုရင်နောင်ရဲ့ စစ်သည်တော်တွေ ဆောက်ထားခဲ့တဲ့ ဒီကျောင်းတိုက်ကြီးထဲမှာ ဘုန်းကြီးတို့က ငြိမ်းငြိမ်းချမ်းချမ်း ညီညီ ညွတ်ညွတ်နဲ့ အမွေအနှစ် တွေကို ထိန်းဖို့ ဗုဒ္ဓ လက်ထက်က နည်းများကို ဒီမှာ တစေ့တစောင်း လာပြောပြပါတယ်”ဟု တရားပွဲအတွင်း ထည့်သွင်း မိန့်ကြားသည်။

ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစုက ကိုးကွယ်သည့်ကျောင်း ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်။

မြန်မာဘုန်းကြီးကျောင်းများကို ကိုးကွယ်သူ မြန်မာနိုင်ငံသားများကို ဘာသာစကားတူသော သံဃာတော်များ တရားပေးခြင်း သာလျင် ပိုမိုကောင်းမွန်ပြီး ထိုကျောင်းများတွင် ထိုင်းသံဃာတော်များ သတင်းသုံးရန်ထားရှိပါက မြန်မာနိုင်ငံသားများအတွက် တရားပေးခြင်းနှင့် အလှူအတန်းပြုလုပ်ရန်အတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း မဲဆောက်မြို့တွင် သတင်းသုံး
နေထိုင်သော ဆရာတော ဦးစန္ဒောဘာသကလည်း မိန့်သည်။

“တရားပေးတဲ့အခါ သူ့စကားကိုယ် နားမလည်၊ ကိုယ့်စကား သူနားမလည်ပေါ့၊ မြန်မာ သံဃာတွေ လာရင် တည်းခိုဖို့လည်း အခက် အခဲတွေဖြစ်လာနိုင်တယ်၊ ရွှေ့ပြောင်းမြန်မာတွေအတွက်လည်း အလှူအတန်းလုပ်ဖို့ အခက်တွေ့လာနိုင်တာပေါ့”ဟု မိန့်ကြားသည်။
http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9824.jpg
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျံလွန်တော်မှုသွားသည့် ၀ပ်ဆိုင်းမွန်း နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁နှစ်၊ ၀ါတော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေ အရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်နေကြသည်။

ဆရာတော်ကြီး ဦးအာသဘသည် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ၀ပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံး နေထိုင်ခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ပါရှိသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို သာသနာတော် သက္ကရစ် ၂၁၀၁ ခုနှစ်တွင် ဇင်းမယ်မြို့ မြန်မာမင်းများ အုပ်ချုပ်စဉ်က စ တင် တည်ထောင်ခဲ့ပြီး ထိုစဉ်ကစ၍ ယခုနောက်ဆုံး ပျံလွန်တော်မူသွားခဲ့သော ဆရာတော် ဦးအာသဘ လက်ထက်အထိ ကျောင်း ထိုင် ဆရာတော် ၁၀ ဆက်ရှိခဲ့ပြီဖြစ်ကြောင်း ကျောင်း၏ မှတ်တမ်း အရ သိရသည်။

ခွပ်ဒေါင်းနဲ့ ကဒေါင်း ဘာက ပိုကြည့်ကောင်းသလဲ

0 comments



~

http://www.irrawaddy.org/wp-content/gallery/nyanissara/dsc_9898.jpg

(Photo: Steve Tickner/ The Irrawaddy)

ကဒေါင်းထက် ခွပ်ဒေါင်းကို ကြည့်ရတာ ပိုအဆင်ပြေတယ်လို့ သီတဂူ ဆရာတော် အရှင်ဉာဏိဿရက တနင်္လာနေ့မှာ မိန့်ကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ဝပ်ဆိုင်းမွန်း မြန်မာကျောင်း တရားပွဲမှာ အဲဒီလို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။

"ရန်ဖြစ်တယ်ဆိုရင် ဒေါင်းကသလိုပဲ ... ငါသာလျှင် မှန်တယ်ဟေ့၊ ငါတို့အကောင်းဆုံးပဲလို့ ပြောတဲ့ သူတွေက အဲဒါ ဒေါင်းကတာ"



ရုပ်သံမှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။



ထူးခြားတဲ့ လယ်တောသူ အလှမယ်ပွဲ

0 comments


ထူးထူးခြားခြား လယ်တောသူ အလှမယ်ရွေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center မှာ ပထမဆုံးအကြိမ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ထိုပြိုင်ပွဲကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။




၎င်းပြိုင်ပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်က မြန်မာ့ ရိုးရာ ကျေးလက်သဘာဝ လယ်တောသူတိုရဲ့ လူနေမှုဟန်ကို သိရှိရန်အတွက် ကျင်းပရတာဖြစ်ပါတယ်တဲ့။ ပြိုင်ပွဲဝင် လယ်တောသူ အလှမယ် ၂၅ ဦးတို့က လယ်တောသူတို့၏ သဘာဝလှုပ်ရှားမှုဖြစ်တဲ့ ကောက်စိုက် ပျိုးကြဲ၊ စပါးရိတ်သိမ်း၊ ဆေးဖျန်းခြင်းအစရှိတဲ့ ဟန်ပန်အမှုအရာများကို ကြိုတင်လေ့လာပြီးမှ ပြိုင်ပွဲဝင်ရတာဖြစ်ပါတယ်တဲ့။















နေမြဲ

3 comments

~




ကာတွန်း - ဦးဘဂျမ်း

~

အာဇာနည်နေ့အကြို သတင်းများ

0 comments

.



ဒီနေ့ထုတ် အစိုးရသတင်းစာများထဲက အာဇာနည်နေ့အကြို သတင်း ၃ ပုဒ်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မိတ္ထီလာမြို့လယ်က အာဇာနည်ကျောက်တိုင် ပြန်ဖွင့်ပြီ
မိတိတ္ထီလာ ဇူလိုင် ၁၇

မိတ္ထီလာမြို့လယ်မှ အာဇာနည်ကျောက်တိုင်ပြုပြင်မွမ်းမံခြင်းမပြုရသေးမီ အခြေအနေကို တွေ့ရစဉ်။


မိတ္ထီလာမြို့ မြို့မလေးရပ်ကွက် ပန်းတိမ်တန်းရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် အာဇာနည် ကျောက်တိုင်ရှိသည်။

အာဇာနည်ကျောက်တိုင်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ပြီး ၁၉၄၈ ခုနှစ်က မိတ္ထီလာမြို့၏ မြို့လယ်ကောင် ပန်းတိမ်တန်းရပ်ကွက်တွင် ဂုဏ်ပြု တည်ဆောက်ထားခဲ့သည်။

အာဇာနည်ကျောက်တိုင် ဆောက်လုပ်ပြီး နှစ်စဉ် ဇူလိုင် ၁၉ ရက်တွင် အာဇာနည် ကျောက်တိုင်သို့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ဆွမ်းသွတ်အမျှအတန်းပေးဝေခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်းများစွာ မကျင်းပဖြစ်ခဲ့ဘဲ ကျောက်တိုင်အနီးတွင် ကွမ်းယာဆိုင်နှင့် ထရန်စဖော်မာတို့ကိုသာ တွေ့ရသည်။

ခေတ်အဆက်ဆက် တိမ်မြုပ်ခဲ့ရသည့် မိတ္ထီလာမြို့လယ်မှ အာဇာနည်ကျောက်တိုင်ကို အစိုးရသစ်လက်ထက်တွင် ပြန်လည် မွမ်းမံလျက်ရှိရာ ကွမ်းယာဆိုင်ကို အာဇာနည်ကျောက်တိုင် အရှေ့ဘက်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး အာဇာနည် ကျောက်တိုင်ဝင်း အတွင်း တပ်ဆင်ထားသည့် ထရန်စဖော်မာကိုလည်း လမ်းအရှေ့ဘက်သို့ ဇူလိုင် ၁၉ ရက်အမီ ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိသည်။

ယခုအခါ မိတ္ထီလာမြို့ ပန်းတိမ်တန်းရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်ကို ထုံးဖြူသုတ်ခြင်း၊ အာဇာနည် ကျောက်တိုင်အတွင်းလမ်းများ အုတ်လမ်းခင်းခြင်း၊ ကျောက်တိုင်ဘေးပတ်လည်ရှိ အုတ်တံတိုင်းအား ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။

မှေးမှိန်တိမ်မြုပ်နေခဲ့သည့် သမိုင်းဝင် အာဇာနည်ကျောက်တိုင်ကြီးသည် မားမားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် မြို့လူထုက ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုနေကြသည်။ (၁၁၁)

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ဖွင့်လှစ်ထား
ရန်ကုန် ဇူလိုင် ၁၇

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်း(ယခင်တာဝါလိန်းလမ်း) ရှိ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မေလမှစ၍ ကျဆုံးသည့် ၁၉-၇-၁၉၄၇ ရက်နေ့အထိ နေထိုင်ခဲ့သည်။

ဗိုလ်ချုပ်သုံးစွဲခဲ့သော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သောစာအုပ်များ၊ ဗိုလ်ချုပ် ဝတ်ဆင်ခဲ့သော အဝတ်အထည်များ၊ ဗိုလ်ချုပ်စီးခဲ့သော မော်တော်ကားတို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စနစ်တကျ ထိန်းသိမ်း၍ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြည်သူလူထုနှင့် ပြည်ပလေ့လာသူများ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသလျက်ရှိသည်။

ယခင်က အာဇာနည်နေ့တစ်ရက်တည်းသာ ဖွင့်လှစ်ပြသခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မတ် ၅ ရက်မှစ၍ တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။

ဝင်ကြေးမှာ မြန်မာနိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲ လူကြီးငွေကျပ် ၃ဝဝ၊ သံဃာတော်/သီလရှင်၊ ကလေးငွေကျပ် ၁ဝဝ သတ်မှတ်ထားကြောင်း၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင်မူ အထူး အစီအစဉ်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသမည်ဖြစ်သည်။ (သတင်းစဉ်)

၂ဝ၁၂ ခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့
အခမ်းအနားကျင်းပပုံ တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ဇူလိုင် ၁၇

ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပမည့် ၂ဝ၁၂ ခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံကို MRTV၊ MRTV-4 (၄) နှင့် Skynet ရုပ်သံလိုင်း အစီအစဉ်တို့မှ အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


===

လွတ်လပ်ခြင်းရဲ့ နှင်းဆီ

0 comments



ချက်နိုင်ငံခြားရေး ၀န်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား နှင်းဆီပန်းခြောက် တပွင့် လက်ဆောင်ပေးပုံ။ ဓာတ်ပုံ- AP

ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံက ဒုဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ မစ္စတာ Karel Schwarzenberg က ယမန်နေ့ ညနေပိုင်း က နေပြည်တော်မှာ လွှတ် တော် တက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သင်္ဂဟ ဟိုတယ်မှာ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ-AP
ဒီလိုတွေ့ဆုံရာမှာ ထူးခြားတဲ့ လက်ဆောင်ပစ္စည်းတခုကို ဒေါ်အောင်ဆန်းစုကြည်ကို ချက်နိုင်ငံခြားရေး ၀န်ကြီးက လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ဒါကတော့ နှင်းဆီပန်းပွင့်ခြောက် တပွင့်ပါ။

ဗားကလပ်ဗ် ဟာဗဲလ် ကွယ်လွန်စဉ်က ဈာပန အခမ်းအနားမြင်ကွင်း ။ ဓာတ်ပုံ - အောင်မျိုးမင်း

အဲဒီ နှင်းဆီပန်းပွင့်ခြောက်ကလေးကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ အသက် ၇၅ နှစ်အရွယ် ဟာဗဲလ် ကွန်လွန်ချိန်တုန်းက ချက်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား သူတွေက နောက်ဆုံး ဂါရ၀ပြု နုတ်ဆက်စဉ် သူ့ရဲ့ ရုပ်ကလပ်ပေါ်မှာ တင်ခဲ့တဲ့ ဟာဗဲလ်ချစ်တဲ့ နှင်းဆီပန်းလေး တပွင့်ပါဘဲ။

ဟာဗဲလ် ဈာပနအခမ်းအနားမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဂုဏ်ပြု ပန်းခြင်း
ချက်အနုပညာသမားတဦးက ဒီပန်းကို မပျက်မဆီးအောင်ထိမ်းသိမ်းထားတာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ တုန်းက “မလွတ်လပ်ခြင်းရဲ့ နှင်းဆီ” (A Rose for the Unfree) အမည်ရှိ ဆောင်းပါးကို ၀ါရှင်တန်ပို့စ် သတင်းစာမှာ
ဟာဗဲလ်ဟာ သူ မကွယ်လွန်ခင်က အမှတ်တရ အဖြစ် ရေးသားခဲ့ပါတယ်။

အဲဒီ ဆောင်းပါးနိဂုံးချုပ်မှာ ဟာဗဲလ်က သူ့မှာ ရယ်စရာ အတွေးတခုရှိခဲ့ကြောင်း၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် နှင်းဆီပန်းလေးတပွင့် ပေးချင် တာ ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။

အခု ချက်နိုင်ငံခြားရေး ၀န်ကြီးက ကွယ်လွန်သူ ဗားကလပ်ဗ် ဟာဗဲလ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေ နဲ့ နှင်းဆီပန်း ခြောက်ကလေး ကို တယုတယ ချက်ရီပတ်ပလစ် သမ္မတနိုင်ငံကနေ သယ်ယူလာ ပြီး နေပြည်တော်ထိ သွားရောက်ကာ ဟာဗဲလ် ကိုယ်စား ပေးအပ်ခဲ့တာပါ။

တမလွန်က ဟာဗဲလ် ကတော့ ဒေါ်အောင်ဆန်းစုကြည်လက်ကို အခုလို နှင်းဆီပန်းလေး လက်လွှဲပေးလိုက် ရတာကို ကြည်နှုးပီတိဖြစ်နေမှာ မုချ မလွဲပါ။

ဗားကလပ် ဟာဗဲလ်ဟာ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ရှေ့တန်းက အားပေးထောက်ခံခဲ့တာပါ။ ချက်နိုင်ငံက လည်း အလားတူ ထောက်ခံအားပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အခုတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်တဲ့ဘ၀ကို ရောက်ရှိနေပြီး မှ ပေးအပ်တဲ့ နှင်းဆီပန်းဖြစ်တာမို့ လွတ်လပ်ခြင်းရဲ့ နှင်းဆီလို့ တင်စားရတော့မှာပါ။

လင်းသန့် ရေးသားပေးပို့သည်။

မြန်မာပြည်သို့ အိန္ဒိယတိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ်

0 comments


ရှေ့တန်း(၀ဲမှယာ)..ဦးဘအုန်း၊ဦးစော၊ ဆာ ဘာ့ဂ်ျပိုင်၊ ဦးဘသန်း၊ ဦးထွန်းအောင်ကျော်၊ နောက်တန်း(၀ဲမှယာ)..ဦးကျော်မင်း၊ မစ္စတာဝါနာသံ၊ မစ္စတာ ဘော့ဇ်မင်း၊ ဦးတင်ထွဋ်

အဖနိုင်ငံတော်အတွက် အနာဂတ်ကိုပါ ထိပါးလာနိုင်တဲ့ အနောက်မြောက်နယ်ခြားကမီးလျှံများအကြောင်း လေ့လာတဲ့အခါ ခေတ်တိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းခဲ့ကြတာကို တွေ့ရပါတယ်။

အစောဆုံးတွေ့မိတာက ၁၉၄၁ ခုနှစ်မှာပါ။ အဲဒီအချိန်က နန်းရင်းဝန်ဖြစ်တဲ့ ဂဠုန်ဦးစောဟာ အိန္ဒိယ ကိုယ်စားလှယ်တွေနဲ့ အကြေအလည်ဆွေးနွေးပြီး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ မြန်မာဘက်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘသန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ အလုပ်သမားဝန်ကြီး ဦးဘအုန်း၊ ၀န်ရှင်တော်မင်းကြီး ဦးတင်ထွဋ်( အိုင်စီအက်စ်) တို့ပါဝင်ပြီး အတွင်းဝန်ဦးကျော်မင်းက အတွင်းရေးမှူးတာဝန် ယူပါတယ်။ အိန္ဒိယ ဘက်ကတော့ ခေါင်းဆောင်အဖြစ် ဆာဂီရ်ဂျာရှန် ကာဘာ့ဂ်ျပိုင်( K.B.E; C.I.E)၊ မစ္စတာ ဂျီအက်စ် ဘောဇ်မင်း(C.I.E; I.C.S)၊ မစ္စတာ ဗီ ဗစ်ဇ၀ါနာသံ(I.C.S) တို့ပါဝင်ကြပါတယ်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ရန်ကုန်ကို ၁၇ ဇွန် ၁၉၄၁ မှာဆိုက်ရောက်လာပြီး ၁၈ ရက်မှစတင်

လို့ ဆွေးနွေးကြရာမှာ နှစ်ဦးနှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး ၂၄ ဇွန်ထိ သဘောတူညီချက်မရသေးပါ။နောက်ဆုံး ၂၈ ရက်ရောက်မှသာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ ၂၉ ဇွန်မှာ ပြည်တော်ပြန်နိုင်ခဲ့ပါတယ်။

၁၈ ဇွန် နှစ်ဖက်ကိုယ်စားလှယ်များ ပထမဆုံးတွေ့ဆုံပွဲမှာ ဂဠုန်ဦးစောပြောခဲ့တာတွေထဲက တစ်ချို့ကို ကောက်နှုတ်ပြရရင်........

မြန်မာလူမျိုးသည် မြန်မာပြည်တွင်းသို့ နိုင်ငံခြားသားများ ၀င်လာခြင်းကိစ္စကို ဂရုပြုလာသည်မှာကြာပြီဖြစ်ကြောင်း၊
ယခင်က မြန်မာနိုင်ငံအောက်ပိုင်းတွင် မြေရိုင်းများပေါများ၊ လူနေနည်းပါး၊ လုပ်သားရှားပါးလျက် စက်မှုလက်မှုလုပ်ငန်းများတွင် မြန်မာလူမျိုးမဟုတ်သော လုပ်သားများစွာ လိုအပ်ပါကြောင်း၊
ယခုမူမြေယာရှားပါးသဖြင့် ကူလီလုပ်သားအဖြစ် အသက်မွေးရသော မြန်မာလူမျိုးများစွာပင်ရှိနေပြီဖြစ်ကြောင်း၊
မြန်မာအချို့မှာ လယ်ယာလုပ်ငန်းတွင်၎င်း၊ စက်မှုလက်မှုလုပ်ငန်းတွင်၎င်း မြန်မာ မဟုတ်သူများက ယှဉ်ပြိုင်လုပ်ကိုင်နေ၍ အလုပ်လက်မဲ့ဘ၀ ရောက်နေကြကြောင်း၊
အခြားနိုင်ငံများ၌ တွေ့ကြုံခဲ့ရပုံများကိုထောက်လျှင် ယခုအခြေအနေသို့ မြန်မာပြည်တွင် အခြားတိုင်းပြည်များမှ လာရောက်ကြသော လုပ်သားများကို စည်းကမ်းမထားပဲ အရှည်သဖြင့် ဆက်လက်ဝင်ရောက်ခွင့်မပြုနိုင် သည်မှာ ထင်ရှားပါကြောင်း၊
ဓမ္မတာအားဖြင့် ကိုယ်ရေးလုံခြုံမှုသာ ပဓါနဖြစ်ပါကြောင်း၊
မြန်မာပြည်၌လာရောက်နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့သည် နိုင်ငံရေး၌၎င်း၊ မြို့ပြရေး၌၎င်း၊ မြန်မာပြည်သူပြည်သားတို့နှင့် ထပ်တူအခွင့်ရသည်ကိုထောက်၍ မြန်မာလူမျိုးတို့သည် အိန္ဒိယမှလာသူများအား မေတ္တာထားကြောင်းထင်ရှားပါကြောင်း၊
ပြဿနာကိုဖြေရှင်းရန်မှာ မြန်မာတိုင်းရင်းသားတို့၏ အကျိုးသာမက မြန်မာပြည်သို့ လာရောက် နေထိုင်ကြသော အိန္ဒိယတိုင်းသားတို့၏ အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း......

ဒီလိုနဲ့ပဲ ၂၈ ဇွန်မှာတော့ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတော့တယ်၊ စာချုပ်အစအဆုံးက ရှည်လျားတာမို့ အရေးကြီးတဲ့အချက်များကိုသာ ဖေါ်ပြရရင်ဖြင့်....

၁။ အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်မပါလျှင် မြန်မာပြည်သို့ မည်သူမျှမလာရ။ (ပုဒ်မ ၄)

၂။အိန္ဒိယအစိုးရထံမှ နိုင်ငံကူးလက်မှတ်ရစေကာမူ မြန်မာပြည်အစိုးရထံမှ ပြည်ဝင်ခွင့်အမိန့်မရလျှင်မည်သူမျှ မြန်မာပြည်သို့လာခွင့်မရှိ၊ နေခွင့်မရ။ (ပုဒ်မ ၅)

၃။ မြန်မာပြည်သို့လာလိုသူသည် ပြည်ဝင်မိန့်ရရန် အနည်းဆုံး ၁ ကျပ်တန်ခေါင်းကပ်၍လျှောက်လွှာတင်ရမည်။ (ပုဒ်မ ၁၈)

၎။ မြန်မာပြည်တွင် ရက်အကန့်အသတ်မရှိ နေလိုသူသည် မြန်မာပြည်အစိုးရသို့ ငွေ ၅၀၀ ကျပ်ပေး၍ နေထိုင်ခွင့်လက်မှတ် တောင်းခံရမည်။
၎င်း၏ မယား၊ သား၊ သမီးများမှာ တစ်ယောက်လျှင် ၂၅၀ကျပ်ပေးရမည်။ (ပုဒ်မ ၁၅)

၅။ မြန်မာပြည်တွင် သုံးနှစ်နေရန်လာသူတစ်ဦးသည် ပြည်ဝင်ကြေး ၁၂ ကျပ်ပေး၇မည့်အပြင် တစ်နှစ်လျှင် အခွန် ၅ ကျပ်လည်းဆောင်ရမည်။ (ပုဒ်မ ၁၅)

၆။ မြန်မာပြည်သို့ လာခွင့်ရသူတစ်ယောက်သည် သာမန်အားဖြင့် သုံးနှစ်ထက်ပိုမနေရ။ (ပုဒ်မ ၇/၂)

၇။ မြန်မာပြည်တွင်နေစဉ် မြန်မာတိုင်းရင်းသူတစ်ဦးနှင့် လက်ထပ်လျှင်သော်၎င်း၊ အတူပေါင်းသင်းလျှင်သော်၎င်း မြန်မာပြည်တွင် နေထိုင်ခွင့်လက်မှတ်ကို ဖျက်သိမ်းပြစ်လိမ့်မည်၊ ဖျက်သိမ်းသည်နှင့်တပြိုင်နက် မြန်မာပြည်တွင် ဆက်နေထိုင်ခွင့်မရ။ (ပုဒ်မ ၁၄)

၈။ မြန်မာပြည်တွင် လာရောက်နေထိုင်သူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးသောအခါ သူ့စရိတ်နှင့်သူပြန်နိုင်ရန် မြန်မာပြည်သို့ မလာမီကပင် ပြန်စရိတ် ၂၀ ကျပ်ကို မြန်မာပြည်အစိုးရထံကြိုတင်သွင်းထားရမည်။ (ပုဒ်မ ၁၇)

၉။ မြန်မာပြည်အစိုးရက လူဝင်ရေးအကြံပေးအဖွဲ့တစ်ခု ဖွဲ့မပြီးမခြင်း၊ ၎င်းပြင် ထိုအဖွဲ့က မြန်မာပြည်အကျိုးအတွက် အလုပ်သမား မည်မျှလာသင့်သည်ဟု ပေးသောအကြံများကို မြန်မာအစိုးရက ဆုံးဖြတ်မပြီးမခြင်း ၂၁ ဇူလိုင် ၁၉၄၁ မှစ၍ အိန္ဒိယပြည်မှ အလုပ်ကြမ်းသမားဟူ၍ တစုံတယောက်မျှ မြန်မာပြည်သို့မလာရ။ (ပုဒ်မ ၂၄)

၁၀။ လူဝင်ရေးဥပဒေ၊ သို့မဟုတ် မြန်မာပြည်အစိုးရက သတ်မှတ်ထားသော စည်းမျဉ်းတစုံကို ကျူးလွန်လျှင်ဖြစ်စေ၊ အထူးအခွင့်ရလိုသည်နှင့် မြန်မာပြည်အစိုးရသို့ လိမ်ပြောသည်ဖြစ်စေ ထောင်ဒဏ် ၆ လ၊သို့မဟုတ် ဒဏ်ငွေ ၁၀၀၀ ကျပ်၊ သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်ရပ်စလုံး အပြစ်ပေးခြင်းခံရမည်။(ပုဒ်မ ၁၂).......

မြန်မာ့သမိုင်းကို ရိုင်းစေခဲ့တဲ့သူတစ်ဦး ဖြစ်ပေမယ့် သူ့ခေတ် သူ့အချိန်က လုပ်ဆောင်ချက်တချို့ကို သိသာလေ့လာနိုင်ရန် တင်ပြလိုက်ရပါတယ်။

ညွှန်း -

မြန်မာနိုင်ငံတော်သို့ အိန္ဒိယ တိုင်းသားများ ၀င်ရောက်ရေး သဘောတူစာချုပ် (၂၈ ဇွန် ၁၉၄၁)
ရာဇာ Facebook
http://www.facebook.com/yar.zar.39



HIV အတွက် ဆေးသစ်ပေါ်ပြီ

0 comments

ဓာတ်ပုံ-The Gazette

HIV ရောဂါပိုးကို ကာကွယ်တာဆီးနိုင်မယ့် ဆေးဝါးတမျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာန Food and Drug Adminstration (FDA) က ဇူလိုင်လ ၁၆ ရက်နေ့က ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တဲ့ (AIDS) ရောဂါဆိုးကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ် တမျိုးဖြစ်တဲ့ HIV ပိုး ကို ကာကွယ်နိုင်မယ့် ဆေးဝါးမျိုးကို ထုတ်လုပ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက ဆေးဝါ သုတေသီတွေ ကြိုး စားခဲ့ကြတာဖြစ်ပါတယ်။

ထို ဆေးဝါးကို တီထွင်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်တဲ့။ ယခုအချိန်မှာတော့ HIV ပိုးကို တားဆီးပေးနိုင်တဲ့ (Truvada) လို့ ခေါ်တဲ့ ဆေးဝါးက HIV ပိုး ရှိနေသူများနဲ့ လိင် အထိအတွေ့ ရှိနေသူများကို HIV ပိုး မကူးစက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်တဲ့။



(FDA) မှ တာဝန်ရှိသူများက အဆိုပါ ဆေးဝါးကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဒီ ဆေးဝါးက HIV ပိုး ပျံ့နှံ့ ကူးစက်မှု နှုန်းထားကို နှေးကွေးအောင် တားဆီးလာနိုင်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ Truvada ဆေးဝါးကို (၂၀၀၄) ခုနှစ် ကတည်းက ဈေးကွက်မှာ ဖြန့်ဝေခဲ့ပြီး HIV ပိုး ကူးစက်ထားသူတွေကို ကုသပေးဖို့ အသုံးပြုခဲ့ပေမယ့် (၂၀၁၀) ခုနှစ်မှ စတင် ပြီး ဒီ ဆေးဝါးက အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်းကို ဖော်ထုတ် တွေ့ရှိလာခဲ့တာဖြစ်ပါတယ်။

အခု ဆေးဝါးက ရောဂါကူးစက်မှုကို (၇၅) ရာခိုင်နှုန်းထိ တားဆီးနိုင်ပါတယ်တဲ့။ ရေဂါပိုး ရှိသူများကတော့ ဒီ ဆေးကို တစ်နေ့ တစ်လုံး မှီဝဲသောက်သုံးရမှာဖြစ်ပါတယ်တဲ့။ သောက်သုံးသူတွေ အနေနဲ့လည်း ပုံမှန် သောက်သုံး ပေးရမှာလည်း ဖြစ်တယ်လို့ ဆေးဝါး ထုတ်လုပ်ရေးဌာန (FDA) က တာဝန်ရှိသူတွေက ပြော ကြားခဲ့ပါတယ်။

Truvada ကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင် ပါတယ်လိုလည်း ပြောကြား သွားခဲ့ပါတယ်။ အခု ဒီ ဆေးဝါးကို FDA ကျောထောက် နောက်ခံပြုထားတဲ့ ကယ်လီဖိုးလ်နီးယား အခြေစိုက် Gilead Science ကထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်ဆိုတာကို ဇူလိုင်လ ၁၇ ရက်နေ့ The Gazette အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။




တမူထူးခြားလာတဲ့ ယခုနှစ် အာဇာနည်နေ့

0 comments

ရန်ကုန်ရှိ အာဇာနည်ကုန်းမြင်ကွင်း။ ဓာတ်ပုံ- ဧရာဝတီ

ဒီနှစ် ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ဟာ အရင် စစ်အစိုးရများကာလအတွင်းကနဲ့ မတူ တမူထူးခြားနေပါတယ်။

ရန်ကုန် အာဇာနည်ကုန်းမှာ ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားကိုလည်း နိုင်ငံတော်အဆင့် ဒုတိယ အကြီး ဆုံး ဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တက်ရောက်မှာလည်းဖြစ်ပါတယ်။

တချိန်က ကွယ်ပျောက်နေခဲ့တဲ့ အဆိုတော်မေလှမြိုင်ရဲ့ အာဇာနည်သီချင်းတွေလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား တွေကနေ ရက်ဆက် ထုတ်လွှင့်ပြသနေပါတယ်။

ဒီအပြင် အာဇာနည်ကုန်းကိုလည်း ပြည်သူတွေအနေနဲ့ လာရောက် ဂါရ၀ ပြုခွင့်လည်း စနစ်တကျ ပြန်လည်ခွင့်ပြုလာ တာသတိထားမိပါတယ်။ ဒီအပြင် တချိန်က ပျောက်ကွယ်နေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်မှာ ဥသြ ဆွဲတဲ့အလေ့အထကိုလည်း ပြန်လည် ပြုလုပ်ပါတော့မယ်။

ဒီအပြင် အထူးခြားဆုံးကတော့ အာဇာနည်ကုန်းမှာ ကျင်းပမယ်အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းတွေကို MRTV, MRTV-4 နဲ့ Sky Net တို့ကနေ တိုက်ရိုက်လွင့်ထုတ်ပေးမှာလည်းဖြစ်ပါတယ်။



အခုလို အမျိုးသားခေါင်းဆောင် အာဇာနည်ကြီးများကို ပြန်လည်ဖော်ထုတ်လာတဲ့ အထူးခြားဆုံး ပထမနှစ် လည်း ဖြစ် နေပါတယ်။

ဒီအတွက် ကျေးဇူးတရာကို သိတတ်တဲ့လက္ခဏာဖြစ်တဲ့ အတွက် ကြိုဆိုရမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တချို့နယ်မြို့များမှာ ပြည်သူလူထုက ချီတက်အလေးပြုအစီအစဉ်တွေကို တင်ပြခွင့်တောင်းပေမယ့် ကန့်သတ် ငြင်းပယ်တာတွေလည်း ကြုံနေရပါတယ်။

ဘေယွန်းဆေး က "ဆို"၊ အိုဘားမားမောင်နှံ "က"

0 comments

ဓာတ်ပုံ- Reuters

ဘေယွန်းဆေးဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၂ ခုနှစ် ကင်ပိန်း ရထားပေါ်မှာ မြင်ရ တဲ့ မြင်ကွင်း ဓာတ်ပုံတခု ဟာ အိုးဘားမားရဲ့ BarackObama.com ဆိုတဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဘေယွန်းဆေးက သမ္မတ ကတော် မစ်ရှဲလ် အိုဘားမားကို ကမ္ဘာတ၀ှမ်းက အမျိုးသမီးတွေနဲ့ အမေရိကန်
ပြည်ထောင်စုအတွက် သူ စွမ်းဆောင်ပေးခဲ့သမျှ အားလုံးအတွက် ကျေးဇူးတင်စကားနဲ့ ချီးမွမ်း
ထောပနာ ပြုလိုက်တာကို ဇူလိုင် ၁၇ ရက်နေ့စွဲနဲ့ The Daily Chilli အွန်လိုင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။

“သူက မန်မာန မထောင်လွှားဘူး၊ ချစ်စရာလည်းကောင်းပြီး ရိုးသားမှုရှိတယ်”လို့ ဘေယွန်းဆေးက မီရှဲလ် အိုဘားမားကို ရည်ညွှန်းပြောဆိုလိုက်တာပါ။

မီရှဲလ် ဟာ တကယ့်ကို ခိုင်မာတဲ့ အာဖရိကန်- အမေရိကန် အမျိုးသမီး တဦးအဖြစ်လည်း ထိပ်တန်း စံနမူနာ ဖြစ်တယ်လို့ သူက သမ္မတ ကတော်ထံ ပေးစာမှာ ဆိုထားပါတယ်။



ဘေယွန်းဆေးက အိုဘားမားတို့ ဇနီးမောင်နှံကို သစ္စာ၊ မေတ္တာတရားတို့နဲ့ စံထားတဲ့ မောင်နှံအဖြစ်လည်း ဂုဏ်ပြုထားပါ သေးတယ်။

အိုဘားမား ဇနီးမောင်နှံကလည်း စင်မြင့်ထက်မှာ ဘေယွန်းဆေးရဲ့ သီချင်းနဲ့ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ကြည်နှုးဖွယ် မြင်ကွင်းပါ။




အာဇာနည်နေ့ အခမ်းအနား၊ ရန်ကုန်နဲ့ နယ်မြို့ ကွဲလွဲ

0 comments

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ နေပြည်တော်
ကနေ ရန်ကုန်ကို ပြန်လာပြီး ရန်ကုန်ရှိ အာဇာနည် ကုန်းမှာ ကျင်းပမယ့် အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ ချဖို့
အစီအစဉ်မှာ မိသားစုဝင်အနေနဲ့ ပန်းခွေချ အလေးပြုဖို့ အစီအစဉ်ရှိပါတယ်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလည်း ယခုနှစ်ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်း အနား ကျင်းပမယ့် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမ္မာန်ကို တက်ရောက် ဂါရ၀ ပြုမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ပါတီကလည်း နိုင်ငံတော်က ကျင်းပမယ့် အခမ်းအနားကိုလည်း တက်
ဖို့ ရှိသလို ပါတီဌာနချုပ် ရုံးမှာလည်း အခမ်းအနား သီးခြား ကျင်းပဖို့ ရှိပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း လည်း ပြောဖို့ ရှိတယ်လို့ သိရပါတယ်။


ရန်ကုန်မှာ အခုလို အာဇာနည်နေ့ အခမ်းအနားများအတွက် အစိုးရ ဦးဆောင်လုပ်တာရော၊ နိုင်ငံရေးပါတီတွေ
က လုပ်တာတွေမှာ ခွင့်ပြုထားပေမယ့် နယ်ဖက်တွေမှာတော့ တားဆီးပိတ်ပင်မှုတွေ ရှိနေပါတယ်။


ရန်ကုန်မြို့ အာဇာနည်ကုန်းကို ဂါရ၀ပြုလိုသူတွေအတွက် လမ်းကြောင်းတွေ သတ်မှတ် ပေးပြီး ပြည်သူ လူထု ဘေးကင်းလုံခြုံစေရန် လွယ်အိတ်၊ ကင်မရာ အစရှိတာတွေကို ကြည်ဖြူစွာနဲ့ တာဝန်သိစွာ
စစ်ဆေးခံနိုင်ရမယ်လို့ လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဆက်တိုက် ထုတ်လွှင့်ပြသနေပါတယ်။


ငြင်းပယ်ခံရတဲ့ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ အကြောင်းကြားစာ


မော်လမြို့မြို့က အာဇာနည်နေ့ ငြိမ်းချမ်းစွာ ချီတက် အလေးပြုဖို့ ငြင်းပယ်ခဲ့တာနဲ့ အယူခံဝင်ခဲ့တာကိုလည်း ပလပ်လိုက်ပါတယ်တဲ့။

ငြင်းပယ်ခဲ့မှုကြောင့် နည်းဥပဒေအတိုင်း အယူခံဝင်ခဲ့ပေမယ့် အယူခံ ပလပ်လိုက်တဲ့ အကြောင်းပြန်စာ

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved