ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတချို့ ထိုင်း က ကယ်တင်

Tuesday, January 8, 2013


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာရာအိုကေဆိုင်တခုမှာ ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေကို ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်လိုက်တယ်လို့ ထိုင်း ရုပ်သံက ကြေငြာပါတယ်။ 

လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ 

ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာ အသက် ၁၈ နှစ် မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved