သူဌေးကြီး ဂျော့ဆိုးရောစ်နဲ့ ၈၈ မျိုးဆက်တို့ ရန်ကုန်မှာတွေ့ဆုံ

Tuesday, January 8, 2013


 သူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

ရန်ကုန်မြို့သို့ရောက်ရှိနေသော Open Society Foundations မှ Chairman ဖြစ်သူ Mr.George Soros ဦးဆောင်သည့်အဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မြအေး တို့နဲ့ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Chatrium Hotel ရှိ Mandalay Room ၌ ၁ နာရီ ခွဲကြာ တွေ့ဆုံခဲ့ကြပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် Extractive Industries Transparency Initiative( EITI ) ၏လေ့လာမှုဖြင့် ပွင့်လင်းမြင်သာမှုပိုမိုရှိရန်၊ ပညာရှင်များ၏ ပံပိုးကူညီမှုများဖြင့် ပူပေါင်း 
ဆောင်ရွက်နိုင်ရန်နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များတွင်လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆာင် ရွက်နိုင်ရန် အလားအလာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved