၈၈ ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် လိုင်ဇာကို ရောက်ပြီ

Thursday, January 3, 2013

၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ကိုထွန်းမြင့်အောင် နှင့် ကိုမြအေးတို့ဟာ ကချင်ပြည်နယ် KIA ဌာန ချုပ် လိုင်ဇာသို့ ယနေ့ ဇန်န၀ါရီ ၃ ရက်နေ့ ညနေ ၄ နာရီတွင် ရောက်ရှိလာကြပါတယ်။ 

 ဓာတ်ပုံ - လဖိုင် / ဧရာဝတီ 

၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်ရဲ့ ထိုးစစ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ကြေငြာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ရေး တစုံတရာ  စွမ်းဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ကချင်ပြည်နယ် ကေအိုင်အေ ဒေသသို့ သွားရောက်ကြခြင်း ဖြစ်ပါ တယ်။  



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved