နိုင်ငံခြားသား ခရီးသွားများ ဘုန်းကြီးကျောင်းမှာ တည်းခိုရ

Monday, January 21, 2013

~


http://1.bp.blogspot.com/-TZjMH3QQlto/UM0wdvKKHKI/AAAAAAAAbFs/S6LlgffVtnY/s1600/DSC00987+%5B1600x1200%5D.JPG

ဟိုတယ် နည်းပါးသော အင်းလေးဒေသသို့ ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များသည် တည်းခို အိပ်စက်ရန်အတွက် ဘုန်းကြီးကျောင်းကို အားကိုးနေရသည်ဟု ပြည်နယ်ဝန်ကြီးတဦးက ပြောကြားလိုက်သည်။

 ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်းက အင်းလေးဒေသဟိုတယ်ဇုန်သည် ဒေသအတွက် မရှိမဖြစ် လိုအပ်ကြောင်း ညောင်ရွှေမြို့ ဒေသခံတို့အား  ကြာသပတေးနေ့က ရှင်းလင်းရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မကြာမီကာလတွင် အင်းလေးဒေသသို့ ရောက်လာမည့် တိုးရစ် အရေအတွက်မှာ (တနှစ်လျှင်) ဆယ်သိန်း ရှိနိုင်သည် ဟု ၀န်ကြီးက ပြောသည်။

ခရီးသွား (၁၀) သိန်းဟာ ဘယ်မှာ တည်းခိုကြရပါ့မလဲ၊ သည် ညောင်ရွှေ ဒေသ၊ အင်းလေးဒေသမှာ တည်းခိုဖို့ ဟိုတယ် ဘယ်လိုမှ မလုံလောက်ကြောင်း၊
 လေ့လာကြည့်နိုင်ကြောင်း၊ ရောက်လာသည့် နိုင်ငံခြားသား ဧည့်သည်တွေဟာ ဘုန်းကြီးကျောင်းမှာ တည်းခိုနေရတာ အားလုံး အသိပင်ဖြစ်ကြောင်း စသည်ဖြင့် ၀န်ကြီးက အကျယ်တ၀င့် ပြောသွားသည်။

(၀န်ကြီး၏ ပြောဆိုချက် များကို http://blog.irrawaddy.org/2013/01/blog-post_4804.html တွင် သီးခြား ဖတ်ရှုနိုင်သည်)

မြန်မာနိုင်ငံတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းချက်များအရ  နိုင်ငံခြားသား ခရီးသည်များသည် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် တည်းခိုခွင့် မရှိချေ။

 နိုင်ငံခြားသား ခရီးသည်တို့ကို ဟိုတယ်များ၊ အထူးလိုင်စင်ရ တည်းခိုခန်းများကသာ လက်ခံခွင့် ရှိသည်။

အင်းလေးဒေသ ဟိုတယ်ဇုန် စီမံကိန်း မြင်ကွင်း တစိတ် တဒေသ


 






















-

1 comments :

  1. sour grain said... :

    Hotel room rates are so much higher than five stars hotels in other country.How greedy they r! Toilets r so dirty even at Kyaithtiyo pagoda n its surrounding.All the restaurants along the highway have shameful n world's dirtiest toilets!Make them upgrade. They r richer but we still use low grade toilets!Tourists'll never forget their experience at flies-full,urine in sight &faeces -floating toilets.r

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved