~
(ဓာတ်ပုံများ - ကြယ်ပြာ/ဧရာဝတီ) |
ပထမဆုံးအနေနဲ့ ပိတောက်သားကို ထွင်းရမယ်။ သစ်သားအမျိုးအစား တော်တော်များများကို ထွင်းလို့ရပေမယ့် ပိတောက်သားက ပတ်လုံး/ဗုံလုံး လုပ်ဖို့ အကောင်းဆုံးပါ။
ကိုယ်တိုင်ထွင်းယူတဲ့ ပညာရှင်တွေရှိသလို ထွင်းပြီးသားကို မန္တလေးမှာလည်း ၀ယ်ယူနိုင်ပါတယ်။
ထွင်းပြီးသား အကြမ်းထည် |
ဒီတောင်ဆိတ်တွေက ရှားပါးစပြုလာတော့ အကြီးအသေးပေါ် မူတည်ပြီး အနိမ့်ဆုံးဈေး ကျပ်တသောင်းကနေ စ၀ယ်ရပါတယ်။
ဒီသားရေတွေကို တောလိုက်နေတဲ့ မုဆိုးတွေဆီကနေ မှာယူနိုင်ပါတယ်။
မျက်နှာပြင်မှာအုပ်ရမယ့် တောင်ဆိတ်သားရေ |
ပြီးမှ ရေပြန်ဆွတ်ပေး၊ အပေါက်ဖောက် ရတယ်။ ဒါမှ ဒီအပေါက်လေးတွေကနေ ကြိုးထိုးလို့ ရနိုင်မှာပါ။
ကြိုးထိုးနေပုံ |
နွားသားရေရဲ့ ဈေးကလည် မပေါ့ပါဘူး၊ အနည်းဆုံး ကျပ်တသောင်းအထက် ရှိနေပါတယ်။
ဒီလိုမျိုး တောင်ဆိတ်သားရေအုပ်၊ ဘေးကနေ နွားသားရေကြိုး ထိုးပြီးပြီ ဆိုရင်တော့ ဗုံတလုံး ဖြစ်သွားပါပြီ။
အပေါ်ကနေ ဗုံစာ ကပ်လိုက်ရုံပါပဲ။
ဒီလိုမျိုး ပြုလုပ်ထားတဲ့ ဗုံတလုံးရဲ့ သက်တမ်းက အများဆုံး ၆ နှစ်လောက်အထိ ခံပါတယ်။
ကြယ်ပြာ ~
တောင်ဆိတ်သားရေ အုပ်ပြီးတော့ နွားသားရေကြိုးထိုးရပါတယ် |
--
0 comments :
Post a Comment