စေတနာနဲ့ပါ

Thursday, January 10, 2013

~

မသန်စွမ်းသူများ ရေကူးပြိုင်ပွဲမှာ လူသုံးယောက် ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။
ထူးခြားတာက -
ပထမတယောက်က လက်တွေ မရှိဘူး။
ဒုတိယတယောက်က ခြေထောက်တွေ မပါဘူး။
တတိယတယောက်က ခေါင်းချည်းပဲ ပါတယ်၊ ကိုယ်လုံးမပါဘူး။

သူတို့အားလုံး အသင့်နေရာယူပြီးတဲ့အခါ တာထွက်ဝီစီ မှုတ်ပါတော့တယ်။

"ဘွမ်း..." ခနဲ မည်သံတွေနဲ့အတူ  ရေကူးကန်ထဲ အားလုံး ရောက်သွားတယ်...

လက်မပါတဲ့သူက ချက်ခြင်းဆိုသလိုဘဲ ဦးဆောင် ကူးခပ်နေတယ်၊ ဒါပေမဲ့ ခြေထောက်မပါတဲ့သူက နောက်က ကပ်လိုက်နေပါတယ်… …

အဲ... ကိုရွှေဦးခေါင်းကတော့ 'ပလုံ' ဆိုပြီး မြုပ်သွားလိုက်တာ ကန်အောက်ခြေကို ထိရော...

အသွားအပြန် ၅ ခေါက်လဲ ကူးပြီးရော ခြေထောက် မပါတဲ့လူက ပထမနေရာကနေ ပန်းဝင်ပါတယ်။

သူများတွေ ပန်းဝင်ပြီးတဲ့အချိန်အထိ ကိုရွှေဦးခေါင်း ကျသွားတဲ့နေရာ ရေကန်အောက်ခြေကနေ ပူပေါင်းလေးတွေ ပလုံစီပြီးတက်လာနေတာကို တွေ့နေရဆဲပဲ။

ဒါနဲ့ ... ဒိုင်အဖွဲ့က ရေငုပ်ပြီး ကိုရွှေဦးခေါင်းကို ကယ်တင်လိုက်ရတယ်။

ရေပေါ်လဲပေါ်လာရော ... ကိုဦးခေါင်းခမြာ ချောင်းတွေဆိုးပြီး သီးနေလိုက်တာ တော်တော်နဲ့ အသက်မရှူနိုင်ဘူး။
စကားလဲ ပြောနိုင်ရော... သူ့အတွေ့အကြုံကို အခုလို ဒေါသတကြီး ရှင်းပြလိုက်ပါတော့တယ် - 

"နားရွက်နဲ့ရေကူးနိုင်ဖို့ ငါလေ့ကျင့်လာတာ သုံးနှစ်တိတိ ကြာတယ်၊
အားလုံး အိုကေလို့မှ ပြိုင်ပွဲလေး ဝင်ပြိုင်မိပါတယ်.. တာထွက်ဝီစီမှုတ်ခါနီး ဘယ်မအေပေးကများ ငါ့ကို ရေကူးခေါင်းစွပ် လာစွပ်လိုက်တယ် မသိဘူးကွာ.. တောက်"

သန်၎ကို

(အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ဟာသတခုကို  ဆီလျော်အောင် ပြန်ဆိုထားတာပါ)

ဓာတ်ပုံ - www.triathlontrainingschedule.org
























-

3 comments :

  1. Anonymous said... :

    so funny bro...good.

  1. Anonymous said... :

    ခဲလေသမျှခေါင်းရေကျ...(ဟုတ်ပေါင်) ခဲလေသမျှသဲရေကျ :p

  1. kyaw lwin u said... :

    ကတောက်....နာတယ်ကွာ ၃နှစ်လေ့ကျင့်ခဲ့ရတာအလကားဖြစ်ပြီ.....:P

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved