ဦးကိုကိုကြီး ဘူတန်သို့ လေ့လာရေး ခရီးထွက်ခွာ

Saturday, January 26, 2013

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ဦးကိုကိုကြီးနဲ့ စာရေး ဆရာ ကိုတာတို့ ၂ ဦးဟာ ဘူတန်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့  ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက်စောစောက ထွက်ခွာ သွားပါတယ်။ 


ဘူတုန်နိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြောင်းအလဲဆိုင်ရာ ဖြစ်ထွန်းမှုတွေနဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို လေ့လာဖို့ ၄ ရက်တာ ခရီးစဉ်အဖြစ် သွားရောက်တာလည်းဖြစ်ပါတယ်။ 

အဆိုပါ ခရီးစဉ်ကို ဘူတန်အခြေစိုက် The Center for Bhutan Studies က စီစဉ်သည့် Workshop ဖြစ် ပြီး ၃ ရက်တာ တက်ရောက်ကာ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြ မှာဖြစ်ပါတယ်။ 



 ဓာတ်ပုံ- Lotus Man 

၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာလည်း ဖွဲ့စည်းပုံ သစ်ပေါ်ထွက်ခဲ့တာကြောင့် ဘူတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံတို့ ဟာ နောက်ခံ အကြောင်းတရားတွေ မတူကြပေမယ့် ရှေ့ဆင့်နောက်ဆင့် တနှစ်ထဲအတွင်း ပေါ်ထွက် လာခဲ့တာဖြစ်ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved