ရန်ကုန်မြို့ တနေရာ ၊ ဓာတ်ပုံ- ရွက်စိမ်း/ဧရာဝတီ
ရွက်စိမ်း ~ ရန်ကုန်မြို့တော်ကြီးဆီကိုပြောင်းရွေ့အခြေချမဲ့ သားသမီးကို မိခင်ဖြစ်သူတွေက မှာလေ့ရှိတဲ့ စကား တခု ရှိ ပါတယ်။
`ခလုပ်မထိ ဆူးမငြိပါစေနဲ့´ တဲ့။
မြို့တော်ကြီးဆီကိုရောက်တော့ တိုက်လိုက်တဲ့ ခလုပ်တွေ က နေ့တိုင်း လိုလိုပါပဲ။ တိုက်မှာပေါ့ ချိုင့် ခွပ်တွေ၊ ကြေမွနေတဲ့ ကွန်ကရစ် အပိုင်းအစတွေနဲ့ ပြည့်နေတဲ့ လူသွားလမ်း ပလက်ဖောင်းပေါ် ရန်ကုန်မှာ လျှောက်နေရလို့ပေါ့။ လူသွားလမ်းပလက်ဖောင်းက ရှားပါးနေရာလိုဖြစ်နေတယ်။
ရှိတဲ့ ပလက်ဖောင်းပေါ်မှာလည်း ဈေးသည်တွေ အပြည့်။ ခရောင်းလမ်းကို ဖြတ်လျှောက်ရတာတောင် အဲဒီလောက် ဆိုးမယ်မထင်ပါဘူး လို့တောင် တွေးမိတဲ့အထိပါ။
ဌာနဆိုင်ရာတွေရဲ့အားနည်းချက်ကြောင့်ပဲလား၊ တခြား အရေးတကြီး လုပ်နေစရာတွေကိုပဲ ဦးစားပေးနေ ရလို့ လားတော့ မသိပါ ရန်ကုန်မြို့တော်ကြီးမှာ လမ်းကောင်းကောင်း မလျှောက်နိုင်တာတော့ အသေ ချာပဲ။
`ကျွန်မ အမေက အသက် ၇ဝ ကျော်ပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပန်းဆိုးတန်းဖက်ကို မနက်ပိုင်း လမ်းလျှောက် ရင်း နဲ့ ပလက်ဖောင်းပေါ်က ကွန်ကရစ်အပိုင်းတခုနဲ့ တိုက်မိလို့ လဲကျပြီး ဒဏ်ရရခဲ့တယ်။ ပလက်ဖောင်းေ တွက လူတွေ လမ်းလျှောက်လို့ မရနိုင်အောင်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့နေရာတွေရှိတယ်´ လို့ ဗိုလ်အောင်ကျော် လမ်းမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
ရန်ကုန်မြို့ကပြည်သူတွေရဲ့လမ်းတွေဟာ တနည်းအားဖြင့် သွယ်ဝိုက်ပြီး သိမ်းဆည်းခံထားရသလိုမျိုး ဖြစ်နေတယ်လို့တောင် တွေးမိတယ်။
လူသွားလမ်း ပလက်ဖောင်း ရှိနေပေမဲ့ရှိတဲ့ ပလက်ဖောင်းတွေက ပျက်စီးနေတာကြောင့်ရယ်၊ ပြီးတော့ ပလက်ဖောင်းပေါ်မှာရောင်းတဲ့ ဈေးသည်တွေရဲ့ ဈေးဆိုင်တွေရဲ့ ပိတ်ဆို့နေရာယူမှုတွေကြောင့် လမ်းလျှောက်ပြီဆို ကားလမ်းပေါ်မှာပဲ လျှောက်နေရပါတယ်။
အဲဒီလိုလျှောက်တော့လည်း ပလက်ဖောင်း နဲ့ကပ်ပြီး ရပ်ထားတဲ့ ကားတွေကြောင့်လည်း လမ်းလျှောက် တဲ့လူတွေက တဖြည်းဖြည်းနဲ့ လမ်းပေါ် မှာ မောင်းနေတဲ့ ကားတွေနဲ့ ယှဉ်ပြီး လျှောက်နေရတာ မျိုးဖြစ်နေ တယ်။
တကယ့်ကို အသက်အန္တရာယ်နဲ့ရင်းပြီး လျှောက်နေရတဲ့အဖြစ်ပါပဲ။
already more than 100 year for down town. so need to destroy and make new . stop talking non sense