US သံရုံး ကြေညာချက်ကို သမ္မတပြောခွင့်ရ ဦးရဲထွဋ် တုံ့ပြန်

Thursday, January 24, 2013


အမေရိကန်ပြည်ထောင်စုက ကချင်ပြည်နယ်က စစ်ပွဲများဆက်လက်ဖြစ်နေသည့်အပေါ် အပြင်းအထန် ကန့်ကွက်သည်ကို ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ ဇန်န၀ါရီလ ၂၄ ရက့် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာကို သမ္မတ ပြောခွင့်ရ ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် အောက်ပါအတိုင်း တုံ့ပြန်ထားပါတယ်။ 

ဒီနေ့ အမေရိကန်သံရုံးက ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ ပါ တယ်။ 

အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သလို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ 

ကျွန်တော့ရဲ့ တစ်ဦးတည်းအမြင်ကိုပြောရရင်တော့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ 

ဒါပေမယ့် သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတစ်ခုတည်းကိုသာရည်ညွှန်းပြီး ကျန်ကချင် ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကေအိုင်အေအဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက်ပစ်မှတ် များကို တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှု နဲ့ လဂျားယန်ဒေသက တပ်မတော် စခန်းများ ကို ကေအိုင်အေတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်။

2 comments :

  1. Alfred Nobel said... :

    Daw Bout Jar said not like this way!Someone must be a liar.This liar must be prosecuted.U Ye Htut should be given Noble prize!This former army officer seems to be honest!ha ha ha harrrrr. ....

  1. Ko Toe Gyi said... :

    Mr Ye Htut,your view is not our interest.Only one-sided view'll never true.The chief thing is to have peace for ethnic.Is your house in peace?Dialogue without honesty'll never succeed.Spokeperson shouldn't tell like this.former

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved