ဒေါက်တာစိုင်းမောက်ခမ်းရဲ့ မြ၀တီခရီး

Wednesday, February 20, 2013


~



ပြည်တော်မြင့် ~

မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ ကရင်ပြည်နယ်မြ၀တီမြို့သို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့်အဖွဲ့  ယနေ့နံနက် ၉ နာရီကျော်တွင် ရောက်ရှိလာပြီး ဒေသတွင်းအခြေအနေများကို လာရောက် လေ့လာခဲ့သည့်။

(ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးဦးရန်နိုင်ထွန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က နယ်စပ်ကုန်သွယ်ရေး နှင့် ဒေသအတွင်း အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဒုသမ္မတက နိုင်ငံစီးပွားရေးတွင် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း၊  ခရီးသွားလုပ်ငန်းများကို သတ်မှတ်ထားချက်များနှင့် အညီ ဆောင်ရွက်သွားကြရန်၊  အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းမှာ ပမာဏ လွန်စွာနည်းပါးသည့်အတွက် တိုးမြှင့် ဆောင်ရွက်ကြရန်  ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမရောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကုန်သည်များ၊  လုပ်ငန်းရှင်များကို ပြောကြားခဲ့သည်။

ဒုသမ္မတနှင့်အဖွဲ့သည်   မြ၀တီမြို့ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ နယ်စပ်တံတား စသည့် နေရာများကို  သွားရောက်ခဲ့သည်။

မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားရောက် ဒုသမ္မတ  
တံတားတွင်လမ်းဖောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် စီစယ်ယိုထားကုမ္ပဏီဥက္ကဋ္ဌ နိုင်ဝိလို့နှင့်လည်း တွေ့ဆုံရာ ကုမ္ပဏီဥက္ကဋ္ဌက  မြ၀တီကော့ကရိတ်တောင်ပတ်ကားလမ်းကို ဖောက်လုပ်မှု အနေအထားကို ရှင်းပြခဲ့သည်။

၂၈ မိုင်ခန့် ရှည်သည့်  ဒေါနတောင်ပတ် ကားလမ်းကို ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်ငွေသန်း ၁,၁၄၀ အကုန်အကျခံကာ ဖောက်လုပ်ပေးခြင်းဖြစ်သည်ဟု စီဆယ်ယိုထား ကုမ္ပဏီထံမှ သိရသည်။

မြ၀တီမြို့ရှိ အေးချမ်းဖြိုးရိပ်သာတွင် ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပဒိုရွှေမောင်း၊ ပဒိုအောင်မော်အေး၊ စောတာမူးနာ တို့ ပါဝင်သည့်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဒုသမ္မတနှင့်အဖွဲ့သည် မွန်းလွဲပိုင်း တွင် ခမရ ၃၅၅ တပ်ရင်းသို့ ရောက်ရှိလာပြီး ရဟတ်ယာဉ် ၂ စင်းဖြင့် မြ၀တီမှ ပြန်လည်ထွက်ခွာသွားသည်။

မြ၀တီခရိုင်သည် မြို့နယ် တမြို့နယ်၊ မြို့တမြို့၊ ရပ်ကွက် ၅ ရပ်ကွက်ရှိကာ ကျေးရွာအုပ်စု ၁၅ ခု၊ ကျေးရွာပေါင်း ၅၀ ဖြင့် ဖွဲ့စည်းထားသည်။ မြ၀တီမြို့သည်အနောက်မှ အရှေ့ ၃ မိုင်၊ မြောက်မှတောင် ၇၃ မိုင်၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၆၅၀ တွင် တည်ရှိသည်။










~





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved