ကချင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့ စစ်ပွဲများ ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက်
ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်နေကြရာ ဦးဆောင်အဖွဲ့ နှင့်ပြည်သူများ ၁၇. ၂. ၂၀၁၃ နေ့ လည်တွင် ခင်ဦးမြိုသို့ ရောက်ရှိ ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ဖြတ်သန်းရာ လမ်းတလျှောက် လူထုက ထောက်ခံအားပေးလျက် ရှိသည် အာဟာရကျွေးမွေးပြီး -ကျန်းမာရေးပြုစုပေးလျက်ရှိပါတယ်။
ကချင်စစ်ပြေးဒုက္ခသည်များအတွက်လည်း အလှူငွေများလှူဒါန်း လျက်ရှိပါတယ်။
ဒီအထဲမှာ ရွှေတွံတေးဆရာတော်ဟာလည်း ခင်ဦးမြို့ သို့ ကြွရောက်ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်နေ သူများ ကို ထောက်ခံအားပေးပြီး သင်္ကန်း ခေါက်ဆွဲ တီရှပ်နှင့် အလှူငွေများ လှူဒါန်းခဲ့ပါတယ်။
“ ငြိမ်းချမ်းရေးလမ်းလျှောက်တာအားပေးပါတယ် လူထုလည်းနေရာ အနှံ့က သိရတယ်။ လိုလားထောက်ခံ သူတွေလည်းပူးပေါင်းဆောင်ရွက်နိုင်တယ်။ အခုလည်းနေ့ စဉ် ၁၀၀ လောက် ရှိတယ်။ မြို့ ကြီးတွေ မှာ ဆိုပိုများတယ်။ အစိုးရနဲ့ ကချင် ၂ ဘက် အကြီးအကဲများ ပြည်သူ့  ဆန္ဒကိုလေးစားပြီး ငြိမ်းချမ်းရေး ချက်ခြင်းလုပ်စေချင်တယ် စစ်ပွဲရပ်စေချင်တယ်။ ပြည်သူတွေဟာ မြေစာပင် ဖြစ်နေကြရတယ်။ ပါဝါကြီး တဲ့ သူ လက်နက်များတဲ့သူက သဘောထားပိုကြီးပေးရင် - ပိုလိုက်လျောပေးရင်အားလုံးအဆင်ပြေမှာပါ ရိုးသားပါ - ပွင့်လင်းပါ - ယုံကြည်စွာနဲ့  အပြန်အလှန် ငြိမ်းချမ်းရေး ရယူနိုင်ကြ ပါစေ"လို့  ရွှေတွံတေး ဆရာတော်ကလည်း ဆန္ဒပြုခဲ့ပါတယ်။
ရွှေတွံတေးဆရာတော်သည် မြန်မာ့ငြိမ်းချမ်းရေး ကမ္ဘာ ငြိမ်းချမ်း ရေးအတွက် ထိုင်း ကမ္ဘောဒီးယား စသည် တို့  တွင်နိုင်ငံတကာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ များဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းပါစေ ကချင်မြေဟု ဆန္ဒပြုလျက်ဟောပြောခဲ့ပြီး စစ်ပြေးဒုက္ခသည် စခန်းများ သို့ လည်းသွားရောက် လှူဒါန်းခဲ့ပါတယ်။
0 comments :
Post a Comment