ရန်ကုန် နဲ့ စမတ်ဖုန်း (၁)

Tuesday, February 12, 2013

~


ရွက်စိမ်း ~
    ဖုန်းအသုံးပြုသူတွေအများစုဟာအခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို အကြိုက်များလာကြပါတယ်။ 
ဈေးကွက်ထဲမှာလည်းရောင်းအားကောင်းနေပါတယ်။ 


အထင်ကရ စမတ်ဖုန်း တခု ဖြစ်တဲ့ Google Nexus ကို မြန်မာပြည် သယ်သွားမယ် ဆိုရင် ဆင်မ်ကတ် အစားထိုး သုံးလိုက်ရုံပါပဲ (ဓာတ်ပုံ - အောင်အောင်/ဧရာဝတီ)

စမတ်ဖုန်းတွေအကြောင်း ပြည့်ပြည့်စုံစုံသိရအောင်
ရန်ကုန်မြို့ လသာလမ်းပေါ်မှာ
ဖွင့်ထားတဲ့ Easy Oneဖုန်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်ကျော် နဲ့ တွေ့ဆုံ မေး မြန်း ထားပါတယ်။
သူကပထမဆုံးဈေးကွက်မှာအရောင်းရဆုံးစမတ်ဖုန်းတွေအကြောင်းကိုပြောပြပါတယ်။

Huawei
စမတ်ဖုန်းထဲမှာ Huawei က အရောင်းရဆုံးဖြစ်ပါတယ်။ 
အမျိုးအစား ဆို ရင်တော့ huawei8825 က ရောင်းအားကောင်းပါတယ်။
Huawei 8825 က ရှေ့နောက် ကင်မရာပါတယ်။ CPU 1G  နှစ်လုံး ပါတယ်၊ အသုံးပြုရတာ လွယ်ကူတယ်။
 အားနည်းချက်က ဖုန်းထဲမှာ အသင့်ပါတဲ့ တရုတ်ဆော့ဝဲလ် ရှိနေတယ်၊ မြန်မာစာထည့်ဖို့အတွက် unlock ကုတ်တောင်းရတယ်။

Samsung Note 2
ဒုတိယ ရောင်းအားကောင်းတာက Samsung Note 2 ဖြစ်ပါ တယ်။
Samsung Note 2 ကတော့ CPU လေးလုံး ပါတယ်၊ စာရေးဖို့အတွက် ဘော့ပင် ပါတယ်။ 
ဘယ်ထရီကြာရှည်ခံတယ်၊  Note 1 နဲ့ ယှဉ်ရင် အပူဒဏ်ကို ပိုခံနိုင်တယ်။
ဖုန်းအရွယ်အစားကြီးတယ် ဒါကတော့ အသုံးပြုတဲ့ သူရဲ့အကြိုက် ပေါ် မှာမှု တည်တယ်။
အရောင်ကတော့ အဖြူနဲ့ ခဲရောင် နှစ်မျိုးပဲ ရှိတယ်။

Sony Arc S
စမတ်ဖုန်းထဲမှာနောက်ထပ်ရောင်းအားကောင်းတာက Sony Arc S ပါ ။ ဒီဖုန်းက အပျက်နည်းတယ်၊  ဒီဇိုင်းလှတယ်။
အားနည်းချက်တွေကတော့ ရှေ့ဘက်မှာ ကင်မရာ မပါဘူး။ ဖုန်းထဲမှာပါတဲ့ memory နည်းတယ်။  အန့်ဒရိုက် ဗားရှင်း နိမ့်တယ်။

HTC ပေါ်ပြူလာ ဖြစ်နိုင်မလား
စက်ရုံက ထုတ်ကတည်းက မြန်မာစာ font ထည့်ထားတယ် ဆိုတဲ့ HTC ဖုန်းရဲ့အနာဂတ်ကတော့ မြန်မာပြည်မှာ အရောင်းရဆုံး ဖြစ်လာနိုင်မလား။

Easy One ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်ကျော်ရဲ့ အမြင်ကတော့ ဒီလိုပါ  -

 “မြန်မာစာ ဖောင့် ထည့်လိုက်တာနဲ့တော့ အရောင်းရဆုံးဖြစ်ဖို့ မလွယ်ပါဘူး၊ 
ဖုန်းတစ်လုံး အောင်မြင်ဖို့ဆိုတာသူ့ရဲ့အရည် အသွေးနဲ့လွယ်ကူစွာအသုံးပြုနိုင်ဖို့က အရေးကြီးပါတယ်” လို့ ပြောပါတယ်။

အရစ်ကျ ရောင်းတယ်
ဖုန်းတွေကို အရစ်ကျရောင်းပေမယ့် ကုမ္ပဏီ ၀န်ထမ်းတွေကိုသာ ရောင်းတယ်၊
ဖုန်းတလုံးကို လေးလ ငွေပေးသွင်းရမှာဖြစ်ပြီး မထမလကို ၂၅% ပေးရပါတယ်။
အဲဒီအတွက် သက်ဆိုင်ရာကုမ္ပဏီက အရာရှိတစ်ယောက်က အသိသက်သေ လက်မှတ် ထိုးပေးရတယ်လို့ ရှင်းပြပါတယ်။

ပြည်ပစမတ်ဖုန်း မြန်မာပြည်ယူခဲ့မယ် ဆိုရင်
 ပြည်ပက ယူလာတဲ့ စမတ်ဖုန်းတွေကို မြန်မာပြည်က ဆင်မ်ကတ် ထည့်သုံးချင်ရင်တော့ carry lock ဆိုတာ ရှိတယ်၊
သူ့တို့နိုင်ငံ Network မှာ သုံးထားတာကို unlock လုပ်လိုက်ရင် ရတယ်။ 
တချို့ ဖုန်းတွေကတော့ ဘယ်နိုင်ငံမှာမဆို သုံးလို့ရပါတယ် လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

ဝယ်သူတွေက စမတ်ဖုန်းအကြောင်း သိကြသလား

“စမတ်ဖုန်း ၀ယ်ယူသူအများစုဟာ ဒီဖုန်းတွေအကြောင်းကို ကိုယ်တိုင်နားလည်ပြီးဝယ်သူ များပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ရင်  ၈၅ % ရှိတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ ၁၅% ကတော့ ဆိုင်ကနေ ရှင်းပြပေးတာကို နားထောင်ပြီး ၀ယ်ယူကြတယ် လို့ သူက   ပြောပါတယ်။

ရန်ကုန် နဲ့ စမတ်ဖုန်း ( အပိုင်း ၂)
ကို မကြာခင် ဆက်လက် ဖော်ပြပေးမှာဖြစ်ပါတယ်။

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved