ဒုက္ခသည် စခန်းတွင်းက လောင်စာပြဿနာ ဖြေရှင်းနည်းတခု

Sunday, February 24, 2013


အခု တင်ပြမယ့် လောင်စာပြဿနာ ဖြေရှင်းပုံကတော့ အုန်းပြန့် ဒုက္ခသည်စခန်းတွင်းက ဖြေရှင်းကြပုံ ပါပဲ။ အုန်းပြန့် ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေအနေနဲ့ ရိက္ခဝေငှမှုထဲမှာ အိမ်ထောင်ဦးစီးတဦး ကတော့ တလလျှင် မီးသွေး ၂၀ ကီလို ရပြီး ကျန် မိသားစုဝင်တွေက ၅ ကီလိုသာ ရကြပါတယ်။ 

ဒီတော့ မီးသွေးက မလောက်ငှလို့ ထင်းသုံးဖို့ကျတော့ ထင်း ခုတ်ဖို့ အတွက် အခက်အခဲဖြစ်ပါသတဲ့။ ထိုင်း 
နိုင်ငံကတော့ ထင်းခုတ်မှုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ ကန့်သတ်မှု တွေ လုပ်ထားပါ တယ်။

ဒါကြောင့် ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေဟာ မီးသွေးမှုံတွေကို လိုက်စုပြီး ထမင်းရည်နဲ့ နယ်၊ ဆုတ်ပြီး လုံးကာ နေပူလှမ်းပြီး မီးသွေးအဖြစ် ပြန် အသုံးပြုတာပါ။ 



 မီးသွေးမှုံများ လုံးပြီးနေပူလှန်းနေသည့် အုန်းပြန့် ဒုက္ခသည်စခန်းတွင်းမှ အမျိုးသမီးတဦး၊ ဓာတ်ပုံ- လင်းသန့် ( ဧရာဝတီ) ~

 မိသားစုလိုက် မီးသွေးမှုံလုံးနေကြပုံ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved