စစ်ဘေးသင့် ကချင်ဒေသအတွက် တောင်ကြီးရဲ့အလှူ

Sunday, February 24, 2013


  ကချင်စစ်ဘေးသင့် ဒေသခံတို့အား  လိုအပ်သော အကူအညီပေးနိုင်ရန် ရည်ရွယ်ပြီး တောင်ကြီးမြို့တွင် လုပ်ငန်းကော်မတီတခု ဖွဲ့စည်းလိုက်သည်။
 

ကချင်ဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ကလေးတဦး (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)
-     ကချင်စစ်ဘေးသင့်ဒေသရှိ တိုင်းရင်းသား ပြည်သူများအား အကူအညီပေးရန် များစွာ လိုအပ်နေသေးကြောင်း၊
- လူအား၊ ငွေအား သာမက စိတ်ဓာတ်ခွန်အားပါပေးရန် လိုနေသေးကြောင်း၊
- ဆေးဝါး၊ အ၀တ်အထည်မှအစ အမျိုးသမီး လစဉ်သုံး ပစ္စည်းများအထိ ကချင်ဒေသသို့စေတနာရှင်မြို့သူ၊ မြို့သားများနှင့်အတူ သွားရောက်လှူဒါန်းကြရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုမိုးက ရှင်းလင်းပြောဆိုသည်။

- တောင်ကြီးမြို့မှ ကိုဝင်းတင့်က အလှူငွေ ကျပ် ဆယ်သိန်း၊
- ကိုသူရစောသိန်းက ကျပ်သုံးသိန်း၊
- ဦးစိန်ရွှေ (ရလလဖ ဥက္ကဌ)က ကျပ်တစ်သိန်း၊
SNLD တောင်ကြီးမြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့်က ကျပ် ဆယ်သိန်း၊
ကားပစ္စည်းဆိုင်များစုပေါင်းအဖွဲ့က ကျပ်သုံးသိန်း၊
ဦးခွန်အေးမောင်က ကျပ်တစ်သိန်း၊
ဦးတင်ထွန်းအောင် ဆန်ကုန်သည်များ အသင်းက ကျပ်တစ်သိန်း၊
ချယ်ရီရိုးမကုမ္မဏီမှ ဦးကြည်ရှိန် က  ကျပ်သုံးသိန်း၊
ဦးယဉ်ထွေးက ကျပ်နှစ်သောင်း၊
ဦးကြည်အေး က ကျပ်ငါးသောင်း စသဖြင့် လှူဒါန်းကြကြောင်း သိရသည်။

အလှူငွေစုစုပေါင်း ကျပ် သုံးဆယ့်လေးသိန်း နှစ်သောင်း ရရှိခဲ့သည်။

     ရရှိသောငွေများအား ရာခိုင်နှုန်းပြည့်လှူဒါန်မည်ဖြစ်ကြောင်း၊ အသုံးစရိတ်အား မိမိတို့ငွေဖြင့်သာ ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့မှ မသန္တာ ကပြောသည်။

အခြားအ၀တ်အထည်များ၊ ဆေးဝါးများ လာရောက်လှူဒါန်းကြသူများလည်းရှိကြောင်း ယင်းက ထပ်မံပြောကြားသည်။
                          ဂျွန်ချစ်ငြိမ်း(တောင်ကြီး)  ~



















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved