၈၈ ရုံးက တဆင့် ဥပဒေရေးရာ ကူညီပေးမယ်

Wednesday, February 6, 2013


ဓာတ်ပုံ-88 Generation Students~~

 ယနေ့ နေ့နံနက်(၁ဝး၃ဝ မှ ၁၁း၄၅ )နာရီအထိ၊ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်း၌ မဏ္ဍိုင် ဥပဒေ အကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေဦးမောင်မောင်ဝင်းဦးဆောင်သော ရှေ့နေများနှင့် ၈၈မျိုးဆက်  
ကျောင်းသား ခေါင်းဆောင် များတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာတွင် မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ  
စေတနာ့ဝန်ထမ်းရှေ့နေ(၁၈)ဦး တက်ရောက်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားများမှ ကိုကိုကြီး၊ ဥပဒေ  
ရေးရာတာဝန်ခံ ကိုမာကီ၊ရုံးအဖွဲ့မှူးကိုဇော်မင်းနှင့်ရုံးအဖွဲ့ဝင် ကိုဥာဏ်လင်းတို့ တက်ရောက်ပါဝင် ဆွေးနွေး  ခဲ့ကြပါတယ်။ 

ထိုဆွေးနွေးပွဲ၌ လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လိုအပ်နေသော ဥပဒေများ ပယ်ဖျက်ရေး၊  
ပြုပြင်ရေး၊ ပြဋ္ဌာန်းရေးအတွက်လည်းကောင်း၊ ၈၈မျိုးဆက်ကျောင်းသားများ ရုံးသို့ ရောက်ရှိလာကြသော  
ပြည်သူ လူထု၏ နစ်နာမှုများကို ဥပဒေကြောင်းအရ အကူညီပေးနိုင်ရေးအတွက်လည်းကောင်း အပြန် အလှန်  ဆွးနွေးညှိနှိုင်း ခဲ့ကြပါတယ်။ 

 ပဏာမ သဘောတူညှိနှိုင်းချက်များအရ စေတနာ့ဝန်ထမ်းဥပဒေအကျိုးဆောင်ရှေ့နေများသည် ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်၌ တနင်္လာ၊ ဗုဒ္ဓ္ဓဟူး၊ သောကြာနေ့များတွင် အလှည့်ကျရုံးထိုင်ပေးပြီး၊ လာရောက် တိုင်ကြားသော ပြည်သူများ၏နစ်နာမှုများကို လက်ခံကြားနာ၍ ဥပဒေအကြံပေး အဖြစ်   
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 

လိုအပ်ပါက သက်ဆိုင်ရာတရားရုံးများသို့ စေတနာ့ဝန်ထမ်း အကျိုးဆောင် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါ 
ဆောင်ရွက် ပေးသွားမှာ လည်းဖြစ်ပါတယ်။ လောလောဆယ်တွင် စေတနာ့ဝန်ထမ်း အကျိုးဆောင်   ရှေ့နေအဖြစ် ဆောင်ရွက် ပေးရန် အဆိုပြုထားသူ ရှေ့နေ (၂၅)ဦး ပါဝင်ထားကြပါတယ်။ 


1 comments :

  1. လာဒ်စားတာကို ဘယ်လိုလုပ်မလဲ ကျနော်ပြောတဲ့ သီရီမင်္ဂလာဈေးသစ်က ဒုတာဝန်ခံ အရမ်းကို ဆိုးပါတယ် အပေါ်ဖား အောက်ဖိ ကဲ ဘာလုပ်ကြမလဲ သူကိုလဲ စုံစမ်းပြီး အရေးယူပေးပါ ဈေးသူဈေးသား များ ကိုယ်စားပြောတာပါ အဲဒီအမျိုးသမီး ဟာသီရီမင်္ဂလာဈေးမှာ တော်တော် ကြာနေပါပြီး သူအစ်ကိုက ဗိုလ်မှူးပါ စဉ်းစားသာကြည်ပါ ပုဂ္ဂိုလ်ရေး ကြောင့်ပြောခြင်းမဟုတ်ပါ စုံစမ်းကြည်ရင် သိရှိနိုင်ပါသည် လူတစ်ဦးက လူအများကို အနိုင်ကျင့် သည် ဆိုတာ အာဏာရှင် ဖြစ်ပါသည် ဈေးသူဈေးသားများ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved