ချင်းမိုင်မြို့ မြန်မာကျောင်းဆရာတော် ဈာပနအတွက် ပြင်နေကြပြီ

Wednesday, February 20, 2013





ငြိမ်းဇော်
~

 
ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း မြန်မာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာသဘ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ (သက်တော် ၉၁နှစ်၊ ဝါတော် ၇၀) ရဲ့ ဈာပနအတွက် ပြင်ဆင်နေကြပါပြီ။

ဘန်ကောက် မြန်မာသံရုံးနဲ့ ချင်းမိုင်ရောက် မြန်မာပြည်သားတွေ စုပေါင်းပြီး  မတ်လ ဆန်းဝန်းကျင်မှာ ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားပါတယ်။ မကြာခင် ရက်အတိအကျ သတ်မှတ်နိုင်မယ်လို့ ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။

 အဲဒီအခမ်းအနားကို ထိုင်း နဲ့ မြန်မာနိုင်ငံက ဆရာတော်ကြီးတွေ ကြွရောက်ဖို့ ပင့်ဆောင်ကြမယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်းအဖွဲ့ နဲ့ နာမည်ကြီးအနုပညာရှင်တွေ  ဈာပနပွဲ လာရောက်ကြမယ်လို့ သိရပါတယ်။

 
ဆရာတော်ရဲ့ ဈာပနအတွက် ပန်းချီလက်ရာတွေကို အဓိက တာဝန်ယူဆောင်ရွက်နေသူကတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာက မြန်မာမှု ပန်းချီ ရုပ်လုံးပညာရှင် ကိုနိုင်ဝင်းဦး ဖြစ်ပါတယ်။



ဆရာတော်၏ ရုပ်ကလာပ်တော် တင်ဆောင်မည့် ကရ၀ိတ်ဖောင်တော်





 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved