ဒေါနတောင်နဲ့ တုတ်တပြက်ဓားတပြက်

Friday, March 29, 2013




 ဒေါနတောင်ကျော်ကားလမ်းတွင် ယမန်နေ့က မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့  ရာပေါင်းများစွာသော ကားကြီးကားငယ်များ မောင်းနှင်သွားစဉ် ယာဉ်တိုက်မှုတချို့ဖြစ်ပွားရာ ယာဉ်မောင်းသူများ တုတ်ဆွဲဓားဆွဲကာ အချင်းများခဲ့ကြသည်။

ယမန်နေ့က ဒေါနတောင်ကျော်ကားလမ်း ကော့ကရိတ်အပိုင်းတွင် ပိတ်မိနေသည့်ယာဉ်တို့ကို ဤသို့ တွေ့နိုင်သည် (ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)

မော်တော်ယာဉ်များ ၂ နာရီကျော် ပိတ်မိခဲ့ပြီး ထောင်နှင့်ချီသည့် ခရီးသွားများ ဒုက္ခရောက်ခဲ့ကြရသည်။

ဤသို့သော မြင်ကွင်းမျိုးကို  ဒေါနတောင်ကျော်ကားလမ်းတွင်  နေ့စဉ်နီးပါး တွေ့မြင်ရမည်ဟု ခရီးသွားများကပြောသည်။

အာဏာပိုင်များ ၀င်ရောက်ဖြေရှင်းပေးခြင်းမရှိသေးသည့် ထိုအချင်းများမှု အခြေအနေမှာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာသည်ဟု ပုံမှန်သွားလာနေသည့် ခရီးသည်များကပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သော
တုတ်ဆွဲဓားဆွဲကာ အချင်းများမှုနှင့် ပတ်သက်ပြီး လူသေဆုံးခြင်း၊ ဒဏ်ရာအကြီးအကျယ်ရခြင်း စသည့် သတင်းများ မကြားရပါ။
ကုန်သည်တဦးက ”ကားသမားတွေ၊ ခရီးသွားတွေ၊ ဘန်ကောက်ပြန် အလုပ်သမားတွေဆီကနေ နည်းမျိုးစုံနဲ့ အာဏာပိုင်တွေက ငွေကြေးတောင်းခံတာတွေရှိတယ်၊  ခရီးသွားတွေ အခက်အခဲဖြစ်တော့ ဘယ်သူမှ ပေါ်မလာဘူး။ ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်တွေကို ပြင်ဖို့လိုတယ်” ဟု ဆိုသည်။

ခရီးသွားမြန်မာအလုပ်သမား အများစုကလည်း ဒေါနတောင်ကျော်ကားလမ်းပေါ်မှ ဖြစ်ပျက်နေသည့် အနေအထားကို မြန်မာမီဒီယာများတွင် ထည့်သွင်းဖော်ပြသင့်သည်ဟု ဆိုနေကြသည်။

ဒေါနတောင်ကျော်ကားလမ်း မြ၀တီ-ကော့ကရိတ်အပိုင်အတွင်း ထိုင်းဘက်မှ ပြန်လာကြသည့် မြန်မာအလုပ်သမားများကို တဦးလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ အကြား ငွေကြေးကောက်ခံသည့် ဂိတ် ၅ ခုရှိသည်ဟု မျက်မြင်သက်သေ ခရီးသွားတဦးကပြောသည်။

ထိုဂိတ်များကို အာဏာပိုင်အဖွဲ့ များ၊ ငြိမ်းချမ်းရေးအဖွဲ့များက တာဝန်ယူထားသည်။












 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


-

2 comments :

  1. Anonymous said... :

    ဒေါနတောင်ကျော်ကားလမ်း မြ၀တီ-ကော့ကရိတ်အပိုင်အတွင်း ထိုင်းဘက်မှ ပြန်လာကြသည့် မြန်မာအလုပ်သမားများကို တဦးလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ အကြား ငွေကြေးကောက်ခံသည့် ဂိတ်များကို အာဏာပိုင်အဖွဲ့ များ၊ ငြိမ်းချမ်းရေးအဖွဲ့များက တာဝန်ယူထားတာမှန်ပါတယ်...အစိုး၇က တ၇ားဝင်လုပ်စားခွင့်ပေးထားတာပါ...အထက်အဆင့်ဆင့်ကိုလဲ..ဒီလိုလုပ်စားခွင့်၇အောင်...ပေး၇ပါသေးတယ်။

  1. Unknown said... :

    They had taken money and should had settle those kind of problems when it happen or before it gets any bigger than that.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved