လက်ပံတောင်း အစီရင်ခံစာပေါ်ထွက်လာပြီးနောက်ပိုင်း အစီရင်ခံစာကို အကောင်အထည်ဖော် တဲ့ ကော်မတီ က အောက်ခြေဒေသတွေကို ဆင်းပြီး မြေယာလျော်ကြေးတွေပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြလာတာကတော့ မတ်လ ၁၇ ရက် နေ့က လက်ပံတောင်းဒေသ တောင်သူ ၁၁၁ ဦးကို မြေယာလျော်ကြေးငွေ သိန်း ၃,၃၅၀ ကျော် ထပ်မံ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ ၂ ရက်အတွင်း စုစုပေါင်း တောင်သူ ၁၆၃ ဦးအတွက် မြေယာလျော်ကြေး ငွေ ကျပ် ၅,၅၉၈ သိန်းကျော် ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နို်င်ငံကြီးတခုလုံးကို အလကားဈေးပေါပေါနဲ့ ရောင်းလိုက်နိုင်တဲ့ နိုင်ငံဆိုတာ ဗမာပြည်ပဲရှိတယ်။