မိတ္ထီလာ အဓိကရုဏ်းတွင် လူ ၅ ယောက် သေဆုံး

Thursday, March 21, 2013

 ဧရာဝတီ 

မိတ္ထီလာဆေးရုံ၏ အတည်ပြုချက်အရ အဓိကရုဏ်းတွင် လူ ၅ ဦး သေဆုံးကြောင်း သိရသည်။ 




ဒဏ်ရာရထားသူတဦး လုံခြုံရေးတပ်ဖွဲ့ မော်တော်ယာဉ်များအနီး ပြေးလွှားနေပုံ (ဓာတ်ပုံ - တေဇလှိုင်/ဧရာဝတီ)

ဆေးရုံသို့ လူ ၂၇ ယောက် (ကျား ၂၃+ မ ၄) ရောက်ရှိလာရာ ၃ ယောက်မှာ သေဆုံးနေပြီးဖြစ်ကြောင်း၊ ၂ ယောက် မှာ ဆေးရုံသို့ ရောက်အပြီး သေဆုံးသွားကြောင်း၊ ၅ ယောက်မှာ ပြန်ဆင်းသွားနိုင်ပြီဖြစ်၍ လတ်တလော ဆေးရုံတွင် ၁၇ ယောက် ဆေးကုသခံနေကြောင်း မိတ္ထီလာဆေးရုံက ဧရာဝတီ သို့ ပြော ဆိုသည်။ 


မိတ္ထီလာမြို့တွင်း နေရာအတော်များများ ကျီးလန့်စာစားဖြစ်နေရပြီး မြို့လည်တွင် လုံခြုံမှု လုံးဝ ကင်းမဲ့နေ 
ကြောင်း သိရသည်။ 

အတည်မပြုနိုင်သေးသောသတင်းများအရ ရပ်ကွက်အတွင်း မီးလောင်ရာတွင် ပိတ်ပြီး သေဆုံးရသူ ဆယ် ဂဏန်းချီ ရှိနိုင်ကြောင်းလည်း သိရသည်။ လုံခြုံရေးရဲတပ်ဖွဲ့ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့မှ အင်အားများ ညတွင်းချင်း ခေါ်ယူ၍ တိုးချနေကြောင်းလည်း သိရသည်။


1 comments :

  1. Anonymous said... :

    All of event are already made plan by one of controller.They want to become the religious crisis between Muslim and Buddhist.It can not be controlled well one day change into religious war look like CRUISED war.
    If it occur into civil war ,all of improvement,development will be stopped and more poor .Now,It should be see clearly first.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved