ရန်ကုန်မှာ ဆိုင်ခန်းတွေ ည ၉ နာရီကျော် လုံးဝ မဖွင့်ရ

Monday, March 25, 2013

 မိတ္ထီလာမြို့မှာ ပဋိပက္ခတွေ ဖြစ်ပြီနောက်ပိုင်း ကောလဟာလများနဲ့ ရန်ကုန်မြို့မှာလည်း မတည်မငြိမ်ဖြစ် မှာကိုစိုးရိမ်တဲ့အတွက် ဒီကနေ့ ညမှာတော့ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှုတွေ က မလိုလားအပ်တာတွေ မဖြစ်စေဖို့ ဆိုင်ခန်းတွေကို ည ၉ နာရီ ကျော်တာနဲ့ ပိတ်ဖို့ တားမြစ်လိုက်ပါတယ်။ 


ဧရာဝတီက ရရှိတဲ့ အမိန့် စာ တခုမှာ ရန်ုကုန်တိုင်း၊ ဒဂုံမြို့သစ်( မြောက်ပိုင်း)  ရပ်ကွက် အသီးသီး မှာ ရှိတဲ့ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ အင်းများမှာ ရှိတဲ့ စားသောက်ဆိုင်တွေ၊ KTV နဲ့ TV ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ လမ်းဘေး ဈေးဆိုင်တွေကို ယနေ့ မတ်လ ၂၅ ရက်နေ့ ည ၉ နာရီက နံနက် ၄ နာရီ အထိ ရောင်းချခွင့်ကို မပြုရန် လုံးဝ ( လုံးဝ) တားမြစ် လိုက်ကြောင်း သတင်းရပါတယ်။ 



အလားတူ ရန်ကုန်မြို့တခွင့် အခြားမြို့နယ်တချို့တွင်လည်း အလားတူ အမိန့်ထုတ်ပြီး ဆိုင်ခန်းများကို ည ၉ နာရီက မနက် ၄ နာရီအထိ လုံခြုံရေးအခြေအနေအရ တားမြစ်ပိတ်ပင်လိုက်ကြောင်း ဧရာဝတီက စုံစမ်း သိရပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved