"တဲပေါ်မှ တိုက်ပေါ်တင်ခံရသူများ" လမ်းပေါ်ထွက် ဆန္ဒပြ

Sunday, March 3, 2013

ယခင် စစ်အစိုးရ၏ တဲပေါ်မှ တိုက်ပေါ်တင်သည်ဟူသော ဧရာမစီမံကိန်းကြီးမှာ လိမ်ညာလှည့်စားမှုသာဖြစ်သည်ဟု ယနေ့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ဆန္ဒပြပွဲတခုတွင် ပါဝင်သူတို့က ပြောသည်။

(ဓာတ်ပုံများ -  နန်းဆိုင်နွမ်/ဧရာဝတီ)
၎င်းတို့ မြေသိမ်းခံရပြီး ပဲခူးရိုးမအနီးသို့ ပို့ဆောင်ခံရကြောင်း ဆန္ဒပြသူတို့ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်တခုတွင် ရေးထားသည်။

၁၉၉၁ ခုနစ်တွင် စစ်တပ်က သင်္ဃန်းကျွန်း မြို့နယ် အတွင်း  အိမ်ယာမြေများကို ထိုစီမံကိန်း အကြောင်းပြ သိမ်းပိုက်ခဲ့ကြောင်း၊ ထိုမြေများ ပြန်ရရှိရန် ယနေ့ လာရောက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆန္ဒပြသူပေါင်း တထောင် ဝန်းကျင်ခန့် ရှိကြောင်း တွေ့ရသည်။



တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်တို့မှ လာရောက်ကြသော ဆန္ဒပြသူများသည်   ယနေ့ နေ့လယ် ၃နာရီ ခွဲမှ စ၍ သင်္ဃန်းကျွန်းရှိ ဝေဇယန္တာလမ်းမကြီး နှင့် ပြည်သာယာလမ်းတွင် ဆန္ဒ ဖော်ထုတ်ကြသည်။

" အခုပြတာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက ဇန်န၀ါရီ ၂၇ ရက်နေ့က တစ်ကြိမ်ပြခဲ့ပါတယ်။ ဒီတစ်ခါ မှ ထူးခြားမှု မရှိလာရင်တော့ သပိတ်စခန်း ဖွင့်သွားဖို့ရှိပါတယ်" ဟု မိကျောင်းကန် အပိုင်း၃တွင်နေထိုင်လာခဲ့သည့် ဦးစိန်သန်းက ဧရာဝတီသို့ပြောသည်။

ထပ်မံ ဆန္ဒပြရခြင်းသည် တပ်မတော်က အသုံးမပြုသည့် မြေများကို ပြန်ပေးမည်ဆိုသည့် သတင်းကြောင့်  လာရောက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကဆိုသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာသိမ်းပြီး လက်ရှိအချိန်ထိ မည်သည့် စီမံကိန်းမှ မလုပ်သေးသည့် မိကျောင်းကန် အပိုင်း (၁။ ၂၊ ၃၊) ကို မူရင်းပိုင်ရှင်များသို့ ပြန်ပေးသင့်သည်ဟု  အသက် ၈၀ ခန့် ရှိသည့်  ဒေါ်သင်းရွှေက

 "အဲ့တုန်းက လက်နက်နဲ့ လာခြိမ်းခြောက်တယ်။ အိမ်တွေမဖျက်ပေးရန် အရေးယူမယ်။ ထောင်ချမယ်။ ပြီးတော့ ဘာအကျိုးခံစားခွင့်မှမပေးဘူး။ အခု နေတဲ့ တောင်ဒဂုံနေရာ ဆိုရင် ကိုယ့်ဟာကို ပြန်ဝယ်နေရတယ်" ဟု ဧရာဝတီသို့ပြောသည်။

နန်းဆိုင်နွမ် ~





1 comments :

  1. Anonymous said... :

    သာမန်ပြည်သူတယောက်အနေနဲ.နားလည်ထားတာ ၊ ဆန္ဒပြ တယ်ဆိုတာ မိမိကိုယ်ပိုင်လိုအပ်ချက်ကို ရပ်သိရွှာသိ ဖြစ်အောင် စုပေါင်းထုပ်ဖေါ်ကြတာ ၊ ဒါဆိုရင် လူတိုင်းလိုအပ်ချက်ကိုထုပ်ဖေါ်ခွင်.ရှိကြမှာပါ ၊ ကျွန်တော်တို.နိင်ငံမှာလူတဦးတယောက်တိုင်းမှာ ၊အဖွဲ.အစည်းတခုတိုင်းမှာ ၊ အလွှာအသီးသီးမှာ ၊ လိုအပ်ချက်တွေ ၊လိုချင်တာတွေ ရှိကြမှာပါ ၊ ကျွန်တော်တို.ကို အုပ်ချုပ်နေတဲ.အစိုးရ ကော ဆန္ဒပြ ခွင်.မရှိဘူးလား ၊ လွတ်တော် နှစ်ရပ်နဲ. လွတ်တော် ကိုယ်စားလှယ်တွေကော ၊ နိင်ငံ ပိုင်စက်ရုံ အလုပ်ရုံ ၊ တပ်မတော်သား ၊ရဲဝန်ထမ်း ၊ ကုမ္ပဏီ ၀န်ထမ်း ၊ ပြည်သူပြည်သား အကုန်လုံး ၊ အဲဒီလိုအကုန် ဆန္ဒပြ၇င် ဘာဖြစ်သွားမလဲ ? ၊ ဆန္ဒပြတဲ.လူတွေနားလည်ထားရမှာက ကိုယ်လိုပဲ ၊တခြားသူတွေလည်း ဆန္ဒပြခွင်.ရှိတယ် ၊ အဲဒီတော.တိုးတက်ဖို.အောင်မြင်ဖို. ၀ိုင်းပြီးကြိုးစာနေတဲ.အချိန်မှာ ၊ ကိုယ်.လိုအပ်ချက် တခုပဲကြည်.ပြီး ၊ဘယ်သူ.မျက်နာမှမထောက်ပဲ ဆန္ဒပြပြီး ၊ ကျွန်တော်တို.နိုင်ငံ ရဲ. တိုးတက်မှုတွေကို ၊ မဖျက်ဆီးပါကြပါနဲ.လို. အကြံပေးချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved