ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်း

Tuesday, March 5, 2013


ကုဋေကုဋာ ချမ်းသာနိုင်သည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်ပေါင်းခြင်း ဖြစ်နိုင်သည်။

မြန်မာပြည်တွင် ကုဋေကုဋာ ချမ်းသာသူ ထိပ်တန်း လုပ်ငန်းရှင်ကြီးများတွင် မက်စ်မြန်မာကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော်လည်း ပါဝင်သည်ဟု အများအပြားက ယူဆကြသည်။

ဦးဇော်ဇော်သည် "နာမည်ပြောင်းသော်လည်း လူမပြောင်းသည့် အစိုးရများ" အဆက်ဆက် ပုခုံးကြယ်ပွင့်တပ်ပုဂ္ဂိုလ်တချို့နှင့် နီးစပ်သည်ဟု လေ့လာသူတချို့က ယုံကြည်ကြသည်။

ထို့ပြင် ဦးဇော်ဇော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အဆက်အစပ် ရှိသည်။
တကြိမ်တွင် သူက ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲတပွဲသို့ ဖိတ်ခေါ်ပြီး ဘောလုံးပွဲအကြောင်း ပြောကြ ဆိုကြဖူးသည်။
ဦးဇော်ဇော်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလည်း ဖြစ်သည်။

ထိုသို့  အစိုးရပိုင်းသာမက အတိုက်အခံတို့နှင့်လည်း ခင်မင်ရင်းနှီးရန် အသင့်ရှိခြင်းမှာ ထိပ်သီးလုပ်ငန်းရှင်တဦး၏ အရည်အချင်းဟု ဆိုနိုင်မည် ထင်သည်။




ယနေ့ နံနက်ပိုင်းက ဦးဇော်ဇော်ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုရွာတွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏  ဆက်ဆံရေးရုံးဖွင့်ပွဲတွင် တွေ့ရသည်။

KNU ရုံး၏ မြေနေရာ၊ အဆောက်အအုံတို့ကို မက်စ်မြန်မာက လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးဇော်ဇော် နှင့် KNU ၏ ဆက်စပ်မှု မည်သည့်အချိန်က အစပြုခဲ့သည် မသိပါ။

သက်တမ်းရှည် လက်နက်ကိုင်အဖွဲ့ကြီးဖြစ်သည့် KNU နှင့်လည်း ဦးဇော်ဇော်က တစုံတရာ ရင်းနှီးမှု ရှိခဲ့သည် သို့မဟုတ် ရှိတော့မည် ဟု ဆိုနိုင်သည်။

လုပ်ငန်းရှင်ကြီးတဦး ကုဋေကုဋာ ချမ်းသာလာသည့် နည်းလမ်းက အားလုံးနှင့် တည့်အောင်ပေါင်းခြင်း ဖြစ်ဖွယ်ရှိသည်။


5 comments :

  1. Anonymous said... :

    စီးပွားရေးသမား တစ်ယောက်အနေနဲ့ အများနဲ့ တည့်အောင်ပေါင်းရမှာ သူတာဝန်ဘဲလေ။ ဇော်ဇော်ကို သဘောကျတာတခုရှိတယ်။ ဟိတ်ဟန်မရှိဘူး။ တခြားခရိုနီတွေနဲ့ မတူတာ လူမကြောက်ဘူး။ လူတန်းစားပေါင်းစုံ နဲ့ တွေ့တယ်. သူလုပ်ဆောင်ချက်တွေက တကယ်ဘဲ တေဇတို့ ခင်ရွှေတို့ ထွန်းမြင့်နိုင်တို့ နဲ့ မတူတာအမှန်ဘဲ။ လူထုနဲ့ ထိတွေ့မူ ပို၇ှိတယ်..လူထုအတွက်လုပ်ပေးနိုင်သလောက် လုပ်ပေးတာတွေ့ရတယ်..လုပ်သင့်လုပ်ထိုက်တာလုပ်နေတယ်လို့ မြင်တာဘဲ။

  1. Unknown said... :

    max ကို ကျွန်တော်သိတယ်. သူရော်ဘာစိုက်ခင်းတွေ တပ်မဟာ၁ အုပ်ချုပ်တဲ့ ဘီးလင်းရွှေရောင်ပြမှာ ရှိတယ်.. စိုက်ခင်းတွေ စလုပ်ထဲက knu နဲ့ အဆက်အဆံ ရှိမယ်ထင်တာဘဲ။ ဒါကတော့ ဘယ်စီးပွားရေး သမားမဆို လက်နက်ကိုင်တွေရှိတဲ့ နေရာမှာ အလုပ်လုပ်ရင် သူတို့နဲ့ တည့်အောင်ပေါင်းရမှာဘဲ။ ရွှေရောင်ပြမှာတော့ max ကသေချာလုပ်ပေးထားတယ်ကြားတယ်. ကျောင်းတွေ ဆေးခန်းတွေ ဆောက်ပေးတယ်တဲ့။ တလောကတောင် လျှပ်တပြက်ထဲမှာတွေ့ လိုက်တယ်.ရွှေေ၇ာင်ပြ နားကရွာတွေမှာ ကျောင်းတွေ ဆောက်ပေးပြီး လှူတာလားမသိဘူး။ ဒေသမှာ စီးပွားရေးလာလုပ်ပြီး ဒေသအတွက် အကျိုးရှိမဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးတယ်ဆိုရင် တော့ ချီးကျူးရမှာဘဲ။ အခု ဆက်ဆံရေးရုံးဆောက်ပေးတယ်ဆိုတော့ ကောင်းတာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးဝင်ပါနိုင်ရင် အကောင်းဆုံးဘဲ။

  1. Anonymous said... :

    ဒီဆောင်းပါးကိုဖတ်ပြီးတော့ အတွေးတွေအများကြီးဝင်လာမိတယ်။ ခုချိန်မှာ ကျွန်တော်တို့ တိုင်းပြည်အတွက် အဲလို အားလုံးနဲ့ တည့်အောင်ပေါင်းပြီး အပြောင်းအလဲ အရွေ့မှာ အပြုသဘောဆောင်တဲ့ရလဒ်တွေကို ထည့်ဝင် ဖန်တီးပေးနိုင်တဲ့သူတွေ အများကြီးလိုအပ်တယ်လို့ မြင်မိပါတယ်။ သဘောက အရင်က အစိုးရ မကြိုက်ဘူးဆိုပြီး ဘေးထိုင်ဘုပြော ကန့်ကွက်ဖြုတ်ချဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဖြုတ်ချလို့မရခဲ့ဘဲ ဆယ်စုနှစ်များစွာကြာသွားခဲ့တဲ့အချိန်မှာ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဒေါက်တိုင်တွေဟာ ချိနဲ့သွားခဲ့ပါတယ်။ သင်္ချာတွက်သလိုမျိုး given problem ပေးထားတဲ့ အခြေအနေထဲကနေ solution ကိုရအောင်ထုတ်မယ်ဆိုရင် ဒီလိုမျိုး အုပ်ချုပ်သူပြောင်းလဲဖို့ ကြန့်ကြာနေတဲ့ အခြေအနေမှာ သူတို့နဲ့ မပတ်သက်မဆက်ဆံဘဲနဲ့ သူတို့ရဲ့ အာဏာလုပ်ပိုင်ခွင့်အောက်မှာ အပြည့်အ၀ရှိနေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ စနစ်တွေကို ထိထိရောက်ရောက် ၀င်ရောက်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင်လုပ်လို့လည်း တိုင်းပြည်နဲ့ ချီလို့ မသက်ရောက်နိုင်ပါဘူး။ ဆိုလိုတာက ဦးဇော်ဇော်ဟာ ကျောင်းတွေ၊ ဆေးရုံတွေဆောက်ပေးပြီး အဲဒီအဆောက်အဦးတွေ အသက်ဝင်လည်ပတ်နိုင်ဖို့အတွက် အစိုးရရဲ့ ပညာရေး၊ ကျန်းမာရေး စနစ်တွေရဲ့ ယန္တရားလည်ပတ်ဖို့ အဓိကယူနစ်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေ၊ ဆရာဝန်၊ သူနာပြုနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို အားဖြည့်ပေးနိုင်ဖို့ အစိုးရနဲ့ ဆက်သွယ်မှုရှိရမှာပါ။ အိုဘားမားပြောခဲ့တဲ့ မတူကွဲပြားမှုတွေကို စုစည်းပြီးရလာတဲ့ အင်အားဟာ ကျွန်တော်တို့အတွက် ခုချိန်မှာတကယ်လိုအပ်နေပါတယ်။ သူပြောခဲ့တဲ့အတိုင်းပဲ အဲဒီလို စုစည်းနိုင်ဖို့ကလည်း တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် အဲဒီလိုစုစည်းနိုင်ဖို့ အတွက် ကျွန်တော်တို့တိုင်းပြည်ထဲက တိုင်းရင်းသား လူမျိုးတွေ၊ အမျိုးမျိုးသော အဖွဲ့အစည်းတွေ၊ အုပ်စုတွေကို ခုလိုမျိုးတည့်အောင်ပေါင်းပြီး တိုင်းပြည်အတွက် ကောင်းတာကို လုပ်ချင်၊ ဖြစ်ချင်ကြတဲ့ တူညီသောဆန္ဒတွေကို ဦးစားပေးလျက် ကြားဝင်ညှိနှိုင်းစေ့စပ် ဖျန်ဖြေပေးမယ့် အောင်သွယ်တော် တွေတကယ်ကို လိုအပ်နေတာပါ။ ခု အဲဒီ ကရင်ဒေသမှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်စီးပွားရေးကိုယ်လုပ်ရုံတင်သက်သက်မဟုတ်ဘဲ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးတယ်၊ ဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့ တိုးတက်ရာတိုးတက်ကြောင်းတွေလုပ်တယ်၊ လမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အဆင့်မြှင့်ပေးတယ်၊ နောက်ဆုံး ဒေသငြိမ်းချမ်းရေးအတွက် တတ်နိုင်သလောက် အမြဲတမ်းပူးပေါင်းလုပ်ဆောင်နေတယ်ဆိုရင် ဒီလိုတည့်အောင်ပေါင်းတယ်ဆိုတာ ကုဋေကဋာချမ်းသာနိုင်ရုံတင် မဟုတ်ဘဲ စစ်မှန်တဲ့ အတွင်း နှလုံးသားငြိမ်းအေးချမ်းသာမှုနဲ့အတူ တိုင်းပြည်အတွက်ရော အားလုံးအတွက်ပါ အကျိုးရှိတဲ့ win win situation တွေကို ဖန်တီးပေးနိုင်မယ်လို့ ပြောပါရစေ။ အတိုပြောရရင်တော့ ကိုယ်က အားလုံးနဲ့သိထားတယ်၊ စကားပေါက်နိုင်တဲ့ ရင်းနှီးမှုအဆင့်တစ်ခုမှာရှိနေတယ်ဆိုရင် ဖြစ်နေတဲ့အခြေအနေတွေထဲမှာ အပြုသဘောဆောင်တဲ့ ထောက်ပံ့မှုတွေကို ထိရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်တော့ ဘေးကနေထိုင်ကြည့်၊ လက်ပိုက်ကြည့်ပြီး ဘုပြော၊ လက်ညှိုးထိုးရင်းနဲ့ပဲ နောက်ထပ်ဆယ်စုနှစ်များစွာ၊ တစ်ဘ၀စာ အချိန်တွေကုန်သွားနိုင်ပါတယ်။

  1. Anonymous said... :

    ဇော်ဇော် မှ မဟုတ် သစ်ထုတ် တဲ့ လူအားလုံး တောတွင်း လက်နက် ကိုင် တွေ ကို ပေါင်းရတာပဲ-----

  1. Unknown said... :

    ဇော်ဇော်က မြန်မာနိုင်ငံသားတွေကိုချစ်တတ်တဲ့လူငယ်တစ်ယောက်ပါ
    မမောက်မာဘူး။ လူတန်းစားမခွဲဘူး။လောဘအရမ်းမကြီးဘူး။
    သူလိုလူများများပေါ်ထွန်းနိုင်ပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved