နိုင်ငံခြား ထွက်ခွာခွင့် D Form စနစ် အဆုံးသတ်မည်

Wednesday, March 6, 2013


ပြည်ပနိုင်ငံများသို့ သွားရောက်မယ့် သူတိုင်း မဖြစ်မနေလုပ်ဆောင်ရတဲ့  နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (ဃ) (D-Form) ပြုလုပ်ရတာကို ၂၀၁၃ ခုနှစ် ဧပြီလတွင်ပယ်ဖျက်သွားမှာဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့  ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဧရာဝတီသို့ ပြောပါတယ်။

အဆိုပါနိုင်ငံခြားထွက်ခွာခွင့်ပုံစံ တင်ပြရတာဟာ ၁၉၄၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ အရ ဆောင်ရွက်ရတာ ဖြစ်ပြီး ယနေ့ခေတ်စနစ်နဲ့ ကိုက်ညီခြင်းမရှိတော့လို့  ပယ်ဖျက်ခြင်းဖြစ်ကြောင်းနဲ့ မူလ ဥပဒေ ပယ်ဖျက်ရေး ဆိုတာ ဦးစွာတင်ပြပြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရင်  D-Form စနစ်ကို ဖျက်သိမ်းသွားမည်ဖြစ်တဲ့အကြောင်း၊ ဧပြီလတွင် ဖျက်သိမ်းမယ်ဆိုသော်လည်းပဲ ရက်အတိအကျကို မပြောနိုင်သေးဘူးလို့ ဦးမောင်မောင်သန်းရဲ့ အဆိုအရ သိရပါတယ်။


နှစ်ပေါင်း ၆၀ ကျော်ကြာ ပြဌာန်း ကျင့်သုံးခဲ့တဲ့ D Form လုပ်ရတဲ့ အဆင့်ဆင့် လုပ်နည်းလုပ်ဟန် 
တွေကြောင့် ပြည်ပ ထွက်ခွာသူတိုင်း အလုပ်ရှုပ်စေတဲ့ ၀န်ပိုတခုတော့ အခုတော့ အဆုံးသတ်တော့မယ် လို့ ပြောရမှာဖြစ်ပါတယ်။

အွန်လိုင်းက လျှောက်ထားတဲ့ စနစ်ရှိသလို၊ စာရွက်စာတမ်းနဲ့ လျှောက်ထားတဲ့ စနစ်လည်း ကျင့်သုံးခဲ့တာ ပါ။ 

ဒီစနစ်ကြောင့် မြန်မာနိုင်ငံသားရော၊ နိုင်ငံခြားသားပါ မြန်မာပြည်က ထွက်ခွာမယ်ဆိုရင် D Form ကို ရယူပြီးမှသာ ထွက်ခွာလို့ ရခဲ့တာဖြစ်ပါတယ်။


ပွဲစားတွေနဲ့ လုပ်ရင်လည်း အနည်းဆုံး ကျပ်ငွေ ၁၀၀၀ လောက်ပေးရပြီး ကိုယ်တိုင်သွားလုပ်ရင်တော့ ရာဂဏန်းလောက် ကုန်ကျပါတယ်။ 

D Form အမျိုးအစားအနေနဲ့က  ရိုးရိုး နဲ့ နိုင်ငံခြားသား အတွက်ဆိုပြီး ၂ မျိုးရှိပါတယ်။

ဒီအပြင် ၀န်ပိုအလုပ်ရှု့ပ်စေတဲ့ စနစ်တခု မရှိတော့တဲ့ အတွက် ပြည်ပထွက်ခွာသူတွေအတွက် စိတ် သက်သာရာလည်း ရသွားမှာပါ။ DForm နဲ့ပတ်သက်တဲ့ အောက်ဖော်ပြပါ အဆင့်တွေ၊ လုပ်ထုံးလုပ်နည်း 
တွေ အခုတော့ မလိုအပ်တော့ဘူး ပြောလို့ရမယ်ထင်ပါတယ်။ 







အိမ့်သံစဉ် ~~

1 comments :

  1. Anonymous said... :

    D form မလုပ်ဘဲလဲ..ထွက်လို့၇ပါတယ်။...လေဆိပ်က...immigrationေ၇လောင်းဘို့တော့လိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved