ရန်ကုန်မှာ KFC ဆိုင် ဖွင့်မယ် ဆိုခါမှ သတိပေးကြေညာချက်တခု အွန်လိုင်းမှာ ရောက်လာပါတယ်။
သတင်းစာ ကြော်ငြာစာမျက်နှာထဲက ဖြစ်ပါလိမ့်မယ်။ ရက်စွဲတော့ မပါပါ။
ကြက် နဲ့ အသားမျိုစုံကြော်တဲ့ လုပ်ငန်းတခုက Kentucky Fried Chicken ဆိုပြီး နာမည်ပေးထားပါတယ်။ တံဆိပ်မှာလည်း KFC ဘိုးဘိုးကြီးပုံ တပ်ထားတာ တွေ့ရမှာပါ။
ရန်ကုန်၊ မင်္ဂလာတောင်ညွန့် စိန်ဗလရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ရဲ့ ကုန်အမှတ်တံဆိပ်လို့ ဆိုပါတယ်။
ဒီတံဆိပ်ကို ရေစစ္စရီ လုပ်ပြီးပြီလို့ ဆိုတယ်း)
ရေစစ္စရီ နံပါတ်အရ ဆိုရင်တော့ ၂၀၀၇ ခုနှစ်က ခွင့်ပြုထားတာလို့ ယူဆရမှာပါ။
ဒီတံဆိပ် ဒီနာမည်တွေကို ပုံမှားရိုက်ရင် အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့ သတိပေး ကြေညာတယ်၊
ဆက်လုပ်မယ် ဆိုရင် "နစ်နာမှုများအတွက် တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်"
လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။
ရန်ကုန်မှာ KFC ကြက်ကြော်ဆိုင် ဖွင့်မယ် ဆိုတဲ့အကြောင်း ဒီဘလော့ http://blog.irrawaddy.org/2013/03/kfc.html မှာ ရေးခဲ့ပြီးပါပြီ။
ဆိုခဲ့သလိုပဲ ရန်ကုန်မှာ KFC ဆိုင် ဖွင့်မယ် ဆိုခါမှ သတိပေးကြေညာချက်တခု အွန်လိုင်းမှာ ရောက်လာပါတယ်။
စိန်ဗလကြက်ကြော် နဲ့ KFC ကြက်ကြော်က လိုဂို၊ နာမည်တွေတော့ တူနေပါပြီ။ အရသာ ဘယ်လို တူမလဲတော့ မသိပါ။
စိန်ဗလ နဲ့ အမေရိကန် KFC က စီးပွားဘက်များလား။
စီးပွားဘက် မဟုတ်ဘူး ဆိုရင်တော့ ရန်ကုန်မှာ KFC ဆိုင် လာဖွင့်တဲ့အခါ စိန်ဗလရောင်းဝယ်ရေးကုမ္ပဏီလီမိတက်ရဲ့ ကန့်ကွက်တာမျိုး၊ တရားစွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
မျှော်လင့်မထားတာတွေ ဖြစ်လာတတ်တာ သဘာဝပဲ မဟုတ်လား)
.
စိန်ဗလနဲ့ ကန်တက်ကီနဲ့မတူရင်တော့စိန်ဗလတရားစွဲခံရပြီးလျော်ရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ကန်တက်ကီကတစ်ကမ္ဘာလုံးမှာဒီကုန်အမှတ်တံဆိပ်ကို
မှတ်ပုံတင်ထားပြီးပါပြီ။