အခန်း(၁)
တရားမ၀င်အလုပ်သမားတွေ လျော့နည်း ပပျောက်ရေးနဲ့ အလုပ်သမားတန်းတူအခွင့်အရေး ရရှိစေဖို့အတွက်ထိုင်းနဲ့မြန်မာအစိုးရတို့ ၂၀၀၉ ခု လောက်မှာသဘောတူညီမှုလုပ်ခဲ့ပြီးတော့ နှစ်နိုင် ငံနား လည်မှုစာချွန်လွှာ MOU ဆိုတာ စတင်ပေါ် ပေါက်လာခဲ့တယ်။ အတိအကျပြောရင် ၂၃၊ ၇၊ ၂၀၀၉ မှာ ပတ်စပို့ စထုတ်ပေးခဲ့တယ်။
ဘန်ကောက်မြန်မာသံရုံးကို အမှီသဟဲပြုနေ ကြတဲ့၊စာရွက်စာတမ်းတွေ၊ ပတ်စပို့တွေနဲ့ ပတ်သက် ကြတဲ့ သံဝန်ထမ်းအချို့နဲ့အဆက်အဆံရှိသမျှ ပွဲစား အလွှာတစ်ခုလုံး သံရုံးကို ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကြတော့တယ်။ မြန်မာသံရုံးရှေ့မှာ ပတ်စပို့ပွဲစားတွေ အုံနဲ့ကျင်းနဲ့၊ စည်စည်ကားကား။
မြန်မာနယ်စပ်တွေဖြစ်တဲ့ မယ်ဆိုင်၊ မြ၀တီ၊ ဘုရားသုံးဆူနဲ့ ကော့သောင်း နယ်စပ်ဂိတ်တို့က ထိုင်းနိုင်ငံအတွင်းသို့ တစ်နေ့တစ်နေ့ကို မြန်မာအလုပ်သမာပေါင်းထောင်ချီပြီးတော့ နည်းလမ်းအမျိုးမျိုးနဲ့
ဝင်လာနေကြတယ်။
ဒီအရင်းအမြစ်ကြီး၊ ဒီတရားမ၀င် ၀င်ရောက်ခြင်း ဈေးကွက်ကြီး ကို ထိုင်းအာဏာပိုင်တွေ နဲ့
ပူးပေါင်းပြီးတော့ နှစ်ပေါင်း ၂၀ လောက် လူကုန်ကူးနေတဲ့ မြန်မာပွဲစား လူကုန်ကူးသူတွေဟာ MOU ဆိုတဲ့ တရားဝင် လူကုန်ကူးခွင့် လိုင်စင်ကို ရရှိလာခဲ့တဲ့နောက်၊ ချိပ်ဆက်ပြီးတဲ့နောက်မှာေ တာ့……….......
အခန်း(၂)
(က) အစိုးရကိုယ်တိုင် လိမ်လည်လှည့်ဖြားခွင့်ပေးထားတဲ့ MOU………..
(၂) အစိုးရက လက်မှတ်ထိုးပေးလိုက်ပြီးတော့ ကြားပွဲစားကို သားသတ်လိုင်စင်ပေးတာ MOU……..
(၃) အစိုးရက ခွင်ပြုချက်ရမှ တရားဝင်လူကုန်ကူးခွင့်ရတာကြောင့် တရားဝင်လူကုန်ကူးခွင့်လိုင်စင် MOU…
(၄) ထိုင်းမြန်မာအလုပ်သမားအရာရှိများနဲ့ ပွဲစားများခြေချင်းလိမ် အကွက်ရိုက် ဒီမန်းအတု၊ အလုပ်ရုံအတု၊
အရေအတွက် အတုနဲ့ လူမှောင်ခိုတင်သွင့်ခွင့်ရတာ MOU……….
(၅) တရားဝင် ကုမ္ပဏီမလို၊ တရားဝင်မှု ဘာမှလုပ်စရာမလို လူစါရင်းလာပို့ရုံနဲ့ ပါကင်ထုတ်ပြီး တင်ပို့
ရောင်းချလို့ရတဲ့လို့ရတဲ့ MOU…….
၂၀၁၃ ခုနှစ်အရောက်မှာ MOU နဲ့ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းကိုတစ်သိန်းထက် မနည်း ၀င်ရောက် အလုပ်လုပ်ကိုင်နေခဲ့ကြပြီးဖြစ်တယ်။
ဒီလောက်များပြားတဲ့ အလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းမှာ စာချုပ်ပါစည်းကမ်းချက် အတိုင်း ဘယ်လောက်အထိ မှန်မှန်ကန်ကန်ရရှိနေကြသလဲ။ မြန်မာသံရုံးနဲ့ နယ်စပ်က မြန်မာအရာရှိတွေ ရှေ့မှာ ချုပ်ဆိုသွားတဲ့ စာချုပ်ပါ အလုပ်အကိုင်တွေကို မြန်မာအလုပ်သမားတွေ လုပ်နေကြရရဲ့လား၊ ဆိုတာ မြန်မာ အလုပ်သမား အာဏာပိုင်တွေ ယနေ့တိုင် စစ်ဆေးခြင်း၊ စုံစမ်းခြင်း တစ်စုံတစ်ရာမရှိသေးပါ။ အပြစ်ပေးခြင်း လည်း မကြားဖူးသေးပါ။
တိရစ္ဆာန်ဖြစ်တဲ့ ပင်လယ်လိပ်မကြီးတွေဟာ မိမိဥချပြီးတော့ အချိန်တန် မွေးဖွားလာမယ့် လိပ်ကလေး တွေ ရေထဲဆင်းလာမယ့်ရက်ကို အမြဲစောင့်နေပေမယ့်၊ G to G သွင်းထားတဲ့ MOU အလုပ်သမား တွေ ဘာဖြစ်နေလဲ သိအောင်ကြိုးစားဖို့နေနေသာသာ၊ ကျနော်တို့က တင်ပြရင်တောင် အလုပ်ရှုပ်အောင်လုပ် တယ်လို့ ကျနော်တို့ အပြောခံရတယ်။
ဘန်ကောက်ကလက်ရှိမြန်မာအလုပ်သမားအရာရှိ ဖြေရှင်းနည်းက တော့……MOUနဲ့လာတဲ့အလုပ်သမား
တွေ ပြဿနာတစ်ခုခုတက်လာရင်၊ အလုပ်သမားတွေကို နယ်စပ်ကို ပြန်ပို့စေသတည်း။ ပါပဲ။ အိမ်ပေါင်၊ ယာပေါင်၊ လယ်ပေါင်၊ အတိုး၂၀ တိုး ၃၀တိုးနဲ့လာခဲ့ကြတဲ့ တောသူတောင်သားတွေ ဘ၀ပျက်ကုန်တာတွေေ ရတွက်လို့မကုန်။
မြန်မာအစိုးရက ကျပ်ငွေတစ်သိန်းထက် ပိုမယူရဘူးလို့ ဆိုထားပေမယ့်၊ လက်တွေမှာ သုံးသိန်းဝန်း ကျင်ကနေ ၇သိန်းအထိ အလုပ်သမားတွေ ပေးနေရတယ်။ ဒါကိုလည်း မြန်မာအစိုးရ မျက်ကွယ်ပြုထား တယ်။ မသိချင်ယောင်ဆောင်ထားတုန်းဖြစ်တယ်။
အခန်း(၃) ထိုင်းနဲ့မြန်မာပွဲစားတွေဟာ အလုပ်သမားအရာရှိတွေနဲ့ အဆင်ပြေအောင် စီစဉ်ကြပြီး၊ မြ၀တီ နဲ့ မဲဆောက်တို့က အလုပ်သမားတွေ စုဆောင်း ခေါ်ယူတင်သွင်းကြတယ်။ MOU ပွဲစား ကုမ္ပဏီတို့ဟာ အလုပ် သမားတွေ စာချုပ်ပါ စည်းကမ်း ချက်များအတိုင်း အလုပ်သမားအခွင့်အရေးများ ရ/မရ စဉ်းစားစရာမလိုပဲ မြန်မာ အလုပ်သမားတွေထိုင်းနိုင် ငံအတွင်းသို့ ရောက်ရှိသွားဒါနဲ့ ၎င်းတို့ တာဝန်ကျေပြီ ဆိုတဲ့သဘော နဲ့
ထီမထင်လုပ်နေကြတယ်။
ထိုင်းနိုင်ငံအထဲမှာ ပြဿနာတွေ ရှင်းမကုန်။ ရှင်းမယ့်လူလည်းမရှိ၊ ရှင်းစရာ လည်းမလို။ ပြဿနာတွေ တက်နေပြီ၊ အလုပ်သမားတွေ အခက်ကြုံနေပြီ စုတ်ပြတ်သတ်နေပြီ ဆိုမှ ၎င်းပွဲစား ကုမ္ပဏီများနဲ့ မြန်မာ အလုပ်သမားအရာရှိတို့က အလုပ်သမားတွေကို သွားရောက်တွေ့ဆုံကြတယ်။ ဒါပေမယ့် အပေါ်ယံ ဟန်ပြ ဖြေရှင်းမှုမျှသာဖြစ်တယ်။ ထိထိရောက်ရောက် ဖြေရှင်းနိုင်တာ အထူးနည်းပါးတယ်။
သမ္မတ ဦးသိန်းစိန် တို့ ဒေါ်အောင်ဆန်းစုကြည် တို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ကူညီ ကြရမယ်၊ စောင့်ရှောက်ကြရမယ်လို့ ပြောခဲ့ကြပေမယ့် တကယ့်လက်တွေမှာ။ အခွံဗလာ။ အဆံမရှိ၊ သင်္ကြန် အမြောက်သက်သက်သာဖြစ်တယ်လို့ အလုပ်သမားအများစုက ပြောကြတယ်။ ဟုတ်လည်း ဟုတ်တယ်။
ဘ၀ပျက်ကြတာ မြန်မာအလုပ်သမား။ သန်းထောင်ချီချမ်းသာသွားကြသူတွေကMOU ကုမ္ပဏီ နဲ့ ပတ်
သက်ကြသူတွေဖြစ်တယ်။ အလုပ်သမား သန်းချီရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက ဒီလူတွေ ဘယ်လောက်အထိ ဂုတ်သွေးစုတ်ခဲ့ကြပြီလဲ?..........
MOU ကုမ္ပဏီတွေက လူများများ ထိုင်းနိုင်ငံအတွင်းသို့ သွင်းရလေအကျိုးရှိလေမို့ ဘယ်သူ သေသေ ငတေမာရင်ပြီးရော့ဆိုပြီးလုပ်နေကြတယ်။ဘတ်ငွေသန်းပေါင်းများစွာရယူပိုင်ဆိုင်ခဲ့ကြပေမယ့် ကြောမွဲ
မြန်မာအလုပ်သမားတွေရဲ့ ဘ၀ပျက်နေကြတာတွေကိုတော့ လျှစ်လှူရှုထားကြတယ်။ ပိုဆိုးတာက အနိုင် ကျင့်ဗိုလ်ကျမှုတွေ ပိုမိုများပြားလာတယ်။
အခန်း(၄)
ကုမ္ပဏီလို့ သတ်သတ် မှတ် မှတ်မရှိပဲ (တရားဝင်ကုမ္ပဏီ)မရှိပဲ ထိုင်းနိုင်ငံအတွင်းသို့ အလုပ် သမား အများဆုံးတင်သွင်းခွင့် ရရှိနေသူ ကတော့ မဲဆောက်က အဘိုင်ကြီး ဆိုသူဖြစ်တယ်။ ဘာကြောင့် ဒီလိုတရားမ၀င်အလုပ်သမား တင်သွင်း ခွင့် စာရွက်စာတမ်းတွေရရှိစေတာလဲ။ အရမ်း စိတ် ၀င်စားဖို့ကောင်းပါ တယ်။ အဖြစ်အပျက်တွေကို သတင်းမီဒီယာတွေက အမည်နဲ့ တိတိကျကျ ထုတ် လွှင့်ခဲ့ကြတယ်။ ကျနော် တို့ကလည်း VDO အင်တာ ဗျူးတွေ အပြည့်အစုံနဲ့ မြန်မာအစိုးရ လူကြီးတွေသိအောင် ပေးပို့ခဲ့ကြတယ်။အလုပ်သမားရာရှိကို ကျနော် ကိုယ်တိုင် တင်ပြဖူးတယ်။ ဒီတရားမ၀င်မှုကြီးကို ဘယ်သူတွေက စီစဉ်ဖန် တီးပေးထားတာလဲ?......
မဲဆောက်မှ အဘိုင်ကြီး ဆိုသူတင်သွင်းထားတဲ့ ဘန်ကောက်မြို့ စမူပါကန် ပါနန်းနဲ့ ကန်ချန ဘူရီ အရပ်မှာရှိတဲ့ SIAM FOOD SUPPLY CO,LTD ကြက်သားအလုပ်ရုံက အလုပ်သမားတွေ ပတ်စပို့ အတွက် ဘတ်ငွေ ၂၆၅၀၀အထိ ဖြတ်တောက်ခံထားရတယ်။ ပိုက်စက်ရုံ၊ ငါးသေတ္တာစက်ရုံ၊ ထိုင်းနိုင်ငံ နေရာအစုံပါ ပဲ။
ထိုင်းရောက် အလုပ်သမား ထက်ဝက်နီးပါးက ဒီလူနဲ့ ပတ်သက်ဖူးသူတွေလို့ပြောလို့ရအောင်အထိ ထိုင်းနိုင် ငံအတွင်းသို့ အလုပ်သမား တင်သွင်းထားသူဖြစ်တယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့၊
ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမား ဆုံးရှုံးနစ်နာမှုတွေ အတွက် ထိုင်းနဲ့မြန်မာ အလုပ်သမားအာဏာပိုင်တွေ အမြဲ
တမ်း နှာစေးနေတာလည်း စိတ်ဝင်စားဖွယ်ဖြစ်တယ်။
Human Resource International ( HRI ) ကုမ္ပဏီ၊ ဟော်နန်၊ ရဲဝံ့နဂါး ကုမ္ပဏီ၊ ဟိန်းသူထက်၊ သရ၀ဏ် ထူးသစ်ဇေ၊ မြစန္ဒီ၊ မေ၀င့်၊ People’choice general နဲ့ ဆွေဆွေစံ ကုမ္ပဏီတို့ က တင်ပို့တဲ့ အလုပ်သမား အများစုတို့ထိုင်းနိုင်ငံအတွင်းမှာအခက်အခဲကြုံနေကြရတယ်။လူနာမည်နဲ့ဒီကုမ္ပဏီတွေနာမည်ကိုထုတ် ဖေါ်
ပြောရတာက အလုပ်သမားတွေက ဒီကုမ္ပဏီတွေ မတရားလုပ်နေတာတွေကို VDO၊ ဓါတ်ပုံနဲ့ အသံဖိုင် တွေ ကျနော်တို့ကို နေ့တိုင်း ပေးပို့နေကြတယ်။ တိုင်တန်းနေကြတယ်။
HRI ကုမ္ပဏီက တင်သွင်းထားတဲ့ အလုပ်သမားတွေ ဆိုရင် ပတ်စပို့ဖိုး ၂၂၀၀၀ ဘတ်မှ ၃၇၀၀၀ ဘတ်အထိ ဖြတ်တောက်ထားတယ်။ လုပ်ငန်းခွင် အတွင်းမှာ သံမှုန်ဝင် သွားလို့ မျက်လုံးကွယ်သွားတာကို ဆေးလည်းကုသမပေးတဲ့အပြင် နစ်နာကြေးလည်းမပေးပဲ ကြိုက်တဲ့ နေရာက တိုင်ကြားနိုင်တယ်လို့၊ မိုက် ကြေးခွဲ စိန်ခေါ်နေတယ်။ တရားဝင် MOU နဲ့လာတဲ့ အလုပ်သမား တစ်ယောက် မျက်လုံးကန်းပြီး သူတောင်း စား လုပ်စားဖို့ ပြန်ရမလား။ ထိုင်းအလုပ်သမားဥပဒေပါ အလုပ်သမားအခွင့်အရေးအတွက် ရသင့်ရထိုက် တာကို ရရှိသွားအောင် ထိုင်းနဲ့ မြန်မာအလုပ်သမားအရာရှိတွေမှာ တာဝန်မရှိဘူးလား?။
ရဲဝံ့နဂါး ကုမ္ပဏီ ကတော့ ခေါ်တာတခြား ပို့တာ တခြားနဲ့ ရာပေါင်းများစွာသော အလုပ်သမားတွေကို စာချုပ်လည်းမချုပ်၊အလုပ်သမားတွေကိုယ်တိုင်လက်မှတ်ထိုးစရာမလိုပဲပတ်စပို့တွေထုတ်လို့ရအောင်
မြ၀တီ ကျောက်လုံးကြီး စခန်းကို ပိုင်နိုင်ပုံကိုများ သြချလောက်တယ်။ အလုပ်ရုံခေါ်စာတို့ဆိုတာ သိတဲ့ အတိုင်း လိုတိုး/ပိုလျှော့လို့တောင်ရတယ်ဆိုပဲ။ ငွေပေးရန်မလို ခေတ်ကရှိတုန်းပဲထင်ပ။
မြ၀တီမှာ တိုးတက်ချမ်းသာ၊ တိုးတက်ကမ္ဘာ ကုမ္ပဏီ က မြန်မာအလုပ်သမားတွေ စုထားတာ အနည်းဆုံး၃လ ကနေ ၉လအထိ ကြာမြင့်နေတယ်။ အလုပ်သမားပေါင်း ထောင်ချီပြီး ရှိနေတယ်။ နည်းနည်း နောနောမဟုတ်ဘူး။ ဟိုနေ့သွားရနိုး ဒီနေ့သွားရနိုးအသုတ်လိုက်ငွေကောက်လိုက်၊ အလုပ်သမားတွေက ပြည်တွင်း ပြည်ပက မိသားစုတွေဆီ ငွေမှာလိုက်နဲ့ ဖြစ်နေတာ လူတိုင်းသိပါတယ်။ လပေါင်းများစွာဒီလိုစုထားတာကနေငါးဖမ်းစက်လှေပေါ်ကိုတိုက်ရိုက်ရောက်သွားသူတွေရှိတယ်။ မြန်မာ
အာဏာပိုင်တွေဒီအတိုင်း လက်ပိုက်ကြည့်နေကြဆဲဖြစ်တယ်။ ဘာကြောင့် ဒီလိုကြာနေတာလဲဆိုတာ အဖြေရှာသံမကြားရသေးဘူး။
ထိုင်းမှာ ကျွန်လုပ်ဖို့ အိမ်တစ်ခြမ်းပေါင်လာသူတွေ၊ အချို့ဆို လာတုန်းက အပျိုလူပျို မြ၀တီ မှာ ဒီမန်း(အလုပ်ခေါ်စာ) စောင့်ရင်း အိမ်ထောင်ကျလို့ ကိုယ်ဝန်အရင့်အမာ ရှိလာလို့ ပွဲစားကုမ္ပဏီကိုပေး ထားတဲ့ ပိုက်ဆံတွေ အဆုံးခံပြီး၊ တောပြန်သွားတဲ့လူတွေလည်း မနည်းဆိုပဲ။ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာ
လို့ ရှင်းမရတာတွေလည်း ရှိဖူးတယ်။
မြန်မာအလုပ်သမားတွေအကြီးအကျယ်ဒုက္ခရောက်စေတဲ့အဲဒီကုမ္ပဏီတွေရဲ့လုပ်ရပ်တွေကို မြန်မာ သံရုံးတွင်း အစည်းဝေးပွဲတွေမှာ အလုပ်သမား ၀န်ကြီးတွေကို ကျနော်တို့ တင်ပြဖူးပါတယ်။
သဲထဲရေသွန်ရင်တောင် အမြုပ်မြင်ရအုံးမယ်။ ကျနော်တို့တင်ပြတာက တင်ပြတာပဲ၊ဘာမှ ဖြစ်မလာပါ။
နိဂုံး…….
ခေတ်ပေါ်လက်ကိုင်ဖုန်းတွေမှာ ဓါတ်ပုံ နဲ့ VDO ရိုက်လို့ရတယ်။ ဒီနည်းပညာတွေကို အလုပ် သမား အတော်များများ တတ်မြောက်နေကြပြီးဖြစ် တယ်။ မဆလ ခေတ်တုန်းကလို ဒါကိုဖတ် ဒီအတိုင်း ပဲသိ၊ ဒါလုပ် ဆိုတဲ့ ပိန်းပိတ်မှောင်တဲ့ ခေတ်က ကုန်ပြီ။
ကျနော်တို့ဟာ ကျူးလွန်ဖေါက်ပြန်နေတဲ့ ကိစ္စရပ်တွေကို အချက်အလက် အထောက်အထား အပြည့်အစုံနဲ့ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့  အမုန်းခံပြီး အချိန်ကုန်ခံ၊ စရိတ်ကုန်ကျခံပြီး တင်ပြ တာပါ။ဒီအားထုတ်မှုတွေအတွက်ကျနော်တို့ မျှော်လင့်ချက်ကအလုပ်သမားတွေဆုံးရှုံးနစ်နာမှုတွေ လျှော့နည်းစေဖို့အတွက်ပါ။ မတရားမှုတွေ ပပျောက်စေရေးပါ။
တိမ်းစောင်းနေတာကို ပြုပြင်ဖို့ဖြစ်တယ်။ အလုပ်သမားတွေကို ဂုတ်သွေးစုတ်နေတာတွေကို လျှော့ လိုက်ဖို့ဖြစ်တယ်။ မရှိဆင်းရဲသား အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေခြင်းကိုလုံးဝ ရပ်တန့် စေချင် လို့ဖြစ် တယ်။ မှန်ကန်ကောင်းမွန်တဲ့ခေတ်ကြီးစနစ်ကြီးကို ဖြတ်သန်းချင်လို့ဖြစ်တယ်။
အထက်က ဖေါ်ပြခဲ့တဲ့ ကုမ္ပဏီ တွေရဲ့ နာမည်တွေကို ဖေါ်ပြရခြင်းဟာလည်း ကျနော့်လက်ထဲမှာ အသံဖိုင်၊ ဓါတ်ပုံနဲ့ အလုပ်သမားတွေ အင်တာဗျူးထားတဲ့ VDO ကလစ်တွေ အစုံရှိတယ်။ အချက်အလက် အပြည့်အစုံ၊ တိတိကျကျ ရှိနေလို့ ဖေါ်ပြခြင်းဖြစ်တယ်။ အနှစ်အနှစ်အလလ စုထားတဲ့ အချက်အလက် တွေ ကွန်ပျူတာမှာ မဆန့်အောင်ရှိပါတယ်။
ကျနော်တို့ နားနဲ့မဆန့်၊ မျက်စိမဆန့်အောင် မြင်သိနေရလို့ဖြစ်တယ်။ ဒီစာတမ်း အတွက် တရား ဥပဒေအတိုင်း ကြိုက်တဲ့နေရာမှာ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်တယ်။
MOU ဥပဒေ အံဝင်ဂွင်ကျမဖြစ်
(၁) MOU ပတ်စပို့ ကုမ္ပဏီတွေဟာ မြန်မာအစိုးရ က ကျပ်ငွေ တစ်သိန်းထက် မပိုရ၊ ထိုင်းအစိုးရက ဘတ် ငွေ တစ်သောင်းထက်ပို မယူရလို့ တရားဝင်ပြောထားတယ်။ ဒီနုန်းထားအတိုင်း လိုက်နာတဲ့ ကုမ္ပဏီဆိုတာ တကယ့်လက်တွေ့မှာရှိသလား?........
(၂) MOU နဲ့လာတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်ထိခိုက်သေဆုံးတာ၊ လက်ပြတ် ခြေပြတ်တာ၊ မျက်လုံး
ကန်းတာ၊ ဓါတ်လိုက်လို့ ဂီလာန ဖြစ်သွားတာတွေ အတွက် နစ်နာကြေးဘယ်နှစ်ယောက်ရအောင် ထိုင်း
နဲ့မြန်မာအစိုးရ ကူညီဆောင်ရွက်ပြီလဲ?.........
(၃) MOU နဲ့လာပြီးမှ ငါးဖမ်းစက်လှေပေါ်ကို ရောင်းစားခံရ၊ အိမ်ဖေါ်၊ ဟိုတယ်၊ အနှိပ်ခန်းတွေ ကိုရောက်
စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာ အကာအကွယ်မဲ့ဘ၀နဲ့ ရုန်းကန်နေကြရတယ်။ ဒီအလုပ်တွေအတွက် ဒီမန်း
ပေးသလား?...........
(၅) MOU ဆိုတာ G to G အစိုးရ တရားဝင် တင်သွင်းတယ်လို့ဆိုတယ်။ MOU နဲ့ လာတဲ့အလုပ်သမားတွေ
ဝတ်ပါမစ် မရှိလို့ဆိုပြီး ထိုင်းမှာ ထောင်ကျ လိုက်တဲ့ အလုပ်သမားတွေရှိတယ်။ အဲဒါဘာလဲ?......
အခက်အခဲတစ်စုံတစ်ခု ဖြစ်လာပြီး ရှင်းကြလင်းကြစတမ်းဆိုတဲ့အခါ မြန်မာနဲ့ထိုင်း အလုပ်သ
မားအရာရှိတွေဟာ ပွဲစား ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ ဟီဟီ….ဟာဟာ ပြေငြိမ်းလိုက်တာပဲရှိတယ်။ အိမ်ပေါင်၊ လယ်ပေါင်၊ နွားရောင်းရွှေရောင်း ၂၀တိုး ၃၀တိုးနဲ့ချေှးငှါးလာတဲ့ ကျပ်ငွေ ၃သိန်း ကနေ၇သိန်း အထိ ကုန်ကျခဲ့တဲ့ အလုပ်သမားတွေရဲ့ ငွေတွေ၊ အချိန်တွေနဲ့ နစ်နာဆုံးရှုံးမှုတွေ အတွက် လုံးဝထည့်သွင်း မစဉ်းစားကြပါ။ ဒီအလုပ်သမားတွေ ကုန်ထားတဲ့ငွေတွေ ပြန်မရပဲ နေရပ်ကို ပြန်ပို့ခံရရင် သူတို့ ဘ၀ကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။
ကျနော်တို့က ကြားဝင် ဖြေရှင်းတဲ့အခါ MOU နဲ့ ပတ်သက်သူတွေက…. မိမိတို့ မတရားမှုများကို ပြုပြင်ရန် လုံးဝမစဉ်းစားပဲ ကျွန်ုပ်တို့ ၀င်ရှုတ်နေတယ်ဆိုပြီး ငြိုငြင်ကြပါတယ်။ သတ်ဖြတ်ချင်အောင်မုန်း တီးခြင်းကိုခံရတယ်။ ခြိမ်းခြောက်ခြင်းကိုလည်းခံရတယ်။ ကျနော်တို့ ဒီလိုဖေါ်ထုတ် နေတာကို ပိုက်ဆံ ဘယ်လောက်ရသလဲ၊ ရာထူးဘယ် လောက် တိုးသွားသလဲလို့ MOU ကုမ္ပဏီတွေက မေးမြန်း ခနဲ, တာ ကိုလည်း ခံရပါတယ်။
ထမင်းခေါ်ကျွေးလည်းမစား၊ လာဘ်ထိုးလို့လည်းလက်မခံတဲ့ ကျနော်တို့ကို ….. အဲ… အဲ…. တွေ့ရင်တော့ သတ်ပါ။ MOU စည်းကမ်းချက်ကို ဒီလောက်အထိ ဖေါက်ဖျက်ပြီးတော့ လုပ်ချင်တိုင်း လုပ် နေကြတဲ့MOUကုမ္ပဏီတွေ၊ အလုပ်သမားတွေလက်မှတ်မထိုးပဲ ပတ်စပို့ထုတ်ပေးတဲ့ နိုင်ငံဝန်ထမ်း
တွေကိုတော့ “ရွှေဖေါ့လုံးကလေးနဲ့ စတိသဘောတော့ ရိုက်သင့်ပါတယ်” လို့ တင်ပြလိုက်ရပါတယ်။ ။
…………………………………………………………………………………………………………………………….
ဒီလိုအကျင့်ပျက်တဲ့ ကုမ္ပဏီနဲ့ အကျင့်ပျက် ၀န်ထမ်းတွေကို သင်္ကြန်အလွန် ၁၃၇၅ ခုနှစ်သစ်မှာ မကြုံရ ပါလို၏။ ထိုင်းမှာ ဒီပြဿနာတွေ မတွေ့ရပါလို၏..လို့ ခေတ်သစ်ကိုကြိုဆိုရင်း…ဆုတောင်း နေပါမယ်။
ကျော်သောင်း
စာရေးသူ ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ပြဿနာများကို ကူညီဖြေရှင်း
ပေးနေသူတဦးဖြစ်သည်။
``စာရေးသူ ဦးကျော်သောင်းသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ပြဿနာများကို ကူညီဖြေရှင်း
ပေးနေသူတဦးဖြစ်သည်။ ´´ဆိုသဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ ဦးကျော်သောင်းဆိုသူသည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားပြဿနာများကိုတင်မဟုတ်ပါ သတင်းထောက် (သတ်ပုံမမှန်သော အယ်ဒီတာ) မြန်မာယာယီပါတ်စပို့ရုံးခွဲ များပါ ဖွင့်ထားသူတစ်ယောက်ပါ။ မြန်မာအလုပ်သမားများကို စေတနာဖြင့် ကူညီဆောင်ရွက်သူမှန်လျှင် ဦးကျော်သောင်း တစ်ယောက် စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းပါသနည်း။ ထိုင်းနိုင်ငံကိုလာစဉ်က အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့်လာရောက်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ထိုင်းနိုင်ငံကိုရောက် အသက်ကကြီးတော့ အလုပ်ရှင်များက လက်မခံသဖြင့် သူတစ်ပါးအလုပ်ကို လုပ်ကိုင်ခွင့်မရ၊ ရပြန်တော့လဲ အသက်အရွယ်က စကားပြောလာသဖြင့် လုပ်အားခ ၀င်ငွေကမကောင်းဖြစ်လာပါသဖြင့် အခြားဝင်ငွေ ကောင်းသောအလုပ်အကိုင်နည်းလမ်းများကိုရှာဖွေရာ အသင်းအဖွဲ့ အဖွဲ့အစည်းလုပ်ကိုင်ခြင်းသည် အခွင့်အလမ်းကောင်းသော နောက်ဆုံးပေါ် စီးပွါးရှာခြင်းနည်းလမ်းဖြစ်သည် ဆိုသည်ကို မြင်တွေ့ကာ ရိုးသားသော အလုပ်သမားရေး နိုင်ငံရေး စီးပွါးရေး လုပ်သူများကိုပါ စည်းရုံးသွေးဆောင်ကာ ပထမဦးစွာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း(BURMA ASSOCIATION IN THAILAND)(BAT)ကိုဖွဲ့စည်းခဲ့ပါတယ်။ ထိုနောက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် အဆက်အသွယ်ရရှိကာ၊ မြန်မာသံရုံးမှ ( BURMA အစား MYANMAR ) ဟုပြောင်းပေးလျှင် ထောက်ပံကြေးပေးမည်ဆိုပါသဖြင့် (MYANMAR) ဟု ၄င်းတစ်ဦးတည်းသဘောဖြင့်(MYANMAR ASSOCIATION IN THAILAND)(MAT)ဟုပြောင်းကာ ယခင်(BAT) လိုဂို ကို အသုံးပြုလျှက် နောက်ကော်မတီဝင်များကို ဦးကျော်သောင်း တစ်ဦးတည်း သဘောဖြင့် ခန့်အပ်ကာ အခြားသော (NGO) များ၏ အကူအညီများကိုတောင်းခံကာ လုပ်ကိုင်ဆောင်ရွက်နေသောသူဖြစ်သည်ဟု ယူဆပါသည်။ အလွန်ရင်းနှီးစွာ ဆက်ဆံခဲ့သူများအားလုံးသည် ဦးကျော်သောင်းနှင့် လုံးဝကို ယုံကြည်ရင်းနှီးမှုများ ပျက်စီးခဲ့ကြပါသည်။ အလုပ်သမားရေး လုပ်ဆောင်ရာတွင်လည်း ပညာရှင်မဆန်ဘဲ အလုပ်သမားများနှင့် အလုပ်ရှင်များကြား မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လုပ်ဆောင်နေသူအဖြစ်ပါသည်။ အခြားအရာများကို မဖြေချင်နေပါ `` ဦးကျော်သောင်းတစ်ယောက် ဘယ်က ငွေကြေးဖြင့် အလုပ်သမားအရေးကို လုပ်ကိုင်ဆောင်ရွက်နေပါသနည်း။´´