သရုပ်ဆောင် ရဲတိုက် တကိုယ်တော် ဆန္ဒပြ

Tuesday, May 28, 2013

မြန်မာ့အနုပညာရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ မနက်ပိုင်းက တကိုယ်တော် ဆန္ဒပြခဲ့ တယ် လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်

ဖြစ်ပုံက ဒီမနက်ပိုင်းမှာ ရန်ကုန်မြို့ထဲက စိန့်မေရီ ဘုရားကျောင်း ( စိန်မေရီ ကာသီဒြယ်) ထဲကို ၀င်ရောက် ဖူးမျှော်ရာမှာ ဘုရားကျောင်း တာဝန်ရှိသူတဦးက မောင်းထုတ်လိုက်လို့ အချင်းများရာက ဆန္ဒဖော်ထုတ်ခဲ့ တာလို့ သိရပါတယ်။ 

သူက စာလုံးနီတွေနဲ့ ရင်ထဲက စာတမ်းကို ရေးသားထားတယ်ဆိုပြီး ဆန္ဒပြနေစဉ် အနီးရှိ ရန်ကုန်မြို့ခံ တဦးက ဧရာဝတီကို ပြောပါတယ်။ 

သူ့ကို အခုလို တကိုယ်တော် ဆန္ဒပြလို့ အရူးတယောက်လို့ သတ်မှတ်မယ့် လူလည်း ရှိနိုင်တယ်လို့ သူက ရေးသားထား ပြီး သူ့အနေနဲ့ တရားမျှတမှုကို ယုံကြည်တယ်လို့လည်း ဆန္ဒပြ ဆိုင်းဘုတ် မှာ ရေးသားထားတယ်လို့ ရန်ကုန်မြို့ခံက ဆက်ပြောပါတယ်။ 

နောက်ပိုင်း သိပ်မကြာခင်မှာပဲ လုံခြုံရေး ရဲတပ်ဖွဲ့တွေက သရုပ်ဆောင် ရဲတိုက်ကို ခေါ်ဆောင်သွားတယ် လို့ မျက်မြင်တွေက ပြောပါတယ်။ 

ရဲတိုက်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဧရာဝတီက ဆက်လက်စုံစမ်းနေပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved