ရွှေမှုံရတီ ဘယ်လို ဖြေရှင်းချက်ပေးထားလဲ

Friday, May 10, 2013

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန်သံတွေ အတော် ထွက်လာခဲ့ပါတယ်။ 

၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင်ခန်းများ ရိုက်သင့်သလား၊ မြန်မာ ဇာတ်ကားတွေက ဒီလိုဖြစ်ကုန်ပြီလား၊ ဒီအခန်းတွေက မပါသင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။ 


သရုပ်ဆောင် ရွှေမှုံရတီ (ဓာတ်ပုံ- နဒီထိုက်)

ဇာတ်ကားထဲမှာ ရွှေမှုန်ရတီက နေဆန်းနဲ့ စိုးမြတ်သူဇာတို့ရဲ့ အိမ်မှာ ၄ နှစ်အရွယ် ကလေးကို ထိန်းပေးတဲ့  ရွှေမှုံရတီရဲ့ ချစ်သူ ညီထွဋ်ခေါင်ရောက်လာပြီး ချစ်သူချင်းနမ်းတဲ့ ဇာတ်ဝင်ခန်း၊ နေတိုး စိတ်ဖောက် ပြန်ပြီး ရွေမှုံရတီကို အလိုမတူဘဲ သားမယား ပြုကျင့်ခန်းတွေကြောင့် ဝေဖန်ရေးတွေ လှိုင်းထသွားခဲ့ပါတယ်။ 

အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရွှေမှုံရတီက ဧရာဝတီကို ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရတာလို့ ပြောပါတယ်။ 

ဒီအကြောင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ နဒီထိုက် မေးမြန်းရေးသားတင်ပြထားတဲ့ ရွှေမှုံရတီရဲ့ ဖြေရှင်းချက်နဲ့ “မျက်လုံးလေး ကလယ်ကလယ်” 
( http://burma.irrawaddy.org/archives/39417 ) မှာ အပြည့်အစုံဖတ်နိုင်ပါတယ်။ 

.

2 comments :

  1. Unknown said... :

    လက်ရှိတွင်ချပေးနေသော ဖုန်းကဒ်အပေါ် ပြည်သူတွေတိုးဝှေ့ ၀ယ်ယူနေရခြင်းသည် ကောင်းသော လာခြင်းမျိုးမဟုတ်ပါ။ဒီအပေါ်မှာတာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာ မှားသလားမှန်သလားဆိုတာ သေချာဝေဖန်သင့်ပါတယ်။ ပြည်သူတွေဟာ ဖုန်းကဒ်လေးတစ်ကဒ်ရဖို့အတွက် အစာငတ်ခံပြီးတိုးရသလို အချို့ဆိုလက်ကျိုး ခြေကျိုးတွေတောင်ဖြစ်နေကြပါတယ်။ဒိလိုတွေပေးတဲ့အတွက် မကုန်သင့်တာတွေ ဖြစ်နေရတယ် ။တာဝန်ရှိသူတွေ မသိခဲ့တာလာ ဒါမျိုးတွေဖြစ်လိမ့်မယ်လို့။အစိုးရရဲ့လုပ်ရပ်ဟာ ပညာမတတ်တဲ့သူတွေရဲ့ လုပ်ရပ်နဲ့တူနေတယ်။အရည်အချင်းမပြည့်ဝဘူးလို့ ပြောလို့ရတယ်။ ဘယ်တော့မှာ လျှောလျှောရူရူ မပေးဘူး။ဒါတွေကိုစဉ်းစားပေးပါ။လုပ်နည်းလုပ်ဟန်တွေ မှန်ဖို့လိုပါတယ်ဆိုတဲ့အကြောင့်းပြောချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved