မြန်မာ့လေကြောင်းလိုင်းက ချင်းမိုင် အပါအ၀င် ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲမယ်

Saturday, May 11, 2013

ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုများပြားလာတာကြောင့် မြန်မာ့လေကြောင်းလိုင်းက ဆင်းသက်ရ လွယ်ကူတဲ့ ATR 72-600 အမျိုးအစား လေယာဉ်တွေ ၀ယ်ယူပြီး ပြုပြင်စရိတ်သက်သာပြီး စီးပွားရေး တွက်ခြေကိုက်တဲ့ Embraer လေယာဉ်တွေ ဆင်းသက်မရတဲ့ ကွင်းတွေမှာ အစားထိုး အသုံးပြု သွားဖို့ ရှိနေပါတယ်။ 

 ဓာတ်ပုံ- ကြေးမုံ

ဒီအပြင် မြန်မာ့လေကြောင်းလိုင်းအနေနဲ့  ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေကိုလည်း ပြေးဆွဲသွားဖို့ ရှိနေသလို တရုတ်၊ တရုတ် ( တိုင်ပေ)၊ ကိုရီးယား၊ ဂျပန် နိုင်ငံတွေကိုလည်း ဒီနှစ်ထဲမှာ ပြေးဆွဲသွားဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။

ဒီအတိုင်းဆိုရင်တော့  ချင်းမိုင်ကို ပျံသန်းပြေးဆွဲနေတဲ့  Air Pagan လေကြောင်းနဲ့ အပြိုင် နောက် ထပ် လေကြောင်းလိုင်း တခု တိုးလာတော့မှာဖြစ်ပါတယ်။



အခုလို မြန်မာ့လေကြောင်းလိုင်းရဲ့ တိုးချဲ့ပြေးဆွဲမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာ့လေကြောင်း ရုံးချုပ် မှာ မေလ ၉ ရက်နေ့က ၄င်းကိစ္စကို ပြောဆိုခဲ့တယ်လို့ ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါ တယ်။ 

ဒီအပြင် မြန်မာ့လေ့ကြောင်းလိုင်းက ပြည်တွင်း လေကြောင်းမှာ ခရီးတို တွေလည်း အပေါ့စား စက်စနာ လေယာဉ်ငယ်တွေနဲ့ ပြေးဆွဲသွားဖို့ ရှိပါတယ်။


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved