ရန်ကုန်-မန္တလေးလမ်းကြီးအတွက် USAID နဲ့ ပူးပေါင်းမယ်

Saturday, May 11, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ လမ်းအခြေအနေနဲ့ လမ်းပိုင်းတလျှောက် ဆောင်ရွက်သင့်တဲ့ကိစ္စတွေ ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့ဖြစ်တဲ့ USAID တို့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရှိပါတယ်။ 

 ဆောက်လုပ်ရေး ၀န်ကြီးနဲ့ USAID တို့ ဆွေးနွေးနေစဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန ၀န်ကြီးရုံးမှာ USAID က တာဝန်ရှိသူ တဦးဖြစ်တဲ့ အင်ဂျင်နီယာချုပ် Mr. Sam Nassif နဲ့ အဖွဲ့တွေဟာ ဆောက်လုပ်ရေး ၀န်ကြီး ဦးကျော်ကျော်လွင် တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြ တာ ကို ယနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved