ဦးနေမျိုးဇင်ကို မအူပင်အကျဉ်းထောင်ကို ပို့လိုက်ပြီ

Thursday, May 2, 2013

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တရားရုံးက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ ငွေဒဏ် ၂ သောင်းကျပ် သို့မဟုတ် ထောင်ဒဏ် ၃ လ အမိန့်ချလိုက်ပြီးတဲ့နောက် ဦးနေမျိုးဇင်ကို တရားရေး မဏ္ဍိုင်မှာ မဖြစ်သင့် တာကို လုပ်တဲ့အတွက်လက်မခံနိုင်လို့  ငွေဒဏ်မဆောင်ပဲ ထောင်ဒဏ်သာ ကျခံမယ်လို့ ဆိုတဲ့အတွက် အခုနောက်ဆုံးမှာ လက်ကို နောက်ပြန်ကြိုးတုတ်ပြီး မအူပင်ထောင်ကို ခေါ်ဆောင်သွားတယ်လို့  သိရ ပါတယ်။ 

ထောင်ဒဏ် ၃ လ ကျခံသွားရသူ  ဦးနေမျိုးဇင် ( အလယ်)

"ကျနော့်အကိုက တရားရေး မဏ္ဍိုင်တည့်မတ်ဖို့အတွက် မဖြစ်သင့်တဲ့ ကိစ္စမို့ ငွေဒဏ်မဆောင်ပဲ ထောင် ဒဏ် ၃ လကိုပဲ လက်ခံလိုက်တယ်။ အခု ကျနော့်အကို ကို လက်ထိပ် နောက်ပြန်ခတ်ပြီး သံကြိုးနဲ့ ချည်ပြီး ကျနော့်အကိုကို ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က မအူပင်ထောင်ကို ခေါ်သွားခဲ့တာပါ" လို့ ဦးနေမျိုးဇင် ရဲ့ ညီဖြစ်သူ ကိုခင်မောင်ဌေးက ဧရာဝတီကို ပြောပါတယ်။ 

မအူပင်ထောင်ရှေ့ကို ရောက်နေတဲ့ ကိုခင်မောင်ဌေးက ဦးနေမျိုးဇင်အတွက် စားသောက်စရာနဲ့ အသုံး အဆောင်တွေ ၀ယ်ပို့ပေးဖို့ စီးစဉ်နေဆဲဖြစ်ပြီး အကိုဖြစ်သူရဲ့ အမှာစကားကိုလည်း ဧရာဝတီ ကို ပြော ပါသေး တယ်။ 

" သူ့အပေါ်မှာ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ မြန်မာပြည်ရဲ့ တရားရေး မဏ္ဍိုင်ဟာ တည့်မတ် မှု မရှိသေးဘူးဆိုတာ ပိုပြီးတော့ ထင်ထင်ရှားရှားဖြစ်လာတယ်ပေါ့၊ ဒီအတွက်ကို ကျနော်တို့ ပြည်သူတွေ အာလုံး ၀ိုင်းဝန်းပြီး ပြန်တည့်မတ်ဖို့အတွက်ကို အားလုံး တောင်းဆိုဖို့ ကျနော့်အကိုက အကြံပြုပါတယ်" လို့ ကိုခင်မောင်ဌေးက ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာမှာ လယ်သမားတွေနဲ့ တွေ့ဆုံပွဲ တခုမှာ  မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ဦးနေမျိုးဇင် က လွန်ခဲ့တဲ့ ဇန်န၀ါရီလတုန်းက ရဲတွေ လာဘ်စား တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ပန်းတနော်မြို့နယ် ရဲမှူးက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ခဲ့တာမှာ ယနေ့ ပန်းတနော် မြို့နယ် တရားရုံးက အမိန့်ချလိုက်တာပါ။ 








8 comments :

  1. နေမျိုးဇင်ကိုထောင်ထာမှာပဲထားလိုက်စေချင်ပါတယ်။တည်ငြိမ်နေတဲ့နိုင်ငံရေးဟာသူ့ကြောင့်လှုပ်ယမ်း နေပါတယ်။ သူလဲအရင်တုန်းကစစ်အစိုးရရဲ့ဘက်တော်သားဖြစ်ခဲ့တာပဲ။ အခုမှပြည်သူ့ခေါင်းဆောင် အယောင်ဆောင်နေတာကြည့်ရဆိုးလွန်းလှပါတယ်။ ပြီးတော့စစ်ဗိုလ်ဟောင်းပီပီ ရဲတွေအပေါ်မှာ ဆက်ဆံတာတွေဟာမိုက်ရိုင်းလွန်းပါတယ်။ စစ်ဗိုလ်စိတ်ဓာတ်မပျောက်သေးတဲ့စစ်ဗိုလ်တစ်ယောက် မို့လို့ ထောင်ထဲမှာ မှတ်လောက်သားလောက်ဖြစ်အောင်ထားပေးစေချင်ပါတယ်။

  1. နိမ့်ကျနေတဲ့မြန်မာတ၇ားစီ၇င်မူတွေကိုပြုပြင်ပြောင်းလဲနိင်ဖို့ကိုယ်ကျိုးစွန့်လုပ်ဆောင်ပေးတဲ့ကိုနေမျိုးဇင်ကိုလေးစားပါသည်

  1. Anonymous said... :

    We respect Nay Myo Zin.

  1. Anonymous said... :

    Ko Nay Myo we support all your actions

  1.ုKoye said... :

    နေမျိုးဇင်ကိုထောင်ကလွှတ်ပေးပါ။ နိုင်ငံရေးလောကထဲမှာ နေမျိုးဇင်လိုလူမျိုးရှိနေမှ အော်ကြက်တွေ ရှိနေမှ နိုင်ငံရေးလောကကြီးပီပီပြင်ပြင်ဖြစ်မှာပါ။

  1. Anonymous said... :

    "ပြီးတော့စစ်ဗိုလ်ဟောင်းပီပီ ရဲတွေအပေါ်မှာ ဆက်ဆံတာတွေဟာမိုက်ရိုင်းလွန်းပါတယ်။"
    Very True. After I've watch his video clip, he is the one that created the conflict. He did it purposely. What he should know is "If you don't respect other, you will never earn the respect".

  1. sawwinsaw said... :

    ခုလို ကိုနေမျိုဇင်ထောင်ထဲတာပို့လိုက်တာကို စိတ်မကောင်းပါဘူး အမှန်မှာသူ့လိုလူမျိုးအများကြီးရှိဖို့သင့်တယ် မရှိဆင်းရဲသားတွေ မတရားအနိုင်ကျင့်တဲ့ပြည်သူတွေကို ရဲရဲဝဲ့ဝဲ့လုပ်ဆောင်ထုပ်ဖော်သွားတာတွေ့ရတယ် ကဲမကောင်းဘူးဘယ်သူကပြောမလဲ တာကောင်းတဲ့လုပ်ရပ်တခုပဲ

  1. Anonymous said... :

    Facebook မှာ Bank Account ကြီးဟီးနေအောင်တင်ထားပြီး လူမှူရေးလုပ်သလို လုပ်ပြနေတာ အထင်မကြီးပါ အမှန်အကန်ကိုယ်ကျိုးစွန့်လုပ်နေသူတွေနဲ့ ရောပြီး ဆွမ်းဆန်ထဲ သူလိုကြွက်ချေးရောနေတာ စိတ်ပျက်စရာကောင်းလှပါသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved